လိုအပ်နေတဲ့နေရာတစ်ခု

ဆားချက်တယ်ပဲပြောပြော။ အခုမှ ဆရာကြီးဝင်လုပ်တယ်ပဲ ထင်ထင် ဘယ်လိုထင်ထင်ဗျာ အရေးကြီးတာကတော့ ကျွန်တော်ရေး ချင်တာရေးရဖို့ပဲ။ ဒီနေ့ Blog တကာလျှောက်သွားရင်းနဲ့ တွေ့လိုက်တာကတော့ " ပို့စ်အသစ်များ " တဲ့ မိုက်တယ်ဗျာ Myanmar Blog တွေ အများကြီးရဲ့လိပ်စာ တွေကို စုစုစည်းစည်းနဲ့ လုပ်ထားတာတွေ့ရတယ်။ ဟောခေါင်းစဉ်နဲ့လိုက်အောင်လဲ ပို့စ် အသစ်တင်ထားတဲ့ Blog ကထိပ်ဆုံးမှာနေရာယူလို့။ တကယ်ချီးကျူးပါတယ်ဗျာ။ အခုလိုလုပ်ဖို့အတွက်ကို အချိန်တွေ အများကြီးအကုန်ခံပြီး လုပ်ပေးထား တဲ့ စိတ်ဓာတ်ကိုလဲလေးစားပါတယ်။ ဘယ်သူကပိုင်ရှင်လဲတော့မသိဘူးဗျ။ ဒါပေမယ့် လေးစားလို့ ဒီပိုစ့်ကိုရေးဖြစ်အောင်ရေးလိုက်တယ်။ Myanmar Bloggers တွေ ကိုယ်စားကျေးဇူးတင်ပါတယ်ဗျာ။ သူ့ရည်ရွယ်ချက်တွေက ဒီလိုတဲ့ ဤ Myanmar Blog New Post ဘလောခ့်၏ ရည်ရွယ်ချက်များမှာ Bloggers များ ပိုစ့်အသစ် တင်ပြီးလျှင် စာဖတ်သူတို့ လွယ်ကူစွာ စာဖတ်နိုင်ရန်၊ အမြဲတမ်း ပြောင်းလဲ နေသော ဘလောခ့်ဂါတွေ၏ ပိုစ့်အသစ်များကို ဖတ်ရှုနိုင်ရန် စာရေးသူနှင့် စာဖတ်သူတို့ နှစ်ဦးနှစ်ဖက်လုံး ပေါင်းစည်း လမ်းကူး ပေးရန်အစရှိသည်တို့ကို ရည်ရွယ်ပါသည်။ ကဲ ကိုယ့်Blog မပါသေးဘူးထင်ရင်သွားပြီး CBox မှာအော...