Posts

Showing posts from December, 2007

မင်္ဂလာနှစ်သစ်ပါ

Image
အားလုံးမင်္ဂလာပါ ပျော်ရွှင်စရာနဲ့ပြည့်စုံတဲ့ မင်္ဂလာနှစ်သစ်ဖြစ်ပါစေ လို့ဆုတောင်းပေးပါတယ်။ ၂၀၀၈ ခုနှစ် နှစ်သစ် မှာ လူသားအားလုံး ပျော်ရွှင်စွာနဲ့ ကိုယ်စိတ်နှလုံးကျန်းမာ ချမ်းသာနိုင်ကြပါစေ။ ကျွန်တော် တို့ကတော့ ဒီ New Year မှာ ဘာလုပ်မလဲ လို့စဉ်းစားကြတော့ ဘာလုပ်လုပ် ပိုက်ဆံကတော့ ကုန်တော့မှာပဲဆိုပြီး စဉ်းစား မိတာနဲ့ ဘာလုပ်ချင်စိတ်မှ မရှိတော့ဘူး ဖြစ်သွားတယ်။ ဒီကြားထဲ အထီးမှန်း အမမှန်း မကြေငြာထားတဲ့ ဂျေဂျေ ကလည်း သူ့မွေးနေ့ပါတဲ့ Happy Birthday and Happy New Year ပါ ဂျေဂျေ ရေ။ မင်းအတွက် ကိတ်မုန့်တလုံး အလကားရတဲ့ နေရာကနေရှာထားပါတယ်။ ကဲအဲဒီတော့ လိုရင်းကိုပြောမယ် ဒီည မီးလေးရဲ့ပါတီကိုသွားမယ်။မူးမယ် အော်မယ် ဒါပါပဲ HAPPY NEWYEAR

ကမယ်ဟေ့

ကဲကဲ မရေးဖြစ်တာလဲကြာပြီဆိုတော့ ရေးဦးမှဆိုပြီးရေးဖို့အကြောင်းရှာတော့လဲခေါင်းထဲက ဘာမှထွက်ကြမလာဘူး။ အဲဒါနဲ့ စာအုပ်တအုပ် ကောက်ဖတ်တော့မှ ကဗျာတအုပ်တွေ့တယ်။ သူငယ်ချင်းတွေကို ဒီကဗျာလေးရွတ်ပြီး ကလေးလေးတွေ မူကြိုမှာကသလိုလေးက စေချင် လိုက်တာလို့တွေးမိလို့ အပီ ကူးချလိုက်တယ်။ ကကြပေတော့ဟေ့............ လေးဘယ်တွားလို့သွားရအောင် ခွေးကလေးတကောင်လို တို့သရုပ်ဆောင် ဟောင်သံလေးက ၀ုတ်ဝုတ် ငုတ်တုပ်ထိုင်လို့ အမြီးလေးလှုပ် ၀ုတ်..၀ုတ်...၀ုတ်...၀ုတ်... ဘဲလေးလုပ်လို့သရုပ်ပြမယ် ပုကွကွလေးလျှောက်ကြကွယ် အတောင်ငယ်နှစ်ဖက်က တဖျတ်ဖျတ် ခေါင်းလေးထောင်လို့မတ်မတ်ရပ် ဂတ်...ဂတ်...ဂတ်...ဂတ်...။ ။ ကနော် အမုန်းသာကပစ်။ခြေကုန်လက်ပန်းကြအောင်ကပစ်။ ဟီး......

