ဘယ်ကိုသွားမလဲတွေးမရတယ် Get link Facebook X Pinterest Email Other Apps October 15, 2007 ဒီပုံလေးကတော့ ဘလင့် ဆီကနေ ခွင့်ပြုချက် မယူပဲ ခိုးလာ(အဲ) ကူးလာတာပေါ့။ တကယ်ပဲ wordpress မှာ သွားရေးရတော့ မှာလားမသိဘူးနော်။ Get link Facebook X Pinterest Email Other Apps Comments
လူမိုက်ဆိုတာဘာလဲ December 10, 2007 တရက် မူလတန်းကျောင်းလေးတွင် ဆရာမက သူ့တပည့်လေးများအပေါင်းအသင်းမမှားစေရန် နှင့် လူ့ကျင့်ဝတ် များကိုသိစေရန် ၃၈ ဖြာမင်္ဂလာတရားတော်ကိုသင်ကြားနေလေသည်။ ထိုသို့သင်ကြားရင်း အသေ၀လာစဗာလာနံ တရားတော်အစတွင်ဆရာမက “ကလေးတို့ရေ လူမိုက်ကို မပေါင်းသင်းရဘူး ကွယ့်နော်” ဟုပြောရာတွင် အလွန်စူးစမ်းတတ်သောကလေးတ ယောက်က “ဆရာမ လူမိုက်ဆိုတာ ဘာလဲ၊ဘယ်လိုပုံစံလဲ” ဟုမေးလေ၏။ ထိုအခါ ဆရာမကလည်း “အင်းလူမိုက်ဆို တာ၊နေဦးကွာ ဆရာမ မနက်ဖြန်ပြောပြမယ်” ဟုပြော၍ အတန်းဖျက်ကာနားနေခန်းသို့ အမြန် ပြေျးေလ၏။ နားနေခန်းအရောက်တွင် ထိုအကြောင်းကိုပြောပြရာမှ ဆရာမများ က ၊ လူမိုက်ဆိုတာ အရက်ကို လူမှန်းမသိ အောင် သောက်တဲ့လူ၊ ဆေးလိပ်အရမ်းသောက်တဲ့လူ စသည်ဖြင့် အငြင်းပွားကြရာမှ နောက်ဆုံး ကျောင်းအုပ် ဆရာမကြီးရုံးခန်းသို့ရောက်သော ဟူ၏။ ထိုသို့အငြင်းပွားရာတွင် သူတဖက်ငါတဖက်ငြင်းကြသောကြောင့် နှစ်ဖက်ဖြစ်သွားသည်မှာ အထူးအထွေ ပြောရန်လိုမည်မဟုတ်ပေ။ နောက်ဆုံး ဆရာမကြီး၏အဆုံးအဖြတ်ကို ခံယူမည် ဆိုကာဆရာမကြီးကိုမေးသောအခါ “ငါလဲမသိဘူး” ဟူသောပြောင်မြောက်သောအဖြေကို ရလေ၏ ထို့ကြောင့် ထိုအခက်အခဲမှ လွန်မြောက်စေရန် သင့်ကို အားကိုးရပေလိမ့်မည်။ ယခုစာဖတ်နေသူ အသင်သည်လွန်စွာမှ ဥာဏ်ပညာကြီး... Read more
သူရဲကောင်းမကြီးသို့(သို့မဟုတ်) အမေသို့ July 30, 2008 အမေ မနက်ဖြန်ဆို အမေမွေးခဲ့တဲ့ အမေ့သားလေ အသက် ၂၅ နှစ်ပြည့်ပြီ အမေရ။ အဲဒီ ၂၅ နှစ်ဆိုတဲ့ အချိန်မရောက်ခင် ဟိုးမွေးကင်းစ ကလေးလေး ဘ၀ မှာအမေပြုစုစောင့်ရှောက်ခဲ့တာတွေ ကို သားကိုယ်တိုင်မမှတ်မိပေမယ့်၊မသိခဲ့ပေမယ့် သားသည်အမေတွေ သူတို့ ကလေးကို စောင့်ရှောက်ပြုစုတာမြင်ရရင် သြော်.. ငါ့အမေလဲ ငါငယ်ငယ်တုန်း က ဒီလိုမျိုး စိုးရိမ်ခဲ့မှာပဲ လို့ သားစဉ်းစားမိပါတယ်အမေ။ အခေုတော့ အမေ့သား အမေ့ ဗိုက်ထဲက ထွက်ခဲ့တာ ၂၅ နှစ်တောင်ရှိပြီအမေရဲ့။ အမေ့သားလေ အမေ နေ့စဉ်ပို့သတဲ့ မေတ္တာတွေကြောင့် ခလုပ်မထိ ဆူးမငြိခဲ့ပါဘူးအမေ။ အမေသင်ကြားပေးခဲ့တဲ့ ပညာတွေ ရဲ့ အသီးအပွင့် တစ်ချို့ကို စတင် စားသုံးနေပါတယ်အမေ။ အမေ.... အမေ့သားလေ ဟို လွန်ခဲ့တဲ့ နှစ်တွေအမေ နေမကောင်း ဖြစ်တုန်း က အမေ့လုံချည် လျှော်ခဲ့ဖူးတာကို ခုတော့ သားဂုဏ်ယူစွာနဲ့ ပြောရဲနေပါပြီအမေ။ အမေ... သားလေ တကယ်အဝေးကိုရောက်နေမှ အမေဟာ သားတစ်ယောက်အတွက် တကယ်လိုအပ်ပါလားလို့ သားသိခဲ့ပါတယ်အမေ။ အမေ... ကျွန်တော့်အမေဟာ လေးတန်းတောင်မအောင်ပါဘူး အမေ...ကျွန်တော့အမေဟာ အင်္ဂလိပ်စာ မတတ်ပါဘူး အမေ...ကျွန်တော့အမေဟာ သားသမီးတွေကို လမ်းမှန်ရောက်အောင်ပို့ပေးနိုင်ခဲ့တယ် အမေ...ကျွန်တော့်အမေဟာ သားသမီးတွေကို ဒီအသက... Read more
ကိုယ်ကောင်းရင်ခေါင်းမရွေ့ပါဘူး January 24, 2008 သေလွန်ပြီး၍ ကောင်းကင်ဘုံတွင် စိန့်ပီတာ၏ အစစ်အဆေး ခံရန်စောင့်ဆိုင်းနေကြ သူ သုံးဦးရှိပါသည်။ စိန့်ပီတာက ပထမတဦးကို စတင်စစ်ဆေးပါသည်။ မောင်မင်း လူ့ဘ၀တုန်းက အိမ်ထောင်ရေးဖောက်ပြန်ဖူးလား... ဟုတ်ကဲ့ ဖောက်ပြန်ဖူးပါတယ်.. အေး ဒါဆိုကောင်းကင်ဘုံမှာစီးဖို့လေးဘီးကားလေးပဲရမယ်.. နောက်တယောက်လာစမ်း မင်းရော အိမ်ထောင်ရေးဖောက်ပြန်ဖူးလား ဟုတ်ကဲ့ ဘယ်နှကြိမ်လဲကွ...... နှစ်ကြိမ်ထဲပါ.. အေးဒါဆိုရင်တော့ SE Saloon ပေးရမယ် ရော့သော့ နောက်တယောက် သင်ရော လူ့ဘ၀တုန်းက အိမ်ထောင်ရေးဖောက်ပြန်ဖူးလား ... စိန့်ပီတာခင်ဗျား ကျွန်တော်တခါမှ မဖောက်ပြန်ဖူးပါဘူး ခင်ဗျား.... ဟေ မင်းကတယ်ဟုတ်ပါလား ဒါဆိုရင် မင်းစီးဖို့ ဇိမ်ခံမာစီဒီး ကားသစ်ကြီးယူစေဗျား.. ဟုတ်ပြီလား ဤသို့ဖြင့်ထိုလူသုံးယောက်လဲ မိမိရထိုက်သော ကားကိုယ်စီပေါ်တက်၍ တယောက်ကိုတယောက် နှုတ်ဆက်၍ မာစီဒီး ကားသစ်နှင့် ကို တည်တံ့ က ရှေ့ဆုံးကနေ ၍ ၀င်ကြွားစွာမောင်းထွင်သွားလေ၏ ပထမလူနှင့် ဒုတိယလူတို့က ကားစုတ်ကလေးများနှင့် ကုတ်ကုတ် က လေး လိုက်မောင်းသွားကြလေသည်။ တနေ့ သွားရင်းလာရင်း ထိုသုံးဦး ကောင်းကင်ဘုံ ၏ မီးပွိုင့် တခုတွင်ဘေးချင်းကပ်ျှုံတွေ့ကြလေ၏ ။ ထိုအခါ မာစီဒီးပေါ်မှ ကိုတည်တံ ၏ မျက်နှမှာ င... Read more
Comments
Post a Comment
ဤသို့ခံစားရပါသည်