ကျွန်တော့ရဲ့တစ်ခန်းရပ်ဇာတ်လမ်း
ညီမလေး သိပ်ရက်စက်တယ်လို့ မပြောရက်ခဲ့ပါဘူးကွယ် ဒီလိုမျိုးတွေဖြစ်လာလိမ့်မယ်ဆိုတာ အစတည်းက ကြိုတင်မျှော်လင့်ထားပြီးသားပါ ဒါဆိုဘယ်သူမှားခဲ့သလဲ။ ကိုယ်ထင်တယ် မင်းနဲ့ ဆုံတွေ့ခွင့်ပေးခဲ့တဲ့ ကံကြမ္မာရဲ့အမှား နောက် ယုံကြည်မှုတွေထားပြီး ချစ်ခဲ့မိတဲ့ ကိုယ့်ရဲ့အမှားပါပဲ။ ဒီတခေါက်မန္တလေးမြို့ကို လာရတာ စိတ်ထဲမှာလေးလံနေသလိုခံစားရတယ်။ကားပေါ်က ဆင်းဆင်း ချင်းဗိုက်ဖြည့်ဖို့လဘက်ရေဆိုင်ထဲဝင်ကတည်းကံမကောင်းဘူးလေ တကယ် ဘာဆိုဘာမှကိုမရ တောဘူးတဲ့ တကယ်ပါပဲ စိတ်ကိုညစ်ရော အေးလေ ရောင်းကောင်းတဲ့ဆိုင် တွေဆို တော့ လဲ နေပစေပေါ့။မစားဘူး။ စိတ်ကသိပ်မကြည်တော့ဘူး။ စိတ်ညစ်ညစ်နဲ့ ကားလမ်း ကူးတော့မှပဲ စတွေ့တာ ဆိုင်ကယ်တစင်းက အရှိန်တော်တော်များများနဲ့မောင်းလာတာ ရှောင်မရတိမ်းမရနဲ့ တိုက်ပါလေရော တော်တေးတာပေါ့ဗျာ အိတ်ကိုတိုက်မိလို့ ဒါပေမဲ့လဲ လူကတော့လဲတာပါပဲဗျ စိတ်ထဲမှာ တင်းခနဲဖြစ်သွားပြီး ဒေါသများစွာနဲ့အော်မယ်ဟောက်မယ် လုပ်ပြီးကြည့်လိုက်မိတော့ မှ ကောင်မလေးတယောက် ဖြစ်နေတော့ ယောင်္ကျားလေး ပီပီ ကိုယ်က ပဲ ပြန်မေးလိုက်ရတယ် ညီမလေးဘယ်နားနာသွားလဲ မင်းကအရမ်းမောင်းလာတာကိုးကွ ဟာဗျာ ခင်ဗျားကနောက်မကြည့်ပဲ ဖြတ်ကူးပြီးတော့ တိုက်တာပေါ့ဗျ ခုမှသေချာကြည့်မိတယ် ...