Posts

Showing posts from March 12, 2008

မျှော်လင့်နေသူ

တူနှစ်ကိုယ် တဲအိုပျက်မှာ မနေရစေပါဘူးကွယ် ရွှေဘုံပေါ်မှာ မစံရရင်နေပါစေ ဘ၀ခရီးတစ်ခုလုံးမှာ လက်တွဲမဖြုတ်တမ်းသာ လျှောက်လှမ်းချင်ပါရဲ့ ဆံတွေဖြူ သွားကျိုးလို့ အဘွား အဖိုး ခေါ်ခံရချိန်ထိပေါ့ လူဆုံတဲ့ ထမင်းဝိုင်လေးမှာ လက်ဆုံစားရင်း နွေးထွေးစွာမိသားစုဘ၀လေးတခု တည်ဆောက်ကြရအောင် ပိုင်ဆိုင်လိုခြင်း ဟာ အချစ်မဟုတ်ဘူးလို့ ပြောသူတွေ ရှိလိမ့်မယ် ဒါပေမဲ့ အချစ်ဖြစ်လို့ ပိုင်ဆိုင်လိုစိတ်ရှိတာ သဘာဝကျပါတယ် ဘာပဲပြောပြောပေါ့ ငါ့ဘ၀အတွက် အလိုအပ်ဆုံးဟာလဲ မင်း ငါ့ဘ၀အတွက် မီးအိမ်ရှင်လေးဟာလဲ မင်းပါ ဒါကြောင့်ချစ်သူရယ် ဝေးလွင့်ခြင်း တဖက်အစွန်းကိုမသွားပါနဲ့ ကိုယ့်အနားမှာပဲ ထာဝရနေပါတော့ကွယ်......။

Blogger Ethics !

ဤ ပို့စ် ကို ကို စိုးထက် ဆီမှ တဆင့်ကူးယူဖော်ပြပါသည်။ ၂၀၀၇ ခုနှစ် အတွင်းတွင် တင်မ်အို ရေလီ ဆိုသည်က ဘလော့ဂ်ဂါတို့ အတွက် ကျင့်ဝတ် စည်းကမ်းများ သတ်မှတ် ပြဋ္ဌာန်း နိုင်ရေး ကြိုးပမ်း ကြရန် ဘလော့ဂ်ဂါ အားလုံးကို တိုက်တွန်း ခဲ့သည်။ ထိုကျင့်ဝတ် စည်းကမ်းများ ချမှတ်နိုင်ရေး အတွက် Wikipedia မှ အကူအညီပေးနိုင်ရန် wiki page တစ်ခု ဖန်တီးခဲ့သည်။ ရက်သတ္တ တစ်ပတ်ခန့် ဆွေးနွေးမှု ပြုခဲ့ကြပြီးနောက် ယင်း ကျင့်ဝတ် စည်းကမ်း များအား အခန်းခွဲများဖြင့် ဖွဲ့စည်းရန် သဘော တူညီ ခဲ့ကြသည်။ ဘလော့ဂ်ဂါများ စုပေါင်းကာ ယင်းကျင့်ဝတ် စည်းကမ်းများအား မူကြမ်း ရေးဆွဲနိုင်ရန် ကြိုးပမ်း ခဲ့ကြရာ အောက်ပါအတိုင်း ရရှိခဲ့သည်။ ၁။ မိမိရေးသားသည့် စကားလုံးများအား တာဝန်ယူမှုရှိပါ။ ဘလော့ဂ်ဂါများ အနေဖြင့် ဘလော့ဂ်တွင် ရေးသားသည့် စကားလုံး များအား ကိုယ်တိုင် တာဝန်ယူနိုင်ရမည် ဖြစ်ပြီး မိမိတို့၏ စံသတ်မှတ်ချက်များနှင့် မကိုက်ညီသော COMMENT များ ၀င်ရောက် မရေးသားနိုင်ရေး ကြိုတင် အကန့်အသတ်များ ပြုလုပ်ရပေမည်။ အရည်အသွေး မြင့်မားသည့် အကြောင်းအရာ များကိုသာ ရေးသားဖော်ပြရန်နှင့် လက်ခံနိုင်ဖွယ် မရှိသော COMMENT များအား ဖျက်ပစ်ရန် ဟူသည့် ယဉ်ကျေး သိမ်မွေ့မှု ဆိုင်ရာ စံ