Posts

Showing posts from June, 2008

ငါ့ဘုရင်မသို့......

Image
ပြင်းထန်တဲ့ အမိန့်တော်တွေ ချွေချတတ်လွန်းတဲ့ သူ့နှုတ်ခမ်းကို ခဏတစ်ဖြုတ်နှုတ်ဆက်မိလိုက်တာ တစ်ချက်လွှတ်အမိန့်တော်က "အိမ်ပြန်မယ်"တဲ့ အပြန်လမ်းတစ်လျှောက် ဆတ်တောက်တဲ့ခြေလှမ်းပုံများ ငါ့အနမ်းတွေ ခယဖူးတဲ့ သူ့ခြေသန်းလေးတွေ တောင် ပင်ပန်းနေရှာရော့မယ် ခွဲခွာချိန်ကို အပြုံးတစ်ချက်နဲ့ အဆုံးသတ်မပေးတဲ့အပြင် နှုတ်မဆက်ပဲ ရုတ်တရက်ထွက်သွား သြော်...ပြတ်သားတဲ့ သခင်မ ထွက်သွားပုံကိုငေး အတွေးတွေနဲ့ လှမ်းမျှော်နေ သူမသိလေရော့သလား အကြည့်တစ်ချက်မဝေ့ သိလျှက်နဲ့မေ့ဟန်ဆောင်သလား ငါ.. ရပ်လျှက်နဲ့မေ့နေ သြော်.. မနက်ဖြန်တွေ့နေကြနေရာကစောင့်မယ်လေ... တစ်အောင့်နေထွက်လာဦးမလား ငါအတွေးတွေနဲ့ငေးနေတုန်း မျှော်လင့်သူဆိုက်ရောက်ရာ အိမ်ရှေ့ဝရန်တာမှာ ငါ့ခြေလှမ်းတွေအလိုလိုရွေ့ သခင်မအိမ်ရှေ့ဆီသို့ ပီသကြည်မြတဲ့ ရသတစ်ခု ရင်မှာလက်ငင်းခံစား ဘယ်တော့မှချန်မထားခဲ့ပါနဲ့ ရင်မှာအစဉ်တမ်းတရသော ငါ့ ဘုရင်မရယ်။ ။

"မင်းကိုချစ်တယ်"

Image
ငါအဲဒီပထမဆုံးနေ့က စာရွက်တစ်ရွက်ပေါ်မှာ ခဲတံလေးနဲ့ ဖွဖွလေးရေးချရေးခဲ့တယ် "မင်းကိုချစ်တယ်" နောက်တဖြည်းဖြည်း အချိန်တချို့ကိုဖြတ်သန်းလာခဲ့မိတော့ တချိန်ကရေးခဲ့ဖူးတဲ့စာရွက်ကလေးရဲ့ အဲဒီစာကြောင်းလေးပေါ်မှာပဲ ဘောလ်ပင်တစ်ချောင်းနဲ့ထပ်ရေးဖြစ်ခဲ့တာက "မင်းကိုချစ်တယ်" နောက်ထပ်အချိန်တွေကုန်လွန်လာခဲ့တယ် ငါ့ဘ၀ရဲ့အချိန်တွေတိုင်းက အတွေးတိုင်းကိုစိုးမိုးလွန်းတဲ့မင်းကို ဒီနေ့တော့ ဂုဏ်ပြုတဲ့အနေနဲ့ ငါရေးခဲ့တယ် "မင်းကိုချစ်တယ်" နှလုံးသားထက်မှာဆေးမင်နဲ့ပေါ့...............

၁၅၀၀ထက်ပိုမပို...

