အိပ်မက်ဖြစ်သွားပြီလား


ဘာလဲ
ဘာတွေလဲကွာ
ဘာမှကိုမသိတော့တာပါ
ငါ့အိပ်မက်တွေတစ်ခုမှ အရာမထင်နေခဲ့ဘူးလေ
အိပ်မက်က အိပ်မက်ပဲလား
အိပ်မက်လို့ အမည်တပ်မိတာကိုက ငါမှားတာလား
အခုတော့နောက်ဆုံးအိပ်မက်တခုအကျန်မှာ
ငါရပ်နေတယ်
ငါကြောက်ရွံ့နေတယ်
တွေဝေနေတာမဟုတ်
ကြောက်ရွံ့နေတာပါ
လက်တွေ့အိပ်မက်တွေဆို
ခုတော့ ငါ့စိတ်ကူးယဉ်မှုတွေလား
ငါ ဘာလဲ
ငါ ဘယ်လဲ
ငါ ဘာလုပ်ရမှာလဲ
ငါ့အတွက် တခုခုတတော့ ဖြစ်ခွင့်ပေးပါ
ငါ့အိပ်မက်တွေထဲကလေ.......

Comments

Popular posts from this blog

လူမိုက်ဆိုတာဘာလဲ

သူရဲကောင်းမကြီးသို့(သို့မဟုတ်) အမေသို့

သိပ်ချစ်ရသောစာကလေးမလေးသို့......