ညနေခင်းစိတ်ဖြေခြင်း

SmileyCentral.com
တနေ့တနေ့ အိပ်ယာထချိန်ကနေ ညမိုးချုပ် သွားတဲ့အချိန်အထိ ကိုယ်လုပ်ခဲ့သမျှ ပြန်စဉ်းစား တဲ့အခါ ကောင်းတာနဲ့ မကောင်းတာ ဘယ်အရာကပိုများသလဲ။

ကျွန်တော်ကတော့ မဟုတ်တာ/မကောင်းတာ ပိုများတယ်။ တခါလေ တော့လည်း ကောင်းတဲ့ဟာလေးတွေ စဉ်းစားမိပါတယ်။

ညစဉ် ဒိုင်ယာရီ ရေးရင်တော့ ငါဒီနေ့ မှားခဲ့တာတွေ နောက်နေ့ မမှားအောင် သတိထားရမယ် လို့ ကိုယ်ကို ကို သတိပေး ရ တာပေါ့။

ဒါပေမဲ့ အမှားတွေ လုပ်နေကြလူ မို့လား မသိဘူး လုပ်ပြီးသားအမှား တွေထပ်မလုပ်မိတောင် အမှားအသစ် တွေကထပ်ဖြစ်တာပါပဲ။ သံတူကြောင်းကွဲ အမှားတွေ လို့ကိုယ့်ဘာသာ ကို နာမည်တပ်ထားလိုက်တယ်။

အားလုံးရော စဉ်းစားဘူးကြပါ သလား။ ကိုယ်ဒီအရွယ်အထိ သံတူကြောင်းကွဲ အမှားတွေ ဘယ်လောက်လုပ်ခဲ့ ပြီဆိုတာကိုပေါ့။

Comments

Popular posts from this blog

လူမိုက်ဆိုတာဘာလဲ

သူရဲကောင်းမကြီးသို့(သို့မဟုတ်) အမေသို့

သိပ်ချစ်ရသောစာကလေးမလေးသို့......