Image
လူငယ်: ကျွန်တော်သူ့ကို အရမ်းချစ်တယ် ဗျာ ။ ဘယ်လိုချစ်လို့ ချစ်မှန်းမသိအောင်ပဲဗျာ လူကြီး : (တွေးတွေးဆဆဖြင့်ပြောသည်) မင်းဘယ်လောက်ချစ်ချစ် ၁၅၀၀ ထက်မပိုပါဘူးကွာ။ ကောင်လေးရ လူငယ် : (ရုတ်တရက် မခံမရပ်နိုင်ဖြစ်သွားပြီး) ဘာလို့မပိုရမှာလဲ ပိုကိုပိုတယ်ဗျ။ ကျွန်တော်သူ့ကိုချစ်တာက သူများတွေနဲ့ မတူဘူး လူကြီး : လုပ်စမ်းပါဦးကွ။ သက်ငယ်စကားသက်ကြီးကြား။ ဘယ်လိုပိုတာလဲကွ ။ မင်းတော့အရမ်းကာရောကို မွှန်နေပြီဟေ့။ လူငယ် : ဒီလိုဗျ။ ကျွန်တော်က သူ့ကို ချစ်သူတစ်ယောက်လိုချစ်တော့ ၁၅၀၀ အချစ်ဗျာ။ နောက်ကျွန်တော်က သူ့ကို ညီမလေး တစ်ယောက် လို လဲ ချစ်သေးတယ်ဗျ အဲဒီတော့ ၅၂၈ ဗျာ။ နောက် အမကြီးတစ်ယောက်လိုလေးစားတဲ့ အချစ်က ၅၂၈ ဗျာ ။ နောက်သူနဲ့ ကျွန်တော်နဲ့ ယူပြီသွားတော့ မိသားစု သံယောဇဉ်ဆိုတာ ထပ်တိုးလာမယ် အဲဒါက ၅၂၈ ဗျာ။ကဲ ဘယ်လိုလဲ စုစုပေါင်းလိုက်ရင် ၃၀၀၀ တောင် ကျော်သေး လူကြီး : တတ်လဲတတ်နိုင်တဲ့ ကောင်တွေပါလားကွာ (ပြုံး၍ ပြောလိုက်လေသည်) ကဲ ဘယ်လိုလဲ ၁၅၀၀ ထက်ပိုပါ့မလားဗျ။ လောင်းမယ်လေ......:P ။

လိုအပ်နေတဲ့နေရာတစ်ခု

Image
ဆားချက်တယ်ပဲပြောပြော။ အခုမှ ဆရာကြီးဝင်လုပ်တယ်ပဲ ထင်ထင် ဘယ်လိုထင်ထင်ဗျာ အရေးကြီးတာကတော့ ကျွန်တော်ရေး ချင်တာရေးရဖို့ပဲ။ ဒီနေ့ Blog တကာလျှောက်သွားရင်းနဲ့ တွေ့လိုက်တာကတော့ " ပို့စ်အသစ်များ " တဲ့ မိုက်တယ်ဗျာ Myanmar Blog တွေ အများကြီးရဲ့လိပ်စာ တွေကို စုစုစည်းစည်းနဲ့ လုပ်ထားတာတွေ့ရတယ်။ ဟောခေါင်းစဉ်နဲ့လိုက်အောင်လဲ ပို့စ် အသစ်တင်ထားတဲ့ Blog ကထိပ်ဆုံးမှာနေရာယူလို့။ တကယ်ချီးကျူးပါတယ်ဗျာ။ အခုလိုလုပ်ဖို့အတွက်ကို အချိန်တွေ အများကြီးအကုန်ခံပြီး လုပ်ပေးထား တဲ့ စိတ်ဓာတ်ကိုလဲလေးစားပါတယ်။ ဘယ်သူကပိုင်ရှင်လဲတော့မသိဘူးဗျ။ ဒါပေမယ့် လေးစားလို့ ဒီပိုစ့်ကိုရေးဖြစ်အောင်ရေးလိုက်တယ်။ Myanmar Bloggers တွေ ကိုယ်စားကျေးဇူးတင်ပါတယ်ဗျာ။ သူ့ရည်ရွယ်ချက်တွေက ဒီလိုတဲ့ ဤ Myanmar Blog New Post ဘလောခ့်၏ ရည်ရွယ်ချက်များမှာ Bloggers များ ပိုစ့်အသစ် တင်ပြီးလျှင် စာဖတ်သူတို့ လွယ်ကူစွာ စာဖတ်နိုင်ရန်၊ အမြဲတမ်း ပြောင်းလဲ နေသော ဘလောခ့်ဂါတွေ၏ ပိုစ့်အသစ်များကို ဖတ်ရှုနိုင်ရန် စာရေးသူနှင့် စာဖတ်သူတို့ နှစ်ဦးနှစ်ဖက်လုံး ပေါင်းစည်း လမ်းကူး ပေးရန်အစရှိသည်တို့ကို ရည်ရွယ်ပါသည်။ ကဲ ကိုယ့်Blog မပါသေးဘူးထင်ရင်သွားပြီး CBox မှာအော

