Tab View ဆိုတာလေးကို ဘယ်လိုလုပ်မလဲ
အားလုံးမင်္ဂလာပါဗျာ။ ဒီနေ့ကျွန်တော့်မွေးနေ့ပါ။ ကျွန်တော့မွေးနေ့ အထိမ်းအမှတ်ရေးထားတဲ့ သူရဲကောင်းမကြီးသို့(သို့မဟုတ်) အမေသို့ post လေးမှာ Comment ၀ိုင်းချီးမြှင့်ကြတာကို ကျေးဇူးအထူးတင်ပါတယ်။ ကျွန်တော်စီစဉ်ထားတာက အဲဒီ post လေးကို print ထုတ် ပြီး အဝေးမှာရှိတဲ့ကျွန်တော့်အမေဆီကို စာပို့ပေးချင်လို့ပါ။ ကျွန်တော်တစ်ယောက်တည်း ရေးထားတာထက်စာရင် ကျွန်တော်ခင်မင်ရတဲ့ ။ လေးစားရတဲ့ Blogger တွေဆီက Comment လေးတွေပါ ပါစေချင်လို့ Comment တွေလိုက်တောင်း ရခြင်းဖြစ်ပါတယ်။ Comment ရေးပေးသူများနဲ့ Cbox ကနေအော်သွားသူများ။ ကျွန်တော့် မတောက်တစ်ခေါက်စာ လေးတွေကို လာဖတ်ပေးသူ များကို အထူးကျေးဇူးတင်ပါတယ်။ အပေါ်ကခေါင်းစဉ်လေးကိုပြန်ညွှန်းရရင်တော့ Kendhin ရေးထားတာပါ။ Tab View လေးတွေ Blogger Template တွေမှာ ထည့်ပုံထည့်နည်းလေးပေါ့။ ကျွန်တော့် ဘလောက်ညာဘက် က search နဲ့ Catagories Tab လေးတွေလို ပုံစံလေးပါ။ ကိုယ့် Template နေရာလေးက ကျဉ်းနေမယ်ဆိုရင်တောင် Tab ကလေးတွေသုံးပြီး widget လေးတွေ ထည့်လို့ ရတာပေါ့ဗျာ။စလိုက်ရအောင်............. အရင်ဆုံးလုပ်ရမှာက ထုံးစံအတိုင်း Blogger ကို log in ၀င် ပြီးရင် Layout>>>Edit HTML...