Posts

Showing posts with the label OTHER

Blog ပြန်ရေးတော့မည်

ကျွန်တော့် ဘလောက်လေးကို ပစ်ထားခဲ့တာတော်တော်ကြာသွားပြီဗျာ။ ကျော်ရတာ စိတ်မရှည်တာ။ နောက်ရေးဖို့ အကြောင်း လဲမရှိတာနဲ့ (အပြင်းကြီးတာ အဓိက) မရေးဖြစ်တာပေါ့ဗျာ။ခုတော့ ကျွန်တော်ကြိုးစားပြီးပြန်ရေးတော့မယ်ဗျာ။ ဘလောက်ကို ဘာ ကြောင့်ရေးတာလဲ ဆိုတော့ ရေးချင်လို့ကိုရေးတာဗျာ။ အဲလိုဖြေ ဖူးတယ် ။ အဲဒီအချိန်တွေ တုန်းက တစ်နေ့တစ်နေ့ Text Editor ကို ဖွင့်လိုက်တာနဲ့ ရေးစရာတွေအပြည့် ကဗျာတွေ ဒလဟောထွက်ကျလာခဲ့တဲ့နေ့တွေ ပေါ့။ ကိုဂေါက် တို့ ပြောသလိုဆို Post ဘာပန်းတယ်ဆိုလား ဟဲဟဲ.... ဘလောက်မရေးဖြစ်တဲ့ အချိန်တွေမှာတောင် ကျွန်တော့် ဘလောက်ရဲ့ Hit counter  ကတက်နေခဲ့တယ်။ အဲဒီအတွက် ကျွန်တော့် ဘလောက်ကို လာရောက်လည်ပတ် ကြသူများ ကို ကျွန်တော့ကိုယ်စားကျွန်တော်ကပဲ အထူးကျေးဇူးတင်ပါတယ်လို့ ပြောပါရစေနော။ New Year လဲနှီးလာပြီဆိုတော့ အားလုံးအတွက် Happy New Year ပါလို့ဆုတောင်းပေးလိုက်ပါတယ်ဗျာ။ ကျွန်တော့် ဘလောက်ဂါသူငယ်ချင်းများနဲ့ ကျွန်တော့် စာတိုပေစ မတောက်တစ်ခေါက်လေးတွေကို အချိန်ပေးလာဖတ်ပေးကြတဲ့ စာဖတ်သူများအားလုံး ကျန်းမာချမ်းသာကြပါစေဗျာ။။။။ ရက်ရာဇာ@အောင်မျိုးဟန်

လိုအပ်နေတဲ့နေရာတစ်ခု

Image
ဆားချက်တယ်ပဲပြောပြော။ အခုမှ ဆရာကြီးဝင်လုပ်တယ်ပဲ ထင်ထင် ဘယ်လိုထင်ထင်ဗျာ အရေးကြီးတာကတော့ ကျွန်တော်ရေး ချင်တာရေးရဖို့ပဲ။ ဒီနေ့ Blog တကာလျှောက်သွားရင်းနဲ့ တွေ့လိုက်တာကတော့ " ပို့စ်အသစ်များ " တဲ့ မိုက်တယ်ဗျာ Myanmar Blog တွေ အများကြီးရဲ့လိပ်စာ တွေကို စုစုစည်းစည်းနဲ့ လုပ်ထားတာတွေ့ရတယ်။ ဟောခေါင်းစဉ်နဲ့လိုက်အောင်လဲ ပို့စ် အသစ်တင်ထားတဲ့ Blog ကထိပ်ဆုံးမှာနေရာယူလို့။ တကယ်ချီးကျူးပါတယ်ဗျာ။ အခုလိုလုပ်ဖို့အတွက်ကို အချိန်တွေ အများကြီးအကုန်ခံပြီး လုပ်ပေးထား တဲ့ စိတ်ဓာတ်ကိုလဲလေးစားပါတယ်။ ဘယ်သူကပိုင်ရှင်လဲတော့မသိဘူးဗျ။ ဒါပေမယ့် လေးစားလို့ ဒီပိုစ့်ကိုရေးဖြစ်အောင်ရေးလိုက်တယ်။ Myanmar Bloggers တွေ ကိုယ်စားကျေးဇူးတင်ပါတယ်ဗျာ။ သူ့ရည်ရွယ်ချက်တွေက ဒီလိုတဲ့ ဤ Myanmar Blog New Post ဘလောခ့်၏ ရည်ရွယ်ချက်များမှာ Bloggers များ ပိုစ့်အသစ် တင်ပြီးလျှင် စာဖတ်သူတို့ လွယ်ကူစွာ စာဖတ်နိုင်ရန်၊ အမြဲတမ်း ပြောင်းလဲ နေသော ဘလောခ့်ဂါတွေ၏ ပိုစ့်အသစ်များကို ဖတ်ရှုနိုင်ရန် စာရေးသူနှင့် စာဖတ်သူတို့ နှစ်ဦးနှစ်ဖက်လုံး ပေါင်းစည်း လမ်းကူး ပေးရန်အစရှိသည်တို့ကို ရည်ရွယ်ပါသည်။ ကဲ ကိုယ့်Blog မပါသေးဘူးထင်ရင်သွားပြီး CBox မှာအော...

