ဘယ်လိုလုပ်ရမလဲ ကျွန်တော်မသိတော့ဘူး
တနေ့နေ့တော့မင်းကို သူချစ်လာမှာပါကွာ စိတ်ဓာတ်မကျပါနဲ့ ဟုတ်ပြီလား ဟာ ကွာ မင်းကလည်း သူချစ်လာတာက ဟုတ်ပါပြီ အခု ငါပြောနေတာက သူ့ကိုဘယ်လို ဖွင့်ပြောရမလဲ ဒါကိုသိချင်တာ အော် ဒါများ ဟန်လေးရယ် နင်လဲ ရည်းစားမထားဘူးတာမှ မဟုတ်တာပဲ နင်မပြောတတ်ဘူးလား ဟာ ပြောတာက လွယ်တယ်ဟ နင်တို့ကလဲ အခုက သူ့ကိုငါက ချစ်တာပဲရှိတာ သူက ငါချစ်တာကို သိမှာတောင် မဟုတ်သေးဘူး။ ပြီးတော့ ငါ့အကြောင်းတော်တော်များများကိုလဲ သူကသိပြီ်းသားလေ ငါဘယ်လိုလုပ်ပြောရဲမှာလဲ ကွ တော်ကြာ ရှင်လူယုတ်မာကြီးဆိုပြီး မုန်းပါမုန်းသွားမှဖြင့် ဟား ဟားဟား ဟန်လေးရာ မင်းကလဲကွာ မင်းပဲအမြဲပြောနေပြီးတော့ One go Two Come ဆို ဘယ်လိုဖြစ်တာလဲ ခုမှ မုန်းမှာဆိုးရတာ နဲ့ ဘာနဲ့။ အေးကွာ ငါသူ့ကိုချစ်တာ ဘယ်လိုကြီးလဲမသိဘူးကွ ဖွင့်ပြောပြီးလို့ ချစ်သူတွေဖြစ်ပြီးပျော်ရမှာထက် တော်ကြာငါပြောလိုက်မှ ခုလို အခင် အမင်လေးပါ ပျက်သွားရင် ဘယ်လို လုပ်ရပါ့မလဲ ဆိုတာကို ပိုတွေးကြောက်နေတယ်ကွာ။ အေးဟယ်နင့်ဒုက္ခကလည်း ထတုန်းကအကောင်း ထိုင်တော့မှ ကျိုးမှန်းသိ ဆိုသလို ဖြစ်နေပြီ ဟာ။ အရူးမ စကားပုံတွေ ပြောင်းပြန်ဖြစ်ကုန်ပြီ တော်ကြပါတော့ကွာ မင်းတို့ကတမျိုး ဘယ်လိုလုပ်ရမလဲဗျာ ကျွန်တော်သူ့ ကိုအရင်က မချစ်ဖူးထင်...