ကျေးဇူးပါရင်ထဲကသူ

Image
ကမ္ဘာကြီး ဘာကြောင့်၂၃.၅ စောင်းရတယ် ငါမသိပါဘူး ဒါပေမယ့် မျှော်လင့်ချက် အနာဂတ်ရယ် ပျော်ရွှင်ခြင်းနေ့ရက် တမ်းတစရာအိပ်မက် တွေကို မင်းဆီက ပြန်ရခဲ့တယ် ငါ့အရင်က ရယ်မောချိန်တွေဟာ မင်းဘေးနားစကားထက်ထက်တွေရှလို့ မျက်ရည်ဝိုင်းရချိန်လောက်တောင် ကြည်နူးဖို့မကောင်းပါဘူးချစ်သူ ငါ့အတွက်တော့မင်းဟာ ငါမထင်မှတ်မိတဲ့ လိုက်ဖက်ထောင့်တစ်ခုကနေ ငါမစဉ်းစားမိတဲ့အချိန်မှာ ရင်ထဲကို အဆုံးတိုင်ဝင်ရောက်နေခဲ့ပြီ။။။။။။ နာမည်မမှတ်မိလိုက်တဲ့ ၀တ္ထုစာအုပ်တစ်အုပ်က ကဗျာလေးကို ဖတ်မိပြီး ကိုယ့်ခံစားချက်နဲ့ ကိုက်ညီအောင် ပြင်ရေးမိလိုက်တာပါ။

သ၀န်ကြောင်တဲ့နေ့

Image
အဲဒီနေ့က နှလုံးသားကို ထမ်း အလွမ်းတွေနဲ့ ပင်ပန်းစွာလှမ်းလျှောက်သွားတဲ့ ငါ့ခြေလှန်းတိုင်းမှာ မင်းကပ်ရပ်ပါလာခဲ့တယ် အဲဒီနေ့က အတိတ်နဲပစ္စုပ္ပန် ကြား ငါခွဲခြားမရပဲ စကားထက်ထက်တွေကြား ကြားငြပ်နေခဲ့တယ် အဲဒီနေ့က အတွေးမျိုးစုံပတ်ဝိုင်း ငါ့ရင်မှာ လှိုင်းခပ် ဖြစ်နိုင်ရင် ငါ့မင်းကို တံတိုင်းခပ်ထားလိုက်ချင်တယ်ကွာ။။။။။

၂လဆိုတဲ့ ကာလတစ်ခုကို အောင်မြင်စွာဖြတ်သန်းခြင်း

Image
ချစ်သူနှစ်လဆိုတဲ့ အချိန်ဟာ ဘာမှမဟုတ်ပေမယ့် မင်းကတော့ ငါ့ရင်ထဲကို စူးစူးနစ်နစ် ၀င်ရောက်နေခဲ့ပြီနော်။ ကိုယ့် ဘ၀မှာ မရှိမဖြစ် ဆိုတဲ့နေရာလေးတစ်ခုက မင်းအတွက် ဖြစ်နေခဲ့ပြီကွယ်။ ကိုယ်တို့နှစ်ယောက် ရှေ့ဆက်သွားကြဖို့အတွက် ကိုယ်တို့ လက်တွေ ပိုခိုင်မြဲအောင် ဆုတ်ကိုင်ထားကြမယ်နော် "သဲသဲ ကို၊ ကိုကို အရမ်းချစ်တယ်ကွယ်"

သိပ်ချစ်ရသောစာကလေးမလေးသို့......