သောက်သောက်စားစားလူ့မင်းသားတဲ့

Image
ကဲ ဖိတ်စရာရှိတဲ့ လူတွေလဲ ဖိတ်ခဲ့ပြီးပြီ ကိုယ့်တာဝန်က ထိုင်စောင့်ဖို့ပဲဆိုတော့ ပုလင်တစ်လုံးနဲ့ ဖန်ခွက်ချပြီးထိုင်စောင့်နေပြီဗျာ။ သောက်ချင်သလောက်သာသောက်သွားကြအမြည်းကတော့ မှာထားတုန်း လာလိမ့်မယ်။ ဖန်ခွက်ကတော့ တစ်ခွက်တည်းရှိလို့ တစ်ယောက်တစ်လှည့်ပေါ့ ဟုတ်လား ဘာဖြစ်လဲဗျာ Blogger ညီအကိုတွေပဲ ကိုတီး ကိုတော့ မလာလာအောင်သွားခေါ်ရမယ်။ ကိုမော်စီလဲ ၀ှက်မထားနဲ့ ဆိုပြီး ခုပေါ်မလာ သေးပါလား။ Republic ကလူကိုတော့ ခုဏကပဲ သွားခေါ်ထားတယ်။ လာရင်လာ။ မလာရင်တော့ အိမ်ပေါ်ထိတက်ဆွဲမှာပဲ ဟတ်ဟတ် Republic>အောင်မျိုးဟန် : ဒါဆို အတော်ပဲဗျို့ ၊ အဟီး လို့တော့ပြန်ပြောထားတယ် မိုးည ကိုလဲ ခေါ်ထားတယ် ဟန်သစ်ငြိမ် ရယ် ၊ ကိုစိုးထက် ရယ် ၊ ကိုနေလင်း ရယ် ၊ အတော်များများပဲ မှတ်တောင်မမှတ်မိတော့ဘူး ကဲကဲ အားလုံးပဲ လာကြ ဗျာ ရောက်ရင်လဲ ကိုယ့်ဘာသာကိုယ်သာ ငှဲ့ ဆော်ကြတော့ ကိုယ့်အိမ်ကိုယ့်ယာလိုသဘောထားကြနော် ကျွန်တော်လျှောက်ခေါ်လိုက်ဦးမယ်။ သူကြီးမရှိရင် ရွာဆူတယ် အမြည်းမရှိရင် အာပူတယ်တဲ့ ဟောရောက်လာပါပြီဗျာ အမြည်းတွေ အများကြီးပဲ ကဲကဲ ကစ်လိုက်ကြစို့ ချိစ် နဲ့ လဲ မြည်းပေါ့ နောက်တစ်ခုက ၀ါးပိုးလေ ကျိုင်းတုံက မှာထားရတာ။း

TEA တို့လုပ်ချလိုက်ပုံကတော့......

Image
ကို အောင်မျိုးဟန် ပါ။ သူပဲ စာရင်းသွင်း ပြီး ပါမယ်ဆိုပြီး လုပ်တာ။ သူ့အိမ်ရောက်မှ မရိုက်ချင်ဘူးဆိုပြီး ဘူးးး ဘူးးးး ဆိုပြီး ဇွတ်ငြင်းနေတာ။ လာမရှုပ်နဲ့တဲ့။ ဒီမှာ နို့သီးခေါင်း ဆော့နေတာတဲ့။ လက်ထဲမှာ ရှိတယ်။ သူ့ကို အော်မေးလိုက်တယ်။ ဟေ့။ ပြောတုန်းကတော့ ပြောပြီးတော့ အခုမှ ရမလားဆိုပြီး။ သူက အမယ် ရုပ်တည်ကြီးနဲ့ မေ့သွားပြီတဲ့လေ။ သူ့နို့သီးခေါင်းကို ဆက်ဆော့နေတုန်း။ ကျွန်တော်က ဘေးက လူတစ်ယောက်ကို ပုလင်းတစ်လုံး ပြခိုင်းလိုက်တာ။ အံမယ်။ ဒင်းကလေးက အဲ့ဒီပုလင်းလဲ မြင်ရော။ မျက်လုံးက ပြုးလို့၊ တောက်လို့၊ ပြောင်လို့။ ကျွန်တော်လဲ အချိန်ကောင်းပဲ ဆိုပြီး ဓာတ်ပုံ မြန်မြန်ရိုက်လိုက်တယ်။ ဟဲဟဲ။ ဒီကလေးနှယ့် နိုင်ကွက်နဲ့ ဆော်မှ ရတယ်။ :P ကို တီး ပေါ့ သူ့ Blog မှာ ကလေးပုံတွေ တင်တုန်းက ကျွန်တော်လဲ စပ်ဆော့ပြီး ပါမယ်ဟေ့ ဘာညာပေါ့ သွားရေးမိတာ။ နောက် နာဂစ် မွှေတော့ အဲဒီကိစ္စ ကိုမေ့နေပြီအောက်မေ့တာ ဟိုတစ်နေ့က ကျွန်တော့်ဆီလာပြီး ပုလင်းတစ်လုံးနဲ့ရောက် လာတယ် ပြီးတော့ ကျွန်တော့ ကို လာပြတော့ အတော်ပဲ မသောက်ရတာအတော်ကြာပြီ ဆိုပြီး တံတွေးမြိုချလိုက်တာ အမိအရ ဖမ်းရိုက်သွားတာ ဒီလူတကယ်မလွယ်တဲ့ လူပဲဗျာ........

