Posts

Showing posts from January 23, 2008

ကင်းခြေများရဲ့အဖြစ်

ကြမ်းပိုး၊ပင့်ကူ၊ပိုးဟတ် နှင့် ကင်းခြေများ တို့ ပျော်ပွဲစားနေကြသည်။ ကြမ်းပိုးက... ကဲ...တို့ဘော်ဒါတွေ ဆုံတုန်းလေး ဘီယာလေးဘာလေး သောက်ရရင်ကောင်းမှာပေါ့ အေးကွာ..စကားပြောကောင်းသွားတာပေါ့ ကဲ..ဒါဆိုဘယ်သူသွားဝယ်မလဲ..တယောက်ယောက် တာဝန်ယူလိုက်ရင်ကောင်းမယ်နော် ပင့်ကူက စဉ်းစဉ်းစားစား နဲ့ပြောသည်။ လူဆိုတာ ခြေနှစ်ချောင်း..မြင်းကခြေလေးချောင်း..ခြေနှစ်ေိချာင်းထင်ကို ခြေလေးချောင်းက ပိုများလဲများတယ် မြန်လဲမြန်တယ်..ဒီတော့ ငါတို့အထဲမှာခြေအများဆုံး ကင်းခြေများ က သွားဝယ်ပေါ့..ဟုတ်လား ကင်းခြေများက သူ့သူငယ်ချင်းများကို ကြည့်ပြီး.. ကောင်းပြီလေ ဘော်ဘော်တို့ ဆန္ဒရှိရင်လဲ ကိုသွားပါ့မယ်..ဟုတ်ပြီလား.... ဟုဆို၍ ထထွက်သွားလေသည်။ သူငယ်ချင်းများက စားသောက်ရင်း စောင့်နေကြသည်။ နှစ်နာရီခန့်ကြာသည် ကင်းခြေများက ပြန်မလာသေး။သူငယ်ချင်းများကစောင့်ရင်း စားကြသည်မှာ ဗိုက်ကလည်းတင်း စားစရာကလည်း ကုန်သလောက်ရှိနေပြီ။ ပိုးဟပ်က စိတ်ပျက်စွာပြောသည်။ ကင်းခြေများကလည်းကွာ နာမည်နဲ့လိုက်အောင် ဘယ်များသွားခြေများနေပါလိမ့် ဟုတ်ပါ့ကွာ ဒီကောင်ကြီး ခိုင်းလိုက်ရင် ဒီအတိုင်းပဲ ဘ်ာတော့မှာဖြောင့်ဖြောင့်တန်းတန်း မသွားဘူး... ပိုးဟပ်စကားကို ပင့်ကူကထောက်ခံ၏ ။ ကြမ