မျှော်လင့်ရင်းရူး

တို့နှစ်ယောက်ချစ်ခြင်း
ဝေးသွားကြပေမဲ့
ယုံကြည်ပါတယ်
မချစ်လို့ဝေးရတာမှမဟုတ်
အခြေအနေကြောင့်
တို့နှစ်ယောက်ဝေးရပေမဲ့
ဘယ်တော့မှမမေ့ဘူးဆိုတာ
ယုံကြည်ထားပါ

ကြေကွဲမှုမျက်ရည်မကျချင်လို့
အလွမ်းမိုးတွေမရွာပါနဲ့လို့
မတားချင်ပါဘူး
ကံကြမ္မာရက်စက်သမျှ
ကြည်ဖြူစွာခွင့်လွှတ်
သံယောဇဉ်တွေနဲ့
ှဆက်ချစ်လို့
အလွမ်းသံစဉ်ကြားထဲ
လွမ်းမောဖွယ်အတိတ်နဲ့အတူ
ထာဝရမျှော်လင့်နေဦးမယ်
အလွမ်းတွေနောက်
အချစ်တွေပြန်ရောက်ဦးမယ်

Comments

Popular posts from this blog

လူမိုက်ဆိုတာဘာလဲ

ကောင်ဆိုးမလေးသို့

ကိုယ်ကောင်းရင်ခေါင်းမရွေ့ပါဘူး