အမှန်တရားကိုလက်တွေ့ပြခြင်း

လူတဦး၏ ဘ၀အောင်မြင်ခြင်း မအောင်မြင်ခြင်းသည် ရိုးသားမှုနှင့် အမှန်တရားကို လက်ကိုင်ထားရှိခြင်းအပေါ်မူတည်ပါသည်။ မည်မျှကြီး ကျယ်သောသူဖြစ်ပါစေ မမှန်ကန်ခြင်း၊ရိုးသာမှုမရှိခြင်း တို့ကသူ့ဘ၀ကိုမုချဖျက်ဆီးပစ်နိုင်ပါသည်။ တချို့က အမှန်ကိုပြုနေရင်းနှင့် အမှားများစွာ ဖြစ်သွားတတ်ကြသည် ။ ဆင်ခြင်ခြင်း သည် အမှန်ကိုရောက်နိုင်သော လမ်းသွယ်တခု ဖြစ်ပါသည်။ပညာရှင်များက အမှားမပြုမိခြင်းကို မင်္ဂလာဟု မယူဆခဲ့ကြ။ ကြီးကျယ်မြင့်မြတ်သော ဂုဏ်သတ္တိကို မိမိကိုယ်တိုင်ပြုနိုင်သော စွမ်းရည် မိမိ ၌သာရှိသည်ဟု ယုံကြည်ကြသည်။အမှားကိုပြင် ပြီးလျှင်မိမိ၏ကိုယ်စိတ် နှလုံးသုံးပါးစလုံး အသစ်ဖြစ်စေခြငါးသာမင်္ဂလာဟု ဆိုသော် အမှန်တရားမှာမျက်စေ့စုံမှိတ် ပြုလုပ်ခြင်းတစ်ခုမှမရှိပေ။ အဘက်ဘက်မှ ထောက်ချင့်ပြီးမှ အဖြစ်နိုင်ဆုံးသော လမ်းတခုကို ရွေးချယ်ခြင်းသာ ဖြစ်သည်။ တစ်ဖက်တွင် အမှန်တရားရှိ၏ ။ မှန်လျှင်မှန်မည် ၊ မှားလျှင်မှားမည်သာ ဖြစ်၏ ။ အမှားကို အရင်သိမှ အမှန်တရားကို ဖွင့်ရှာမည်ဟူသောအယူအဆ သည် သင်နှင့်သင့်အောင်မြင်မှု ကို အနည်းနှင့်အများ နှောင့်နေးစေမှာ ဖြစ်သည်။ အမှန်နှင့်အမှားသည် ၅၀% စီသာရှိ၏ ။ ထိုအရာကိုသာလူတို့၏ အားနည်းချက်ကြောင့် အမှားသည် ၇၀% ထိတိုးလ

ချစ်သူရဲ့တန်ဖိုး

ချစ်သူ့အသံအား ရင်နှင့်ကြားခိုက် နားဝချိုသာ ပိုကာချစ်မိပါသည်.........မေ ချစ်သူ့ရုပ်သွင် ရင်နှင့်တွေ့မြင် လွမ်းစိတ်ဝင်ကာ ရင်၌မွန်းကြပ် အသက်မကမြတ်နိုး တသက်စာဖိုးမျှ တန်ဖိုးထားရပါသည်........မေ ချစ်သူ့အမုန်း ဘ၀တသက်လုံး လေသံဟဟ နားဝမကြားပါရစေနဲ့..........မေ ချစ်သူ့အပြုံး ဘ၀တခုလုံးအတွက် အလှဆုံးဟု မှတ်ထင်ယူဆ ချစ်ရပါသည်..................မေ

ဘိုးတော်ငတေ

ငတေလမ်းလျှောက်နေပါသည်။ ဟုတ်ပါသည်၊ငတေလမ်းလျှောက်နေပါသည်။ ငတေလမ်းလျှောက်ရာလမ်းတလျှောက်တွင် ရှိသမျှ လူများရှောင်ရှား ကြသည်။ အဝေးမှတွေ့လျှင်ပင် ကိုယ့်အိမ်ကို ပြေးဝင်ကြသည်။ ထိုသို့ပြေးဝင်ရှောင်ရှားကြခြင်းသည် ငတေကလူမိုက်တယောက် ဖြစ်နေ၍လား။ထိုသို့ မဟုတ်ပါ ငတေသည် လူရိုးလုအေးတယောက်ဖြစ်ပါသည်။ သို့သော်................... ထို “ သို့သော် ” ဆိုသည့်စကားလုံး၏နောက်တွင်ကား......`ိငတေဆိုသော နာမည်ပညတ်ချက်မှာ ငတေမွေးကတည်းက အရပ်မှပေးထားသော ဖြောက်ဖျက်မရသည့် ဂုဏ်ပုဒ်တစ်ခုဖြစ်သည်။ငတေ၏မိဘ များ ကတော့သူတို့၏ချစ်လှစွာသော တစ်ဦးတည်းသောသားလေးအား “မြင့်မြတ်” ဟူသော နာမည်တစ်ခု နှင့် ချမ်းသာကြွယ်ဝမှုများကိုပါအမွေအဖြစ် ထားခဲ့ကာ သူ ၁၀နှစ်သားကို ခြေနှစ်လမ်းမျှအကျော်တွင် ဘ၀တပါးသို့ကူးပြောင်းသွားကြလေသည်။ ငတေမှာ မိဘများ၏ ရုပ်ရည်သာလွန်မှုများကြား မှ လွန်စွာဂျစ်တီးဂျစ်ကန် မှုန်ကုပ်ကုပ်မျက်နှာထားတခုကို ပိုင်ဆိုင်ထားလေသည်။ ထိုအချက်သည်ပင်ငတေဟူသောဂုဏ်ပုဒ်ကို ရရှိခြင်း၏အဓိကနေ ရာမှပါ ၀င်လေသည်။ငတေ (၆)တန်းကျောင်းသားဘ၀တွင် သူ၏မျက်နှာထားကြောင့် ကျောင်းသူကျောင်းသား များ၏ရှောင်ကြဉ်ခြင်း များစွာကို ရင်ဆိုင်ခဲ့ရသလို။ ဒေါသအလျှောက် စကားများရန်ြ

