ချစ်သူရဲ့တန်ဖိုး

ချစ်သူ့အသံအား
ရင်နှင့်ကြားခိုက်
နားဝချိုသာ
ပိုကာချစ်မိပါသည်.........မေ


ချစ်သူ့ရုပ်သွင်
ရင်နှင့်တွေ့မြင်
လွမ်းစိတ်ဝင်ကာ
ရင်၌မွန်းကြပ်
အသက်မကမြတ်နိုး
တသက်စာဖိုးမျှ
တန်ဖိုးထားရပါသည်........မေ

ချစ်သူ့အမုန်း
ဘ၀တသက်လုံး
လေသံဟဟ
နားဝမကြားပါရစေနဲ့..........မေ

ချစ်သူ့အပြုံး
ဘ၀တခုလုံးအတွက်
အလှဆုံးဟု
မှတ်ထင်ယူဆ
ချစ်ရပါသည်..................မေ

Comments

Popular posts from this blog

လူမိုက်ဆိုတာဘာလဲ

ကောင်ဆိုးမလေးသို့

ကိုယ်ကောင်းရင်ခေါင်းမရွေ့ပါဘူး