သူများသားသမီးတွေဘယ်လောက်ချောလဲ

Image

ကျေးဇူးတင်လွှာ

တကယ်တော့ အားလုံးကို မမေ့ပါဘူး အထူးသဖြင် ဂျေဂျေ ကိုစိုးထက် တို့ပေါ့ သူတို့ကို အရမ်းကျေးဇူးတင်ပါတယ် နောက် မချိုငယ်ဦး ၊ Chaos ၊ ဖြူစင်သူ ၊ အားလုံးအားလုံးသော အားပေးအားမြှောက်ပြုသူတွေ၊ မြှောက်ထိုးပင့်ကော် လုပ်သူတွေ အားလုံးကိုမမေ့ပါဘူး ဗျာ။ ဒီနေ့မနက်ခင်း ကျွန်တော့ Blog ကို စဖွင့်တော့ ဂျေဂျေ တို့ မချိုငယ် တို့ ပြောထားကြတာတွေတွေ့တော့ စိတ်များဆိုးသွားကြသလားလို့ပါ။ ပြောရတာမဟုတ်ဘူုးဗျ ။ ဂျေဂျေ ကတကယ်လာ နူတ်နူတ်စင်းရင် ဘယ်လိုလုပ်မလဲ ဟီး မတွေးဝင့်စရာကြီး ။ အားလုံးကို ကျေးဇူးတင်စကားနဲ့အတူ တခါတည်း အသိပေးလိုက်ပါရဲ့နော် ကျွန်တော် အပေါ်မှာ အရင်းနှီးဆုံးသူ တယောက် တစိမ်းတွေကြားမှာ ရှိနေပြီ (၀ိုင်ဝိုင်းသီချင်းမှ) ဆိုတာ အခါတည်းပဲ အသိပေးလိုက်ပါတယ် ဗျာ။ ဒီPost နဲ့ပဲ အားလုံးအားလုံးသော Blogger တွေလဲ ပျော်ရွှင်စရာနေ့သစ်တွေ ပိုင်ဆိုင်နိုင်ကြပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။

အချစ်ဆိုတာ

အချစ် ဆိုတာ ဘာလဲ ကျွန်တော့်အသက် ၂၀ ကျော်ကတည်းက စဉ်းစားရင်းရှာဖွေခဲ့တာပေါ့။အချစ်ကြောင့် ကြေကွဲရဖူးတယ် အချစ်ကြောင့် ပျော်ရွှင်ရဖူးတယ်။ အချစ်ကြောင့် ရသပေါင်းစုံ ခံစားရဖူးပါရဲ့။တွေဖူးတဲ့ အချစ်တွေအားလုံးလဲ အစစ်လား အတုလားမသိခဲ့ရသေးပါဘူး။ အခုတခါလဲ ခံစားရပြန်ပါပြီ်ဗျာ အဲဒီတော့မေးချင်လာတယ် ကျွန်တော့် အချစ်ဆိုတာတွေက ဘာတွေလဲ လူတယောက်ကို ဘယ်နှခါချစ်ခွင့်ကြုံနိုင်သလဲ။ ရမ္မက်ဆန္ဒ ကိုအချစ်လို့ခေါ်မလား။ ရိုးရိုးလေးချစ်ရင်ရော အချစ်ပဲလား။ စဉ်းစားတိုင်းအိပ်ရေးပျက်စေတဲ့ ဒီ အချစ်ဆိုတာကို ဘယ်လိုကိုင်တွယ်သင့်လဲ။............... ကျွန်တော်အမျိုးမျိုး စဉ်းစားပြီး အမျိုးမျိုး ခွဲ ခြားဝေဇန်ကြည့်တယ်။ သူ့ကိုဘာလို့ချစ်တာလဲ။ လှလို့လား? မဟုတ်ပါဘူးဗျာ လှတဲ့မိန်းခလေး အတော်များများ တွေ့ဖူးတာပဲ လှတိုင်းသာချစ်ရမယ်ဆို လောကကြီးတခုလုံးကျွန်တော်ချစ်နေမိမှာပေါ့။ ဒါဆိုရင် ဘာကြောင့်ဖြစ်မလဲ ငွေကြောင့်လား၊ဂုဏ်ကြာင့်လား။ဘာကြောင့်ချစ်တာလဲ။မသိဘူးဗျာ ချစ်ချင်လို့ကိုချစ်တာပဲဖြစ်မှာပဲ အဲဒီမှာပြောစရာရှိတာက တခုခုကြောင့် ချစ်မိတာဆိုရင်တော့ သေချာတယ်ဗျာ အဲဒီအရာ မရှိတော့ရင် တော့ သူချစ်တယ်ဆိုတာကလဲ ပျောက်ပျက်သွားနိုင်တယ်လေ။ ကျွန်တော်ပြောချင်တာကတော့...

