Posts

Showing posts from October 25, 2007

အောင်မျီုးဟန် နှင့် ပတ်ဝန်းကျင်

မီးလေးက Tag ထား ပြီ ဆိုတော့ ဘာကိစ္စ များလဲ လို့ စိတ်ဝင်တစားနဲ့ သူ့ Blog ကို အပြေးအလွှား သွားကြည့် လိုက်တော့ ကျွန်တော် သူ့အတွက်တော်တော် စိုးရိမ်သွားတယ်။ ဘာမျာဖြစ်တာပါလိမ့် ဒီလိုခေါင်းစဉ်တပ်ထား တာ မဟုတ်မှလွဲရော ပတ်ဝန်းကျင် နဲ့များ ရန်တွေဘာတွေဖြစ်သလားပေါ့။ ဒါဆိုရင်တော့ မီးလေး ပိတ်မိနေရင် ငါ 199 ကို ဖုန်းဆက်မှပဲ လို့တွေးထားတာ။ ရောက်လဲရောက်ရော သြော် တော်ပါသေးရဲ့ လို့သက်ပျင်းချနိုင်တော့ တယ်။ သူက Tag ထားပြီဆိုတော့ ကျွန်တော်ကလဲ တတ်သည့်ပညာ မနေသာတော့ ဆက်ရေးရ ဦးမှာပေါ့။ ကျွန်တော်တို့ လမ်းထဲမှာညည ဆို ကြားနေကြအသံတစ် သံ အဲဒီအသံက “လူမှားနေတယ်” ညတိုင်းနီးပါး ကြားနေရတော့ ဒီမိန်းမကြီး က ဘာအော်တာလဲပေါ့ ငါကြားတာတော့ လူမှားနေတယ် ပဲကြား တယ်။ ဒါနဲ့ တရက်စောင့်ကြည့်တော့မှ အဲဒီမိန်းမကြီးလက်ထဲ က စံပယ်ပန်းတွေကိုမြင်ပြီးသြော် “စံပယ် ပန်းတွေ“ လို့အော်တာမှန်းသိတော့တယ်။ နောက်တမျိုး က ညပိုင်းလေးပဲ 9း00 လောက်ဆိုကြားရပြီ “ပါတာလေးလဲပူ ပူတာလေးလဲပါ”တဲ့ ဟာဘာကြီးလဲပေါ့နော်။ နေ့တိုင်း9း00လောက်ဆိုကြားရတာ နောက်မှ ပဲပေါက်ဆီ သည်မှန်းသိရတယ်။ အရမ်းမိုက်တဲ့ အသံကတော့ ဘုရင့်နောင်ဈေးထဲက ဆီစစ်တို့၊အင်ဂျင်ဝိုင်စစ်တို့ ရောင်းတဲ့သူပဲ။ သူ