ကောင်ဆိုးမလေးသို့



သိရဲ့လား.....
ကောင်ဆိုးမလေးရေ
ငါ့စိတ်တွေသာ လက်တွေခြေတွေပါခဲ့ရင်
နင့်ခေါင်းတစ်ခုလုံးလဲ
ဖူးယောင်လို့နေမှာပဲ

သိရဲ့လား.....
ကောင်ဆိုးမလေးရေ
ငါ့အိပ်မက်တွေသာတကယ်ဖြစ်နေမယ်ဆိုရင်
နင် ငါ့ရင်ခွင်ထဲမှာ
အသက်ရှုကျပ်နေလောက်ပြီပေါ့

သိရဲ့လား.....
ကောင်ဆိုးမလေးရေ
ငါ့ရင်ထဲကို နင်မြင်တတ်မယ်ဆိုရင်
နင်ငါ့အချစ်တွေအကြောင်း
လူတစ်ကာကို ကြွားနေလောက်ပြီပေါ့

သိရဲ့လား.....
ကောင်ဆိုးမလေးရေ
ငါ့တန်ဖိုးတွေအကြောင်းနင်သိမယ်ဆိုရင်
နင့်ကိုယ်ပေါ်မှာ
ငါမကြိုက်တာတွေ နင်ဝတ်မယ်မထင်တော့ဘူး

သိရဲ့လား.....
ကောင်ဆိုးမလေးရေ
ငါဟာနင့်ကို
ကမ္ဘာဦး စုံတွဲထက်ပိုချစ်တယ်
ငါ့ကိုယ်ငါထက်ပိုတန်ဖိုးထားမိတယ်
ငါ့ဘ၀တစ်ခုလုံးစာထက်မျှော်လင့်မိတယ်
ငါ့ဂုဏ်သိက္ခာတစ်ခုလုံးပုံအပ်ထားမိတဲ့အထိ
အလေးထားနေမိတယ်။။



Comments

Popular posts from this blog

လူမိုက်ဆိုတာဘာလဲ

သူရဲကောင်းမကြီးသို့(သို့မဟုတ်) အမေသို့

သိပ်ချစ်ရသောစာကလေးမလေးသို့......