နေဘုန်းလတ်သို့ ….

ဘလော့ဂ်ဂါမောင်နှမတွေအကြား ချစ်ခင်ရင်းနှီးစွာ စနောက်ကြရင်း "မြို့စားကြီးနေဘုန်းလတ်" လို့ နာမည်တွင်ခဲ့တဲ့သူ။ မနှစ်က ဒီလိုနေ့မှာပဲ "လွတ်ကျခဲ့တဲ့မြို့တော်" ဘလော့ဂ်လေးကို သူကိုယ်တိုင် အသက်သွင်းခဲ့တယ်။ ဒီနေ့ တော့ တစ်နှစ်တင်းတင်း ပြည့်သွားပြီပေါ့။ မှတ်မှတ်ရရ သူ့  ဘလော့ဂ်မှာ ပထမဆုံးတင်လိုက်တဲ့ ပို့စ်နာမည်ကလည်း "လွတ်ကျခဲ့တဲ့မြို့တော်" တဲ့။ လက်တွေ့ဘဝမှာ သူလွတ်ကျခဲ့တဲ့ စာရေးဆရာ၊ ဒါမှမဟုတ် အနုပညာသမားဆိုတဲ့ အမည်နာမတွေအတွက် သူ့ ဘလော့ဂ်ဟာ သစ္စာရှိတဲ့ လူယုံ၊ အစွမ်းထက်တဲ့ လက်နက်၊ အရိပ်ကောင်းတဲ့ ညောင်သစ်ပင်လို အသုံးတော်ခံခဲ့တယ်။ ရက်ပေါင်း ၃၆၅ ရက်အတွင်းမှာ သူ့ မြို့တော်က စာကောင်းစာသန့် ၁၂၂ ပုဒ် မွေးထုတ်ပေးခဲ့ပြီးပြီ။ ဒီစာတွေကြောင့် ဖတ်သူတွေအတွက် သုတပန်းတွေ လန်းလာခဲ့တယ် ၊ ရသလမ်းတွေ ဆန်းလာခဲ့တယ် ၊ ပညာမီးတွေ လင်းပလာခဲ့တယ် ။ သူကတော့ သတိထားမိချင်မှ ထားမိလိမ့်မယ်။ ဘလော့ဂ်ဂါတွေ အတွက် ပထမဆုံးဆိုတဲ့ စကားလုံးတော်တော်များများမှာ သူနဲ့ လွတ်ကျခဲ့တဲ့မြို့တော်လည်း ရင်းနှီးကျွမ်းဝင်ခဲ့တယ်။ ဘလော့ဂ်ပို့စ်တွေကို ပထမဆုံး ပုံနှိပ်မယ့်စာအုပ်အတွက် တက်တက်ကြွကြွနဲ့ သူ အစွမ်းကုန်ကြိုးစားခဲ့တယ်။ စာအုပ...

မင်္ဂလာနှစ်သစ်ပါ

Image
အားလုံးမင်္ဂလာပါ ပျော်ရွှင်စရာနဲ့ပြည့်စုံတဲ့ မင်္ဂလာနှစ်သစ်ဖြစ်ပါစေ လို့ဆုတောင်းပေးပါတယ်။ ၂၀၀၈ ခုနှစ် နှစ်သစ် မှာ လူသားအားလုံး ပျော်ရွှင်စွာနဲ့ ကိုယ်စိတ်နှလုံးကျန်းမာ ချမ်းသာနိုင်ကြပါစေ။ ကျွန်တော် တို့ကတော့ ဒီ New Year မှာ ဘာလုပ်မလဲ လို့စဉ်းစားကြတော့ ဘာလုပ်လုပ် ပိုက်ဆံကတော့ ကုန်တော့မှာပဲဆိုပြီး စဉ်းစား မိတာနဲ့ ဘာလုပ်ချင်စိတ်မှ မရှိတော့ဘူး ဖြစ်သွားတယ်။ ဒီကြားထဲ အထီးမှန်း အမမှန်း မကြေငြာထားတဲ့ ဂျေဂျေ ကလည်း သူ့မွေးနေ့ပါတဲ့ Happy Birthday and Happy New Year ပါ ဂျေဂျေ ရေ။ မင်းအတွက် ကိတ်မုန့်တလုံး အလကားရတဲ့ နေရာကနေရှာထားပါတယ်။ ကဲအဲဒီတော့ လိုရင်းကိုပြောမယ် ဒီည မီးလေးရဲ့ပါတီကိုသွားမယ်။မူးမယ် အော်မယ် ဒါပါပဲ HAPPY NEWYEAR

