ထားဝယ်-ကံပေါက် သွားမှတ်တမ်း

ဒီလအတွင်း ကျွန်တော်လဲ ခရီးသွားရမယ့် ကံဇာတာတွေတက်နေ လားမသိ။ မန္တလေး က ပြန်လာတာမှမကြာ သေးဘူး အလုပ်ကနေ ထားဝယ်သွားရ မယ်ဖြစ်ပါလေရော။ သွားဆိုလဲ သွားတာပေါ့ ဆိုပြီး အိမ်ပြန် အထုပ်ဆွဲ ပြီး လေယာဉ်ပေါ်တက်တော့တာကိုး။
ရန်ကုန်ကနေ ၄၅ မိနစ်လောက်လေယာဉ်စီးပြီးရင်ပဲ ထားဝယ်ကိုရောက်တယ်ဆိုပါတော့။ ထားဝယ်လေဆိပ်ကနေ မြို့ထဲကို ဆိုင်ကယ်လေးနဲ့ သွားတာက ၁၅ မိနစ် ၊ ထားဝယ်မြို့ ကိုရောက်ပြီပေါ့။
ထားဝယ်သူတွေ လိုက်ကြည့်ရင်း နဲ့ ဘယ်အချိန်ရှိပလဲ ကြည့်မိတော့ ၁၂း၀၀ နာရီ ထိုးပြီးနေပြီ။ ဟာမဖြစ်တော့ ဘူးဆိုပြီး ဆိုင်ကယ်တစီးငှားပြီး ထားဝယ်ကံပေါက်ကားဂိတ်ကိုပြေး ၊ ဟိုရောက်တော့ ကားပေါ်တောင်လူအတော် ရောက်နေပြီ။
ကားစထွက်ပါပြီ
ကားသမားပုံကြည့်ရတာတော့ အရမ်းမောင်းမယ့်ပုံပဲ ခုထားဝယ်ကမထွက်ရသေးဘူး တော်တော်မောင်းနေတာ
ကျွန်တော်လဲ ပင်ပန်းလာတာဆိုတော့တချက်အိပ်ပျော်သွားတယ်။ ၀ုန်းဝုန်းဆိုတဲ့ အသံနဲ့တပြိုင်ထဲ လူက အောက်ြပုတ်ကျတော့ ဟာဘာတွေဖြစ်ကုန်ပြီလဲ ဆိုပြီး ထရပ်ကြည့်ဖို့ ကြိုးစားတော့ ရပ်လို့မရနိုင်ဘူး။
ကြိုးစားပြီးအားစိုက်ထတော့မှ အားပါးပါး လကမ္ဘာပေါ်ရောက်နေပြီလားလို့တောင်ထင်သွားရတယ်။ အင်မတန် မှ ကျယ်ဝန်းနက်ရှိုင်းတဲ့ ချိုင့်ဝှမ်းတွေနဲ့အလှဆင်ထားတဲ့ ထားဝယ်>>>ကံပေါက် လှည်းလမ်း (အဲအဲ) ကားလမ်း ပေါ်မှာကျွန်တော်တို့ကား ကြီးဟာ ၁ နာရီကို ခြေလှမ်း ၁၀လှမ်း နှုန်းနဲ့ ကံပေါက် သို့ ခရီးဆက်နေပါတယ်။
ဒီလိုနဲ့ ကံပေါက်ရောက်ခါနီး ကလိန်အောင် ဆိုတဲ့ရွာလေးကို လဲကျော်ရော အင်မတန်မှ ဖြောင့်ဖြူးညီညာပါတဲ့ ကတ္တရာ လမ်းမကြီးက ဆီးကြိုနေပြန်ပါရောလား ၊ မေးမြန်းစုံစမ်းမှုအရ ၄င်းလမ်းကို Total ရေနံ ကခင်းပေးထား တာပါတဲ့။
ဒီလိုနဲ့ နေ့လည် ၁ နာရီ မှာ စထွက်ခဲ့တဲ့ ကားကြီးဟာ ညနေ ၆း၀၀ နာရီ လောက်မှာ ကံပေါက်ကို ရောက်ခဲ့ ပါတယ်။ကံပေါက်ရောက်တော့ မှ သိရတာက ထားဝယ်-ကံပေါက် ကားလမ်းဟာ ၄၅ မိုင်ကြီးများတောင် ဝေးပါ တယ်ဆိုပဲ။
နောက်တနေ့နဲ့ တည လုပ်စရာရှိတာလုပ်ပြီးတော့  နောက်ရက် မနက် ၆း၀၀ လောက်မှာကံပေါက် ကနေထွက် လာလမ်းအတိုင်းပြန်လာခဲ့တော့ နေ့လည် ၁၂ နာရီ မှာ ထားဝယ်ကို ပြန်ရောက်တယ်။ ခဏနားပြီး ရန်ကုန်ပြန် ရင်အအော်ခံရမှာ စိုးတာနဲ့ ထားဝယ်ဈေးထဲ ၀င်ပြီး မုန့်ကုလားမဲ ၅ကျပ်ဖိုး ၀ယ်လာခဲ့တယ်။
ညနေ မောင်းမကန်သွားလည်တယ်။ပင်လယ်ကမ်းစပ်မှာထိုင်ပြီး ပင်လည်စာတွေ အ၀အပြဲ စားခဲ့တယ်။ဓာတ်ပုံ တွေရိုက်ပြီး နောက်တနေ့မနက်လေယာဉ်နဲ့ ရန်ကုန်ကိုရောက်တယ်။
ကြမ်းကြမ်းတမ်းတမ်းလမ်းမှာ ပုံတွေကိုရိုက်လာတာတော့ မတင်တော့ပါဘူး ။ စိတ်ဆင်းရဲနေကြမှာစိုးလို့ပါ။
လဒမှိုင်မှိုင်နေတာလားဗျ...:)
ReplyDelete