ပရမတ် by ရန်အောင်
Donation Alert ကို ကိုချမ်းမြစိုး ထံမှ ယူလာပါတယ် ကိုရန်အောင့် ကဗျာပါ ကိုစိုးထက် ဆီကနေ ထပ်ဆင့်ကူးချပါတယ် ဘယ်သူလုပ်နေသလဲ … ဘာတွေလုပ်နေသလဲ … ဘယ်ကိုရောက်မှာလဲ … ဘယ်လိုယုံရမှာလဲ … ဖန်တရာတေနေအောင်မေးကြ ရေးကြ တွေးကြ ဆဲကြ ဆိုကြ နှိမ့်ချပုတ်ခတ်ကြ နာမည်ယူပြောဆိုကြ ဇမ္ဗူတလူ လူတွင်ကျယ်လုပ်ပြ အရည်မရ အဖတ်မရ ငြင်းခုန်ကြ အဖြေမထွက်ကြ အသေသတ်ကြ ဟိုမှာတော့ အစာပြတ်နေကြ၊ ရေငတ်နေကြ … ဒါတွေမေးနေတဲ့အချိန်မှာ အပြစ်မဲ့ လူသားတစ်ယောက် သေဆုံးလွင့်ပျောက်သွားနိုင်တယ် ဒါတွေ ရေးနေတဲ့အချိန်မှာ ကလေးငယ်တစ်ယောက် ရေထဲမှာ ကယ်သူမဲ့ မျောပါသွားနေနိုင်တယ် ဒါတွေ တွေးနေတဲ့အချိန်မှာ လာကယ်မယ့် စက်လှေကို စောင့်နေတဲ့ မိန်းကလေးတစ်ဦး သစ်ပင်ထက်က လိမ့်ကျသွားနိုင်တယ် ... နိုင်ငံရေးလုပ်တယ် မလုပ်ဘူး လုပ်စားတယ် မလုပ်စားဘူး ပါဝါရှိတယ် ပါဝါမရှိဘူး ငါ့နိုင်ငံရေး မှတ်တမ်း မျက်နှာစာတွေ ဒီလောက်ထူတယ် နင့်လို နုမှည့်မဟုတ်ဘူး ဒီလို ငြင်းခုန်ဘေးတီးနေရင်း ငါတို့ ရွှေမြန်မာပြည် အညွန့်ကျိုးနေရပြီ … မင်းလည်း မင်းလုပ်နိုင်တာ မင်းလုပ် ငါလည်း ငါလုပ်နိုင်တာ ငါလုပ်မယ် သူလည်း သူလုပ်နိုင်တာ သူလုပ်ပါစေ ... နိုင်ငံရေးသမားလည်း လူပဲ စစ်ဗိုလ်လည်း လူပဲ ကျောင်းသားလည်...