အသိပေးချက်

ယခုတလော ကျွန်တော် အလုပ်များစွာဖြင့် မအားမလပ်ဖြစ်နေပါသည်။ထို့ကြောင့် တချို့နေ့များတွင် Post အသစ်မတင် ဖြစ်ခြင်း Cbox တွင်ပြန်မရေးဖြစ်ခြင်းများ ရှိပါက အလုပ်ရှုပ်နေသဖြင့် မပြန်နိုင်ခြင်းဖြစ်ကြောင်း ကို နားလည်ပေးပါရန် လေးစားစွာ အသိပေးအပ်ပါသည်။

လူမိုက်ဆိုတာဘာလဲ

တရက် မူလတန်းကျောင်းလေးတွင် ဆရာမက သူ့တပည့်လေးများအပေါင်းအသင်းမမှားစေရန် နှင့် လူ့ကျင့်ဝတ် များကိုသိစေရန် ၃၈ ဖြာမင်္ဂလာတရားတော်ကိုသင်ကြားနေလေသည်။ ထိုသို့သင်ကြားရင်း အသေ၀လာစဗာလာနံ တရားတော်အစတွင်ဆရာမက “ကလေးတို့ရေ လူမိုက်ကို မပေါင်းသင်းရဘူး ကွယ့်နော်” ဟုပြောရာတွင် အလွန်စူးစမ်းတတ်သောကလေးတ ယောက်က “ဆရာမ လူမိုက်ဆိုတာ ဘာလဲ၊ဘယ်လိုပုံစံလဲ” ဟုမေးလေ၏။ ထိုအခါ ဆရာမကလည်း “အင်းလူမိုက်ဆို တာ၊နေဦးကွာ ဆရာမ မနက်ဖြန်ပြောပြမယ်” ဟုပြော၍ အတန်းဖျက်ကာနားနေခန်းသို့ အမြန် ပြေျးေလ၏။ နားနေခန်းအရောက်တွင် ထိုအကြောင်းကိုပြောပြရာမှ ဆရာမများ က ၊ လူမိုက်ဆိုတာ အရက်ကို လူမှန်းမသိ အောင် သောက်တဲ့လူ၊ ဆေးလိပ်အရမ်းသောက်တဲ့လူ စသည်ဖြင့် အငြင်းပွားကြရာမှ နောက်ဆုံး ကျောင်းအုပ် ဆရာမကြီးရုံးခန်းသို့ရောက်သော ဟူ၏။ ထိုသို့အငြင်းပွားရာတွင် သူတဖက်ငါတဖက်ငြင်းကြသောကြောင့် နှစ်ဖက်ဖြစ်သွားသည်မှာ အထူးအထွေ ပြောရန်လိုမည်မဟုတ်ပေ။ နောက်ဆုံး ဆရာမကြီး၏အဆုံးအဖြတ်ကို ခံယူမည် ဆိုကာဆရာမကြီးကိုမေးသောအခါ “ငါလဲမသိဘူး” ဟူသောပြောင်မြောက်သောအဖြေကို ရလေ၏ ထို့ကြောင့် ထိုအခက်အခဲမှ လွန်မြောက်စေရန် သင့်ကို အားကိုးရပေလိမ့်မည်။ ယခုစာဖတ်နေသူ အသင်သည်လွန်စွာမှ ဥာဏ်ပညာကြီး...

ကျွန်တော့ရဲ့ထွက်ပေါက်ကို နေရာချခြင်း

လူတော်တော်များများ(အထူးသဖြင့် သူငယ်ချင်းတွေပေါ့) မင်း Blog ရေးမှပဲ Blogger အပိတ်ခံရပြီ တဲ့။ မဆီမဆိုင်နော်။ ပြောပါစေ သူတို့ကလဲ ကျွန်တော့ရဲ့ မတောက်တခေါက်စာတွေ ကို ဖတ်ပြီး ပစ်ပစ်နှစ်နှစ် ဝေဖန်ပေး တဲ့ကျေးဇူးရှင်တွေပေါ့။ ခုနောက်ပိုင်း ကြတော့ ဟိုကျော် ဒီကျော် နဲ့မို့ အဆင်မပြေဘူး ဆိုပြီး ၀င်မ ကြည့်ကြတော့တာကြောင့် အပြောအဆို ခံရတာနဲနဲ သက်သာသွား ပါတယ်။ ဒါပေမဲ့ လူဆိုတာကလဲ ကိုယ်လုပ် နေကြ ကိုယ်ကြားနေကြ မကြားရ မမြင်ရရင် တခုခု လိုနေသလို မျိုး က အမြဲဖြစ်တတ်တော့ သူတို့ ဘာမှမပြော တော့ နေရထိုင်ရတာ တမျိုးကြီး ဖြစ်နေတာနဲ့ သူတို့လွယ်လွယ် ၀င်ပြီး ကိုယ့်ကိုဝေဖန်နိုင်အောင်လို့ ပီကေ ရဲ့ အကူအညီ ယူပြီး domain ပြောင်းထားလိုက်တယ်။ တခြားဘယ်သူပြောင်းချင်သေးလဲ ပြောင်းချင်ရင် ဒီကို သွားပြီးလေ့လာလိုက်လေ။