Image
ကျွန်တော့ဘ၀ရဲ့ နူးညံ့သိမ်မွေ့မှု ၊ မျှော်လင့်ချက်၊ပြီးတော့ချစ်ခြင်းမေတ္တာ....... အားလုံးတပြိုင်နက်တည်း ထွန်းကားလာချိန်ရှိ လာလိမ့် မယ်လို့ ကျွန်တော်တစ်ခါမှ မတွေးခဲ့မိဘူး။ အချိန်တိုတို လေးအတွင်းမှာ သံယောဇဉ်ကြီးမားခဲ့ ကြတဲ့ ကျွန်တော်တို့ နှစ်ယောက် ကျွန်တော့်ဘ၀မှာ လုံးဝမျှော်လင့်မထားတဲ့ ဖြစ်ရပ်တစ်ခုပေါ........ ကျွန်တော်တို့နှစ်ယောက်ရဲ့ သံယောဇဉ်ဟာ မိုးတွေရွာနေတဲ့ ဖေဖော်ဝါရီရဲ့ အေးမြတဲ့ ရာသီတစ်ခုအောက်မှာ စတင်ခဲ့တယ် လေ။ တနည်းပြောရရင် မိုးတွေရွာတဲ့ ဆောင်းလေးပေါ့။နောက်သိပ်မကြာခင်မှာပဲ ကျွန်တော်တို့ နှစ်ယောက်က တစ်ယောက် ဘ၀ထဲကို တစ်ယောက် အပြီးတိုင် ၀င်ရောက်ခဲ့ကြတယ်။ အဲဒီ့ ကျွန်တော့်ချစ်သူလေးကို ကျွန်တော်က စာကလေးမလေးလို့ ကင်ပွန်းတပ်ပေးထားခဲ့တယ်။ တစ်နေ့တာရဲ့ ညနေခင်းအချိန်တွေနဲ့ အပတ်စဉ် စနေနေ့ရဲ့ မနက်ခင်းတွေမှာ ကျွန်တော်ဟာ ကျွန်တော့် စာကလေးမလေးနဲ့ အတူကော်ဖီသောက်ဖို့ တာဝန်ကျနေခဲ့တယ်။ နောက်.. ဖြိုးကြီးနဲ့ ဖြူဖြူကျော်သိန်းတို့ရဲ့ "အချစ်" ဆိုတဲ့ သီချင်းတစ်ပုဒ်ကို အတူတူ ဆိုငြီးဖို့... သူသွားချင်တဲ့ ခရီးတစ်ခုကို မဖြစ်မနေ စီစဉ်ပေးဖို့.... သွားရင်းလာရင်း ပြောရင်းဆိုရင်းနဲ့ သူ့ရဲ့ဓားထက်ထက် စကားလုံးေ

ကျွန်တော့အကြောင်းပေါက်ကရ

Image
ဒီနေရာကနေ စဖတ်ပြီဆိုတာနဲ့ ခင်ဗျားဟာ စပ်စုတတ်သူတစ်ယောက်လို့ ကျွန်တော်က သတ်မှတ်ပြီးသား ဖြစ်သွားပြီ။ အဲဒီမှ တော့ မထူး ပါဘူး အဆုံးထိဆက်ဖတ်မယ်လို့ ခင်ဗျားတွေးပြီး ဆက်ဖတ်ချင်လဲဖတ်ပေါ့။ မဖတ်ချင်တော့လို့ ပိတ်ပစ်လိုက်လဲ ခင် ဗျား နဲနဲတော့ စပ်စု လိုက်တာပဲလေ။ အောက်ကဆက်ရေးမယ့် အကြောင်းက ဘာလဲဆိုတော့ ဘာမှန်းမသိတဲ့ ကောင်တစ်ကောင်လို့ သတ်မှတ်ထားတဲ့ ကျွန် တော့်အကြောင်း လေ။ ကျွန်တော်က ဗိုလ်ချုပ်အောင်ဆန်း တို့ ။ ပြင်သစ် သမ္မတ မီးတရောင်း တို့ မဟုတ်ဘူး ။ အဲ ဒါပေမဲ့ သူတို့လိုပဲ နာရီ မပတ်ဘူး ။ အိပ် ကပ်ထဲမှာ ပိုက်ဆံမရှိတာ ချင်းလဲ တူတယ်။ နောက်ဆိုင် တစ် ဆိုင်ဆိုင်မှာ စားပြီးသွားရင် ဘေးလူက ရှင်းပေးရတာလဲတူတယ်။ သိတယ်မ ဟုတ်လား။ ဟိုကတော့ ခေါင်းဆောင်ကြီးတွေမို့ ကျွန်တော် ကတော့ ပိုက်ဆံကို မကပ်လို့ ။ သြော်.. လမ်းတွေတောင်လွဲကုန်ပြီ ။ကျွန်တော် က သူတို့ လို ထင်ရှားသူမဟုတ်တော့ ကျွန်တော့် အကြောင်းကို သူတို့ လို သမိုင်းစာအုပ်တွေ နိုင်ငံတကာက စာစောင်တွေ မဂဇင်းတွေမှာ ကျယ်ကျယ်ပြန့်ပြန့် မြင်ရမှာ မဟုတ်ဘူး ဒီနေရာမှာ ဖတ်ခွင့် ရတဲ့ အတွက်တော့ ခင်ဗျားတော်တော် ကံကောင်းသွားပြီ။ ဒီလို

