Posts

Showing posts from December 10, 2007

လူမိုက်ဆိုတာဘာလဲ

တရက် မူလတန်းကျောင်းလေးတွင် ဆရာမက သူ့တပည့်လေးများအပေါင်းအသင်းမမှားစေရန် နှင့် လူ့ကျင့်ဝတ် များကိုသိစေရန် ၃၈ ဖြာမင်္ဂလာတရားတော်ကိုသင်ကြားနေလေသည်။ ထိုသို့သင်ကြားရင်း အသေ၀လာစဗာလာနံ တရားတော်အစတွင်ဆရာမက “ကလေးတို့ရေ လူမိုက်ကို မပေါင်းသင်းရဘူး ကွယ့်နော်” ဟုပြောရာတွင် အလွန်စူးစမ်းတတ်သောကလေးတ ယောက်က “ဆရာမ လူမိုက်ဆိုတာ ဘာလဲ၊ဘယ်လိုပုံစံလဲ” ဟုမေးလေ၏။ ထိုအခါ ဆရာမကလည်း “အင်းလူမိုက်ဆို တာ၊နေဦးကွာ ဆရာမ မနက်ဖြန်ပြောပြမယ်” ဟုပြော၍ အတန်းဖျက်ကာနားနေခန်းသို့ အမြန် ပြေျးေလ၏။ နားနေခန်းအရောက်တွင် ထိုအကြောင်းကိုပြောပြရာမှ ဆရာမများ က ၊ လူမိုက်ဆိုတာ အရက်ကို လူမှန်းမသိ အောင် သောက်တဲ့လူ၊ ဆေးလိပ်အရမ်းသောက်တဲ့လူ စသည်ဖြင့် အငြင်းပွားကြရာမှ နောက်ဆုံး ကျောင်းအုပ် ဆရာမကြီးရုံးခန်းသို့ရောက်သော ဟူ၏။ ထိုသို့အငြင်းပွားရာတွင် သူတဖက်ငါတဖက်ငြင်းကြသောကြောင့် နှစ်ဖက်ဖြစ်သွားသည်မှာ အထူးအထွေ ပြောရန်လိုမည်မဟုတ်ပေ။ နောက်ဆုံး ဆရာမကြီး၏အဆုံးအဖြတ်ကို ခံယူမည် ဆိုကာဆရာမကြီးကိုမေးသောအခါ “ငါလဲမသိဘူး” ဟူသောပြောင်မြောက်သောအဖြေကို ရလေ၏ ထို့ကြောင့် ထိုအခက်အခဲမှ လွန်မြောက်စေရန် သင့်ကို အားကိုးရပေလိမ့်မည်။ ယခုစာဖတ်နေသူ အသင်သည်လွန်စွာမှ ဥာဏ်ပညာကြီး