အချစ်အကြောင်းတစေ့တစောင်း

အချစ် အချစ် လူတိုင်းကမေးကြတယ် အချစ်ဆိုတာဘာလဲ။ ကျွန်တော်နားလည်ထားတဲ့အချစ်ဆိုတာကတော ပျော်ရွှင်မှု စိုးရိမ်ကြောင့်ကြမှု လွမ်းဆွတ်မှု နားလည်မှု ကြေကွဲမှု တွေပဲဗျာ ၁။ ပျော်ရွှင်မှု ဟုတ်တယ် ပျော်ရွှင်ခဲ့ရတယ်။ “ဘာကိုမှနားမလည်ခင် အချစ်ဟာပျားရည်လို ချိုမြိန်တယ်” အဲလက်စ် သီချင်းစာသားပဲ ။တကယ်ဘာကိုမှ ရင် မဆိုင်ရသေးချိန်မှာ အချစ်ဟာ ပျော်ရွှင်စရာတွေ အပြည့်နဲ့ပေါ့။ ၂။စိုးရိမ်ကြောင့်ကြမှု ကိုယ်ချစ်တဲ့သူကို ဆုံးရှုံးရမှာ လား ဆိုတဲ့စိုးရိမ်မှု။ တကယ်ကို နှစ်ယောက်စလုံးအတွက် ပူလောင်တယ်။ ဒီအချိန်မှာ သ၀န်တိုမှု ပေါ့ ၃။လွမ်းဆွတ်မှု မတွေ့ရတဲ အချိန်တွေမှာ ခံစားရတဲ့ဝေဒနာလေ။ “သူရောပဲ ကိုယ့်လိုများ ယောင်ရမ်းတမ်းတနေမလား” ဒီလိုလွမ်းခဲ့ရတယ်။ ၄။နားလည်မှု အရေးကြီးတယ် နားလည်မှုရှိမှ ရှေ့ဆက်ချစ်လို့ရနိုင်မှာလေ။နားလည်မှုဆိုတာမရှိတော့ရင်...... ၅။ကြေကွဲမှု ကြေကွဲမှုဆိုတာကတော့ အများနဲ့သက်ဆိုင်မှု ရှိချင်မှရှိမှာပါ။ ချစ်တဲ့သူနဲ့ကွေကွင်းရတဲ့ ဒုက္ခ ပေါ့။ တကယ်ကို ရင်ဆိုင်ရခက်ပါရဲ့။ တချို့ စိတ်အင်အားမပြည့်စုံသူတွေဆို ကိုယ့်အသက်ကိုတောင် ရန်ရှာတတ်ကြတယ်။ ကျွန်တော် Blog စရေးကတည်းက ကိုယ့်ခေါင်းစဉ်ကို ဘယ်သူ့ကိုမှ Tag မလုပ်ခဲ့ဘူးသေးဘူး။ ဒီတခါတော့ Tag ပြီ။ အခ...