ပျော်စရာရွှင်စရာဘလောဂ့်ကမ္ဘာ

Image
တစ်နေ့တွင် ကျွန်တော်မောင်ရက်ရာဇာသည် ကျွန်တော့်၏ စိတ်ထွက်ပေါက် အိမ်တွင် အေးဆေးစွာအနားယူနေခိုက် Republic ဆိုသော လူတစ်ယောက် အိမ်ပေါ်သို့ တက်လာလေ၏။ထိုအခါ ကျွန်ုပ်က ကျွန်တော်။ ၊ဟာ ဟေ့လူလာဗျာ။ ဘယ်က လှည့်လာတာတုန်း Republic ၊ ၊ခင်ဗျားဆီလာတာ လာရတဲ့အကြောင်းအရင်း က .... ဆို၍ အတင်းပင် အပ်တစ်ချောင်းကို ထုတ်၍ ဆေးမင်ထိုးရန် ကြံစည်လေ၏။ကျွန်ုပ်မှာ မည်သို့မျှ ငြင်းဆန်ပါသော်လည်း မရသောကြောင့်ချော့မော့ ၍ မေသူပိုင်တို့ သူငယ်ချင်းသုံးယောက် ပေါင်း၍ ဖွင့်ထားသော လက်ဖက်ရည်ဆိုင် ဖက်သို့ ဆင်းပြေးရလေ၏။ လက်ဖက်ရည်ဆိုင်သို့ ရောက်သော် ကျွန်တော် ၊ ၊ ညီငယ်တီးရေ ပေါ့စိမ့်တစ်ခွက်... ဟုမှာပြီးနောက် ကျွန်တော် အမောဖြေနေစဉ်တွင် အဖျော်စရာလည်းလုပ် စားပွဲထိုးလဲ ဖြစ်သော အသက် ၂၀ အရွယ်ရှိ Tea တစ်ယောက် က ကျွန်ုပ်အားလက်ဖက်ရည် လာပို့ ပေးလေ၏။ Tea ၊ ၊လ္ဘက်ရည်လာပို့သွားတယ်.... ထို့နောက် အဖျော်ဆရာ Tea နှင့် Opposite Eye တို့ ၏ စကားစစ်ထိုးပွဲကို ဘေးမှ မသိမသာ နားစွင့်၍ နေစဉ်တွင် "ဟော့ဒီက အေးကြည်မ ကြွပ်ကြွပ်ကြော် စားကြအုံးမလား တစ်ရာဖိုး ၃ခု" ဟူသောအသံကို ကြားလိုက်ရလေ၏။ ထိုအခါမှာ မနက်စာမစားရသေး

ကြယ်ကလေးသို့.....

