ငါတို့ခရီး

ဘာမှတွေဝေမနေနဲ့တော့ချစ်သူ လာကိုယ့်လက်ကိုသာမြဲမြဲကိုင်ထား အတိုက်အခိုက်တွေကို ဖြတ်သန်းဖို့ ငါ့အတွက်အင်အားက မင်းပါပဲ အရင်းခံချစ်ခြင်းတွေနဲ့ မင်းကို ကိုယ်ပြင်းထန်စွာရူးသွပ်နေပါတယ် မြတ်နိုးမှုလေးလဲပါတာပေါ့ကွယ် ငါမျှော်လင့်ထားတဲ့ ငါတို့ခရီးကိုရှေ့ဆက်နိုင်ဖို့ အားမလျှော့လိုက်ပါနဲ့ ချစ်သူ နောက်ဆုံးအချိန်ထိ ငါတို့ ရင်ဆိုင်သွားမယ် ဘာရလဒ်ရရပေါ့။ ။