ဘယ်သူနဲ့တူသလဲ

http://www.myheritage.com/collage ကဲဘာပြောကြဦးမလဲ။ တခုခုတော့ပြောလိုက်ပါ။

ထားဝယ်-ကံပေါက် သွားမှတ်တမ်း

Image
ဒီလအတွင်း ကျွန်တော်လဲ ခရီးသွားရမယ့် ကံဇာတာတွေတက်နေ လားမသိ။ မန္တလေး က ပြန်လာတာမှမကြာ သေးဘူး အလုပ်ကနေ ထားဝယ်သွားရ မယ်ဖြစ်ပါလေရော။ သွားဆိုလဲ သွားတာပေါ့ ဆိုပြီး အိမ်ပြန် အထုပ်ဆွဲ ပြီး လေယာဉ်ပေါ်တက်တော့တာကိုး။ ရန်ကုန်ကနေ ၄၅ မိနစ်လောက်လေယာဉ်စီးပြီးရင်ပဲ ထားဝယ်ကိုရောက်တယ်ဆိုပါတော့။ ထားဝယ်လေဆိပ်ကနေ မြို့ထဲကို ဆိုင်ကယ်လေးနဲ့ သွားတာက ၁၅ မိနစ် ၊ ထားဝယ်မြို့ ကိုရောက်ပြီပေါ့။ ထားဝယ်သူတွေ လိုက်ကြည့်ရင်း နဲ့ ဘယ်အချိန်ရှိပလဲ ကြည့်မိတော့ ၁၂း၀၀ နာရီ ထိုးပြီးနေပြီ။ ဟာမဖြစ်တော့ ဘူးဆိုပြီး ဆိုင်ကယ်တစီးငှားပြီး ထားဝယ်ကံပေါက်ကားဂိတ်ကိုပြေး ၊ ဟိုရောက်တော့ ကားပေါ်တောင်လူအတော် ရောက်နေပြီ။ ကားစထွက်ပါပြီ ကားသမားပုံကြည့်ရတာတော့ အရမ်းမောင်းမယ့်ပုံပဲ ခုထားဝယ်ကမထွက်ရသေးဘူး တော်တော်မောင်းနေတာ ကျွန်တော်လဲ ပင်ပန်းလာတာဆိုတော့တချက်အိပ်ပျော်သွားတယ်။ ၀ုန်းဝုန်းဆိုတဲ့ အသံနဲ့တပြိုင်ထဲ လူက အောက်ြပုတ်ကျတော့ ဟာဘာတွေဖြစ်ကုန်ပြီလဲ ဆိုပြီး ထရပ်ကြည့်ဖို့ ကြိုးစားတော့ ရပ်လို့မရနိုင်ဘူး။ ကြိုးစားပြီးအားစိုက်ထတော့မှ အားပါးပါး လကမ္ဘာပေါ်ရောက်နေပြီလားလို့တောင်ထင်သွားရတယ်။ အင်မတန် မှ ကျယ်ဝန်းနက်ရှိုင်းတဲ့ ချိုင့်ဝှမ်းတွေနဲ့အလှဆင်ထားတဲ့ ထားဝယ်...

အောင်မျိုးဟန်ခရီးသွားနေသည်။

ရန်ကုန်ကိုပြန်ရောက်ပြီဆိုတာနဲ့ စိတ်က Internet Connection ရပြီလားဆိုတာပဲ သိချင်နေတော့တာပဲ သူများတွေ နိုင်ခံတွေများမိုက်လိုက်တာဗျာ။ Singapore မှာဆို လေဆိပ်မှာ Internet အလကားသုံးလို့ရတယ် ဆိုပဲ(သူများပြောပြတာနော် မရောက်ဖူးသေးဘူး) ။ဒါနဲ့ လေဆိပ်က ကားသမားကို နီးတဲ့Internet ဆိုင်အရင်မောင်းဗျာ ဆိုပြီး ပြောတော့ လှည့်ကြည့်တယ်။ ဘာထင်လဲတော့မသိဘူး။ ဘယ်လိုထင်ထင်ပေါ့နော်။ ကိုယ်သွားချင်တဲ့နေရာ သူလိုက်ပို့ရမှာပဲဟာကို။ ဒါနဲ့ Blog အိမ်ကိုရောက်တော့ အားပါး ဧည်သည်တွေတော်တော်လာသွားတာပဲ ။ အားနာလိုက်တာ ထားဝယ်က ပါလာတဲ့ မုန့်ကုလားမဲ လေးတောင် မကျွေးလိုက်ရလေချင်း ဆိုပြီး စိတ်မကောင်း ဖြစ်မဆုံးပါဘူးဗျာ။ ဒါနဲ့ ဧည့်သည်တွေ ရဲ့ အိမ်နေတွကို ပြန်သွားတော့ Chaos ပြောမှသိရတာက တော့ ကျွန်တော်တို့ အဖွဲ့ကို မောင်ရင်ငတေခေါင်းဆောင်သတဲ့။ ဒီလူတော့ မလွယ် တော့ဘူးနဲ့ တူတယ်။ ခေါင်းဆောင်ကြီး လွတ်အောင်ပြေးပါတော့ ဟီး။ မီးလေး ကတော့ သူ့အိတ်ထဲက ဟာတွေထုတ်ပြပြီး သူ့Blog က ကန်ဒေါ်လာ 14113.50 တန်ကြောင်း ကြွားသ ဗျို့။ ပြီးတော့ တရားလဲဟောထားသေးရဲ့။ Blogger တွေရန်မဖြစ်ပါနဲ့ Blogger လောကအတွက်........ အလွမ်းအိမ် ရဲ့ Blog မှာတော့ အ၀အပြဲ စားအပြီး အထွက်...

သီတင်းကျွတ်ခရီးသွားမှတ်တမ်း

Image
ဒီ Post ကို ကိုနေလင်းဖတ်မိရင်တော့ မနာလို ဖြစ်ကောင်းဖြစ်မယ် ထင်တယ်။ ဒါပေမဲ့ မတတ်နိုင်ဘူးလေ။ မုဒိတာ ပွားနိုင်မယ် လို့မျှော်လင့်တာပဲ။ (ကိုကြီး စိတ်မဆိုးနဲ့နော်)။ ရိုက်လာတဲ့ ဓာတ်ပုံလေးတွေကို အမှတ်တရ အနေနဲ့ Post အဖြစ် တင်လိုက်ပါတယ်။ ရုပ်ဆိုးတယ်လို့မပြောကြေး ဒါ ပြင်ဦးလွင် က တိုင်းရင်းသားကြေးရွာ မှာရိုက်ထားတာပါဗျ။ မန္တလေး ကျုံးအတုလေးပေါ့။ မလှုပ်နဲ့ ပစ်လိုက်မယ်နော်။

