ဒီဇင်ဘာရဲ့နောက်ဆုံးည@ ၂၀၀၈ ရဲ့ နောက်ဆုံးည
အရမ်းချစ်စရာကောင်းတဲ့ ကျွန်တော့် ရဲ့ ချစ်သူလေးနဲ့ အတူ ဖြတ်သန်းခဲ့တဲ့ အဲဒီ ဒီဇင်ဘာရဲ့နောက်ဆုံးည လေးပေါ့ဗျာ။ ရင်ခုန်သံတွေ သာကြားရတဲ့ အချိန် နာရီလက်တံလေး နှစ်ချောင်းထပ်သွားတဲ့ အခါမှာ "Happy New Year" လို့ နှစ်ယောက်ပြိုင်တူအော်ခဲ့ကြတယ်လေ။နောက် နှုတ်ခမ်းတွေထက်အနမ်းတွေ ကြွေ ။ အပြင်မှာ နှင်းပွင့်တွေ ဖြာဆင်း အဆင်းလှတဲ့ ဒီဇင်ဘာညလေးပေါ့ဗျာ။ အေးစက်တဲ့ ဆောင်းကို အံတုဖို့ သူ့ကိုယ်ငွေ့နွေးနွေလေးက လုံလောက်နေတယ်။ သြော်ဒီဇင်ဘာရယ် နောက် ၂၀၀၈ ခုနှစ်ကြီးရယ် မင်းတို့ ဟာ ငါ့ အတွက်တော့ အမှတ်တရများစွာနဲ့ ဖြတ်သန်းသွားခဲ့တဲ့ ဘ၀မှတ်တိုင်တစ်ခုပါပဲကွာ။ ၂၀၀၈ ခုနှစ် ဇန်န၀ါရီ ၂၅ သူနဲ့ကျွန်တော်ရဲ့ စတင်ရာနေ့တစ်နေ့ အဖြစ် သတ်မှတ်မယ်လေ။ အဲဒီ Dinner ညလေးပေါ့ ၂၀၀၈ ဖေဖော်ဝါရီလ ၆ ရက် သူ့လက်ဖျားလေးတွေ ကို စတင်ထိတွေ့ခဲ့တယ် ၂၀၀၈ ဧပြီလ ၁၀ ရက် သူ့ကို ကျွန်တော့ရင်ခွင်ထဲမှာထားခြင်းဖြင့် ကျွန်တော့ဘ၀တစ်ခုလုံးရဲ့လုံခြုံရာနေရာတစ်ခုကို ရှာတွေ့ခဲ့ပြီ။ ကျွန်တော်တို့တစ်တွေ ပေါင်းစည်းခဲ့ကြပြီ။ ၂၀၀၈ ဂျူလိုင် ၇ ရက် ပထမဦးဆုံး သူ့ဆီက ရခဲ့တဲ့ လက်ဆောင် ကျွန်တော့်ဘ၀မှာ အလိုချင်ဆုံးနဲ့ အကျေနပ်ဆုံး ၂၀၀၈ ဂျူလိုင် ၃၁ ရက် ကျွန...