အသိပေးချက်

ယခုတလော ကျွန်တော် အလုပ်များစွာဖြင့် မအားမလပ်ဖြစ်နေပါသည်။ထို့ကြောင့် တချို့နေ့များတွင် Post အသစ်မတင် ဖြစ်ခြင်း Cbox တွင်ပြန်မရေးဖြစ်ခြင်းများ ရှိပါက အလုပ်ရှုပ်နေသဖြင့် မပြန်နိုင်ခြင်းဖြစ်ကြောင်း ကို နားလည်ပေးပါရန် လေးစားစွာ အသိပေးအပ်ပါသည်။

လူမိုက်ဆိုတာဘာလဲ

တရက် မူလတန်းကျောင်းလေးတွင် ဆရာမက သူ့တပည့်လေးများအပေါင်းအသင်းမမှားစေရန် နှင့် လူ့ကျင့်ဝတ် များကိုသိစေရန် ၃၈ ဖြာမင်္ဂလာတရားတော်ကိုသင်ကြားနေလေသည်။ ထိုသို့သင်ကြားရင်း အသေ၀လာစဗာလာနံ တရားတော်အစတွင်ဆရာမက “ကလေးတို့ရေ လူမိုက်ကို မပေါင်းသင်းရဘူး ကွယ့်နော်” ဟုပြောရာတွင် အလွန်စူးစမ်းတတ်သောကလေးတ ယောက်က “ဆရာမ လူမိုက်ဆိုတာ ဘာလဲ၊ဘယ်လိုပုံစံလဲ” ဟုမေးလေ၏။ ထိုအခါ ဆရာမကလည်း “အင်းလူမိုက်ဆို တာ၊နေဦးကွာ ဆရာမ မနက်ဖြန်ပြောပြမယ်” ဟုပြော၍ အတန်းဖျက်ကာနားနေခန်းသို့ အမြန် ပြေျးေလ၏။ နားနေခန်းအရောက်တွင် ထိုအကြောင်းကိုပြောပြရာမှ ဆရာမများ က ၊ လူမိုက်ဆိုတာ အရက်ကို လူမှန်းမသိ အောင် သောက်တဲ့လူ၊ ဆေးလိပ်အရမ်းသောက်တဲ့လူ စသည်ဖြင့် အငြင်းပွားကြရာမှ နောက်ဆုံး ကျောင်းအုပ် ဆရာမကြီးရုံးခန်းသို့ရောက်သော ဟူ၏။ ထိုသို့အငြင်းပွားရာတွင် သူတဖက်ငါတဖက်ငြင်းကြသောကြောင့် နှစ်ဖက်ဖြစ်သွားသည်မှာ အထူးအထွေ ပြောရန်လိုမည်မဟုတ်ပေ။ နောက်ဆုံး ဆရာမကြီး၏အဆုံးအဖြတ်ကို ခံယူမည် ဆိုကာဆရာမကြီးကိုမေးသောအခါ “ငါလဲမသိဘူး” ဟူသောပြောင်မြောက်သောအဖြေကို ရလေ၏ ထို့ကြောင့် ထိုအခက်အခဲမှ လွန်မြောက်စေရန် သင့်ကို အားကိုးရပေလိမ့်မည်။ ယခုစာဖတ်နေသူ အသင်သည်လွန်စွာမှ ဥာဏ်ပညာကြီး

