ခရမ်းရောင်ကမ်းခြေ

အဲဒီညပေါ့ ညမဆန်လိုက်ပုံများ ငါ့အတိတ်မှာလင်းတောက်ပြီးကျန်နေခဲ့တယ်လေ ခြေနှစ်စုံကိုလာတိုးတဲ့ ရေလှိုင်းတွေနဲ့အတူ နှုတ်ခမ်းနှစ်စုံက အနမ်းတွေ တဖျပ်ဖျပ်ကြွေကျနေခဲ့တာပေါ့ နွေးထွေးတဲ့ အသိစိတ်တစ်ခုနဲ့ အတူ ဟိုးအဝေးက အထီးကျန်စွာလင်းလက်နေတဲ့ မီးပြတိုက်ကလေးအတွက်တောင် သနားမိသေးရဲ့ အဲဒီညလေ ကောင်းကင်မှာကြယ်တချို့ရှိပေမယ့် လမင်းလေးအလည်လွန်နေလေရဲ့ ဘာပဲဖြစ်ဖြစ်ပေါ့လေ လွမ်းနေပါသေးရဲ့ အိုကမ်းခြေရယ်။။။