Image
I LOVE YOU I Innocent L Loving O Odd V Vigorous E Energetic Y Youthful O Outrageous U Useful ငါ့စကားတွေ နိမ့်ကျနေလောက်တယ် ဒါပေမယ့် ငါ့အချစ်တွေ ကောင်းကင်ထက်တောင်မြင့်ပါသေးတယ် ငါခပ်မြောက်မြောက်နဲ့ မင်းလက်ကိုတွဲ လမ်းလျှောက်ရချိန်တိုင်းကို တန်ဖိုးထားခဲ့ပါတယ် ငါ့ရင်ခွင်ထဲ မင်းရောက်နေချိန်တိုင်းမှာ ငါ့နှလုံးသားအဆက်မပြတ်ခုန်နေတယ် မင်းမျက်ဝန်းညိုတို့ ငါ့ကြောင့် တစ်ခါစိုစွတ်စဉ်တုန်းက ငါအတိုင်းမသိဝမ်းနည်းခဲ့ဘူးတယ် မင်းမျက်ဝန်းညိုတို့ စိမ်းစိမ်းတောက်တော့ ငါဆောက်တည်ရာမရ ကြောက်လန့်ခဲ့ဘူးတယ် သြော် ကောင်းကင်က ကြယ်တစ်ပွင့် ငါ့ရင်ထဲကို ကြွေကျခဲ့တာလား ကြယ်ကလေးရေ မင်းကို ငါ့ဘုရင်မတစ်ပါးလို ခယပါ့မယ် ငါ့ရင်ခွင်ကို ထားခဲ့ပြီး အဝေးကိုထွက်မသွားပါနဲ့နော် ငါတစ်ယောက်တည်း မနေတတ်တော့လို့ပါ.........

ကျိမ်စာသင့်အလွမ်းည

Image

သောက်သောက်စားစားလူ့မင်းသားတဲ့

Image
ကဲ ဖိတ်စရာရှိတဲ့ လူတွေလဲ ဖိတ်ခဲ့ပြီးပြီ ကိုယ့်တာဝန်က ထိုင်စောင့်ဖို့ပဲဆိုတော့ ပုလင်တစ်လုံးနဲ့ ဖန်ခွက်ချပြီးထိုင်စောင့်နေပြီဗျာ။ သောက်ချင်သလောက်သာသောက်သွားကြအမြည်းကတော့ မှာထားတုန်း လာလိမ့်မယ်။ ဖန်ခွက်ကတော့ တစ်ခွက်တည်းရှိလို့ တစ်ယောက်တစ်လှည့်ပေါ့ ဟုတ်လား ဘာဖြစ်လဲဗျာ Blogger ညီအကိုတွေပဲ ကိုတီး ကိုတော့ မလာလာအောင်သွားခေါ်ရမယ်။ ကိုမော်စီလဲ ၀ှက်မထားနဲ့ ဆိုပြီး ခုပေါ်မလာ သေးပါလား။ Republic ကလူကိုတော့ ခုဏကပဲ သွားခေါ်ထားတယ်။ လာရင်လာ။ မလာရင်တော့ အိမ်ပေါ်ထိတက်ဆွဲမှာပဲ ဟတ်ဟတ် Republic>အောင်မျိုးဟန် : ဒါဆို အတော်ပဲဗျို့ ၊ အဟီး လို့တော့ပြန်ပြောထားတယ် မိုးည ကိုလဲ ခေါ်ထားတယ် ဟန်သစ်ငြိမ် ရယ် ၊ ကိုစိုးထက် ရယ် ၊ ကိုနေလင်း ရယ် ၊ အတော်များများပဲ မှတ်တောင်မမှတ်မိတော့ဘူး ကဲကဲ အားလုံးပဲ လာကြ ဗျာ ရောက်ရင်လဲ ကိုယ့်ဘာသာကိုယ်သာ ငှဲ့ ဆော်ကြတော့ ကိုယ့်အိမ်ကိုယ့်ယာလိုသဘောထားကြနော် ကျွန်တော်လျှောက်ခေါ်လိုက်ဦးမယ်။ သူကြီးမရှိရင် ရွာဆူတယ် အမြည်းမရှိရင် အာပူတယ်တဲ့ ဟောရောက်လာပါပြီဗျာ အမြည်းတွေ အများကြီးပဲ ကဲကဲ ကစ်လိုက်ကြစို့ ချိစ် နဲ့ လဲ မြည်းပေါ့ နောက်တစ်ခုက ၀ါးပိုးလေ ကျိုင်းတုံက မှာထားရတာ။း