အမှတ်တရ G.T.C

ကျွန်တော်မနေ့က ဗီရိုရှင်းရင်းနဲ့ စာအုပ်လေးတအုပ်ကို ပြန်လှန်မိသွားတယ်။ကျွန်တော်တို့ ကျောက်ဆည် GTI တက်တုန်းကစုလုပ်ထားတဲ့ ကဗျာစာအုပ်လေးပေါ့ ။ အဲဒီ တုံးက ကျွန်တော်တို့သူငယ်ချင်းတွေများဒီ ကဗျာလေးကို ဖတ်မိရင် မျက်ရည်ကျအောင်လို့ ရေးတင်လိုက်တယ်။ မျက်ရည်ဗူးသီးလုံးလောက်ကျပါစေသော်ဝ် တမာပင်တန်း ကျောင်းရှေ့က လမ်းမ ရုံးထဲက အသုပ်ဆိုင် မပျြီးပြတ်သေးတဲ့ ပန်းခြံ ကြိုးတံတား တ၀ိုက် တောင်တက်လမ်းရဲ့ တစ်ဝက် ပျော်ခဲ့ ရွှင်ခဲ့ ကြည်နူးခဲ့ ချွဲခဲ့ လွမ်းခဲ့ ချစ်ခဲ့ကြတာတွေ ဟိုး.........နောက်မှာကျန် ပြီးသွားပေမယ့် ချစ်သူရယ် (GTC) ရဲ့အမှတ်တရ မေ့လို့ရမှာ မဟုတ်ဘူးကွယ်။ ။

ဆက်လျှောက်

ဘ၀အရောင် ညနက်မှောင်မှောင် ပြိုကျမယောင် မမြင်မှုန်ဝါး မကွဲပြားပဲ ကျင်းချိုင့်ခရောင်း ဆူးညှောင့်လောင်းသော လမ်းဆိုးကြမ်းမှာ ခရီးမရောက် လမ်းမပေါက်စွာ လျှောက်လှမ်းညစ်နွမ်းနေတယ် သို့သော်............... ဆက်လျှောက် အမှောင်ထက်မမဲ သန်းကောင်ထက်ညဉ့်မနက် ရောင်နီမိုးသောက်လုပြီ ဟိုမှာ..................မိုးသောက်ကြယ်။ ။

ကျွန်တော်နှင့် Blog

ဘာလဲ Blog. ငါမှ စိတ်မ၀င်စားတာ မလိုက်ပါဘူးဟာ လို့ ငြင်းရင်းငြင်းရင်းနဲ့ ပါသွားတာက Blog Day Seminar၊ စပြီဆိုတော့ ထိုင်နားထောင်နေလိုက်တာ အကြွေးအမွေးပါ တယ်ဆိုတော့ လူကနဲနဲ စိတ်ဝင်စားသွားပြီ။ ပြီးသွားရင် ကံစမ်းမဲဖောက်ပေးမယ် ဆိုတော့ တယ်ကောင်းပေါ့။ ဒီလိုနဲ့Seminar ပြီးတော့ My Suboo အင်္ကျီတထည်မြတ်ရလိုက်တယ်။အဲဒီနေ့ Blog Day Seminar ကစတယ် ပြောရမှာပဲ ပီကေ ရေ။ပြန်လာတော့ ညနေစောင်းပြီလေ။အတူသွားတဲ့ သူငယ်ချင်းမက Blogger မှာ Account ဖွင့်ချင်တယ်ပြောတော့ လိုက်ပို့ရပြန်ရော။ မထူးပါဘူးလေ ဆိုပြီး ကိုယ်လဲ တခုဖွင့်ကြည့်လိုက်တာ Template တွေဘာတွေရွေးပေါ။့ ပြီးတော့ပြန်လာတယ် Blog နဲ့ပတ်သတ်တဲ့ ခံစားချက်ကတော့ ဘာမှထူးခြားတယ်မရှိပါဘူး။ နောက် ၂ ရက်လောက်အကြာမှ ပထမဦးဆုံး Post ကိုစတင်တယ်။ Seminar ကနေရလိုက်တဲ့ လိပ်စာတွေကို လျှောက်လည်တယ် စီဗုံးတွေမှာလျှောက်အော်တယ် အဲဒါနဲ့ပထမဦးဆုံးသော ဧည့်သည် အဖြစ် ကိုဒီမို ရောက်လာခဲ့တယ်။ ဘာရယ်မဟုတ်ပေမဲ့ ပျော်သွားတယ်။ အဲဒီလိုနဲ့ မနက်ရုံးရောက်တာနဲ့ Blog ၀င် အားရင်ရေး၊ မအားရင်လဲရေး၊ အားအားမအားအားရေးခဲ့တာ ပဲ။ တနေ့ တခေါက်မှ Blog တွေ ဆီမရောက်ခဲ့ရင် နေလို့မရ ဘူးဖြစ်နေရော ဒီလိုနဲ့ Blog စွဲကပ်သေ