မုန်တိုင်းသတင်း

ပင်လယ်မှာ လေဖိအားနည်းရပ်ဝန်းကြောင့်
မုန်တိုင်းတွေဖြစ်လာတတ်သတဲ့
မုန်တိုင်းအားကြီးရင်
ကြီးသလို ပျက်စီးဆုံးရှုံးမှုကြီးမားတတ်တယ်
မုန်တိုင်းတွေဖြစ်လာတတ်သတဲ့
မုန်တိုင်းအားကြီးရင်
ကြီးသလို ပျက်စီးဆုံးရှုံးမှုကြီးမားတတ်တယ်

ငါရင်ထဲမှာ သိမ်ငယ်ကြောက်ရွံမှုတွေကြောင့်
ဒေါသမုန်တိုင်းတွေ မောဟမုန်တိုင်းတွေများဖြစ်လာမလား
ဒါဆိုရင် ပျက်စီးမယ့်နှလုံးသားနှစ်စုံရှိနေတယ်၊
ပျက်စီးမယ့် အိပ်မက်တွေ တန်ဖိုးကြီးစွာရှိနေတယ်
သေချာတည်ဆောက်ထားခဲ့ရတဲ့ အတိတ်တွေရှိနေတယ်
ကျေးဇူးပြု၍ ငါ့ရင်ထဲက သိမ်ငယ်စိတ်တွေအားပျော့ပျက်ပျယ်အောင်
ဆုတောင်းပေး ကြပါ။ ငါ့အိပ်မက်တွေ၊ ငါ့ နဲ့ သူ့ နှလုံးသား တွေ
ငါတို့နှစ်ယောက်အချိန်တွေပေးပြီးတည်ဆောက်ထားတဲ့
အတိတ်တွေ ကို ငါနှမျောလို့ပါ။

Comments
Post a Comment
ဤသို့ခံစားရပါသည်