သီတင်းကျွတ်တော့မည်

Image
သီတင်းကျွတ်တော့မယ် ဆိုတာနဲ့ ငယ်ငယ်တုန်းက သီတင်းကျွတ်မှာပျော်ခဲ့တာလေးတွေကို သတိရတယ်။ ခုအရွယ်ရောက်တော့လဲ အားကျစရာလေးတွေ ရှိနေပြန်ရော ။ မနေ့ကပဲ ဖိတ်စာလေး (၃) စောင် ရောက် လာ တယ်။ ဟဲဟဲ ဘယ်လောက်တောင်အောင့်ထားကြရ လဲမှမသိတာနော်။ Blogger မောင်နှမတွေထဲ မှာရော ဘယ်သူတွေများအစွံ ထုတ်ကုန်ပြီလဲ ဗျ။ ကျွန်တော်ကတော့ စိုင်းစိုင်းခမ်းလှိုင် သီချင်းကို ပဲ အဓိပါယ်ပြောင်းဆို နေတယ်။ “ပြောစမ်းပါဦးဟေ့ ငါ့အလှည့် ကဘယ်တော့လဲ” ခုသီတင်းကျွတ် အတွက် ကဒ် လေး တကဒ် Planet ကနေ ယူတင်ထားလိုက်တယ်။ Blogger မောင်နှမတွေအားလုံး ဒီသတင်းကျွတ်မှာ စွံနိုင်ကြပါစေ ၊ ပျော်နိုင်ကြပါစေ လို့ ဆုတောင်းပါတယ် ဗျာ။ XXXXXXXXXXXXXXXXXXXXXXXXXXXXXXXXXXXXXXXXXXXXXXXXXXXXXXXXXXXXXX ကျေးဇူးပါခင်ဗျာ ကိုနေလင်းက သူများတွေကို ကြည့်ပြီး မုဒိတာပွားရတာပေါ့ဗျာ..မဟုတ်ဘူးလား ကိုအောင်မျိုးဟန်...လာမှာပေါ့နော့် ကျွန်တော်တို့ အလှည့်လည်း...အင်းဗျာ..သတိရတယ်..သီတင်းကျွတ်အချိန်လေးကို
Image
I Scored a 67%! Meet California Singles ဒီနေ့မှပဲ ကိုယ့်ကို ကိုယ် တော်တော် ညံ့ပါလား ဆိုတာသိရတော့တယ် ။ ငယ်ငယ်လေးကတည်း က အဖိုးကျက်ခိုင်းလို့၊ကြိမ်လုံး ကြောက်ကြောက်နဲ့ ကျက်ခဲ့တဲ့ စကားလုံးတွေ ကြက်ပျောက် ငှက်ပျောက် ပျောက်နေတာ သိတော့တယ်။ စဉ်းစားကြည့် ကိုယ်အရမ်း ညံ့တာ ကိုတော့ ဘယ် လူသိခံချင်ပါ့မလဲ။ ဒါပေမဲ့ ကိုယ့်ထက်ညံတဲ့ သူများ ရှိဦးမလားလို့ ရှာကြည့်ချင်တာနဲ့ ဒီ POST ကိုရေးဖြစ် သွားတာ။ ကဲ ဘယ်လိုလဲ ( PROCARE မဟုတ်ပါ ) သတ္တိံရှိရင်စမ်းကြည့်ပါလား။ ကျွန်တော့ထက်တော့ ရမှတ်မနည်းစေနဲ့နော်။
Image
Seasons Graphic Comments ဆောင်းဦးရာသီရောက်တော့ မယ်။ အရင်နေခဲ့ဖူးတဲ့ မြို့လေးမှာဆို ခုချိန်နှင်းတွေ မခို့တရို့ကျနေလောက် ပြီပေါ့။ တခါတခါလဲ လွမ်းမိသား။ နှင်းဖွဲဖွဲလေး ကျနေတဲ့ လမ်းပေါ်မှာ စက်ဘီးကိုယ်စီနဲ့ လျှောက်သွားခဲ့တာတွေ။ အရမ်းအေးတဲ့ ညတွေမှာ ခေါင်ရေသောက်ပြီး သူငယ်ချင်းတွေ အဆောင်ရှေ့မှာ ဂစ်တာသွားတီးခဲ့တာတွေ။ ဒါတွေဟာ ငယ်ဘ၀လေးရဲ့ ရင်ခုန်စရာ အမှတ်တရလေးတွေ ပေါ့။ နှစ်တိုင်းဆောင်းနဲ့ပက်သက် တဲ့အငွေ့အသက် ရတိုင်း လွမ်းနေမှာပါ မြို့လေးရယ်။