ဘိုးတော်ငတေ
ငတေလမ်းလျှောက်နေပါသည်။ ဟုတ်ပါသည်၊ငတေလမ်းလျှောက်နေပါသည်။ ငတေလမ်းလျှောက်ရာလမ်းတလျှောက်တွင် ရှိသမျှ လူများရှောင်ရှား ကြသည်။ အဝေးမှတွေ့လျှင်ပင် ကိုယ့်အိမ်ကို ပြေးဝင်ကြသည်။ ထိုသို့ပြေးဝင်ရှောင်ရှားကြခြင်းသည် ငတေကလူမိုက်တယောက် ဖြစ်နေ၍လား။ထိုသို့ မဟုတ်ပါ ငတေသည် လူရိုးလုအေးတယောက်ဖြစ်ပါသည်။ သို့သော်................... ထို “ သို့သော် ” ဆိုသည့်စကားလုံး၏နောက်တွင်ကား......`ိငတေဆိုသော နာမည်ပညတ်ချက်မှာ ငတေမွေးကတည်းက အရပ်မှပေးထားသော ဖြောက်ဖျက်မရသည့် ဂုဏ်ပုဒ်တစ်ခုဖြစ်သည်။ငတေ၏မိဘ များ ကတော့သူတို့၏ချစ်လှစွာသော တစ်ဦးတည်းသောသားလေးအား “မြင့်မြတ်” ဟူသော နာမည်တစ်ခု နှင့် ချမ်းသာကြွယ်ဝမှုများကိုပါအမွေအဖြစ် ထားခဲ့ကာ သူ ၁၀နှစ်သားကို ခြေနှစ်လမ်းမျှအကျော်တွင် ဘ၀တပါးသို့ကူးပြောင်းသွားကြလေသည်။ ငတေမှာ မိဘများ၏ ရုပ်ရည်သာလွန်မှုများကြား မှ လွန်စွာဂျစ်တီးဂျစ်ကန် မှုန်ကုပ်ကုပ်မျက်နှာထားတခုကို ပိုင်ဆိုင်ထားလေသည်။ ထိုအချက်သည်ပင်ငတေဟူသောဂုဏ်ပုဒ်ကို ရရှိခြင်း၏အဓိကနေ ရာမှပါ ၀င်လေသည်။ငတေ (၆)တန်းကျောင်းသားဘ၀တွင် သူ၏မျက်နှာထားကြောင့် ကျောင်းသူကျောင်းသား များ၏ရှောင်ကြဉ်ခြင်း များစွာကို ရင်ဆိုင်ခဲ့ရသလို။ ဒေါသအလျှောက် စကားများရန်ြ...