ရှင်းလင်းချက်

Image
အန် အချိန်တဲ့လား ဘယ်လောက်ကြာဦးမှာလဲ အလွန်ဆုံးရှိမှ ၄ လပေါ့ အော် အချစ်လား များတယ်တော်တော်များများပဲ အနည်းဆုံးကတော့ ကောင်းကင်တစ်ခုစာလောက်ရှိမယ် ........... ယုံကြည်မှုလား ရှိတာပေါ့ ဘ၀တစ်ခုလုံးစာအတွက် ပစ်ခတ်ပြီးယုံကြည်ထားလိုက်တာလေ .......... မလိုက်ဖက်ဘူး ဟုတ်လား လိုက်ဖက်ရင် ဘာလုပ်လို့ရမလဲ မလိုက်ဖက်တော့လဲ ဘာဖြစ်မလဲ?????? ........... အော် သစ္စာတရားလား ငါ့လက်စွဲကျမ်းထဲမှာရေးထားတာ အပြည့်ပဲ မင်းလာကြည့်လိုက်ဦး တစ်ဖက်သတ်အမြင် တစ်ဖက်သတ်အတွေးနဲ့ ငါ့ရင်ထဲအထိမမြင်ဘဲနဲ့ ငါတို့ ကိုမဝေဖန်ပါနဲ့ မင်းတို့ ဝေဖန်ချက်တွေ အဲဒီနေ့က အကုန်မြောင်းထဲရောက်ကုန်တယ်......... Dedicated to My Sweety.

Ultra Surf

Image
Ultra Surf ကို Direct Connection နဲ့ တွဲသုံးပုံသုံးနည်းလေးပါ သိတဲ့သူရှိသလို မသိတဲ့ သူလဲ ရှိပါလိမ့်မယ်။ သိပြီးသားသူတွေကို မရည်ရွယ်ပါဘူး။ မသိသေးတဲ့ သူတွေ ကို ကိုယ်ချင်းစာလို့ ပါ။ အားလုံးစိတ်ပျော်ရွှင်စွာနဲ့ Blogging နိုင်ကြပါစေဗျာ။ Ultra Surf မရှိတဲ့ သူတွေ အတွက် ဒီမှာယူ နော်။

ရင်နင့်အောင်ရူး

Image
မင်းရဲ့ရက်စက်ခြင်းတွေအကြောင်း ကဗျာတပုဒ်လောက်ရေးရဦးမယ်လေ ငါဆိုနေကျသီချင်းလေးကို အဖန်ဖန်ကြားရလို့ မင်းငြီးငွေ့နေတာသိလာပါပြီ အော်..ဟောင်းလေသစ်လေ ဖြစ်နေတဲ့ ငါ့ရင်ခုန်သံတွေက နှစ်ချို့WHISKY လိုသာ တန်ဖိုးတိုးလာခဲ့တယ် ဟိုတစ်နေ့က မြင်လိုက်ရတယ် မင်းမျက်ဝန်းမှာ မီးစိမ်းစိမ်းတွေတောက်လို့ပါလား ငါ သိပ်ကြောက်သွားမိတာကို မင်းလှောင်ရယ်နေမှာ မြင်ရောင်ပါရဲ့။ ငါ ငတ်မွတ်နေတဲ့ နင့်အနမ်းတွေကို ဘယ်တော့များမှ ၀၀လင်လင် စားသုံးနိုင်မှာပါလိမ့်ကွာ ငါ မနေ့ညက အိပ်မက်တခုမှာတော့ ကျေနပ်ခွင့်ရလိုက်တယ် မင်းနဲ့အတူပေါင်းသင်းနေထိုင်ခွင့်ရလိုက်တယ်တဲ့လေ အိပ်မက်က နိုးချိန်ကျတော့ ငါလက်တွေ့မှာ မင်းရက်စက်မှုတွေအကြောင်း ကဗျာစပ်နေခဲ့တယ်။ ဟတ်ဟတ် ဘယ်လောက်တောင် ရယ်ဖို့ကောင်းလိုက်တဲ့ကံကြမ္မာလဲ ခုချိန်ထိ ငါ့အချစ်စစ်မှန်တာကို လူတွေမယုံကြည်နိုင်ကြသေးဘူးလေ။ ။