Posts

Showing posts from September 26, 2008

အို.....အချစ်သို့

Image
နှုတ်ခမ်းနွေးတွေနဲ့ အလှမ်းဝေးမှာကြောက်တယ် ရင်ခွင်တံခါးကိုအသေပိတ်ခဲ့ပြီ သူ့စိတ်တွေနောက်ပြန်မသွားပါစေနဲ့။ ။ ငါ့ရဲ့ သူငယ်ချင်းဆိုတဲ့ သောကြာထောင့်ကကောင်မလေး တနင်္ဂနွေထောင့်ကိုရောက်ခဲ့တယ် အချစ်အဖြစ်နဲ့လေ.... လက်ဝါးထဲအချစ်နှစ်ပြားထည့် ငါ့သွေးနဲ့ ဆေးတစ်ခွက်တိုက်မယ် သူ့အတိတ်တွေမေ့ပျောက်နိုင်ပါစေ အိုချစ်သူ နင်ဟာ ငါ့ရဲ့ ဘ၀ နင်ဟာ ငါရှင်သန်ရာ ကောင်းကင်ကို ပိုင်စားသူ နင်ဟာ ငါ့မျှော်လင့်ချက်တို့ရဲ့ သခင်မ နင်ဟာ ငါ့ဘ၀ကိုစေစားနိုင်သူ ငါ့ရဲ့တစ်ဦးတည်းသောအချစ် သက်တော်ရာကျော်ရှည်ပါစေ......