Posts

Showing posts from March 19, 2008

ဆိုရင်.........

ငါ နင့်မျက်နှာမြင်မှ အသက်ရှင်ရမှာပါ ငါ့အနာဂတ်မှာ နင်မပါတော့ဘူးဆိုရင်...... ငါ နင့်အသံကြားမှ တက်ကြွနိုင်တဲ့သူပါ ငါ့တနေ့တာတွေမှာ နင်မပါတော့ဘူးဆိုရင်...... တကယ်တော့ ငါဟာရေနစ်နေသူပါ ကျေးဇူးပြု၍ ၀ါးကူမထိုးကြပါနဲ့ ငါ့လက်ထဲက ကောက်ရိုးတစ မီးကျွမ်းနေပါတယ် အဲဒီတော့ ငါကျေကျေနပ်နပ် သေဆုံးနိုင်ဖို့ နင်ခဏတော့ပြုံးပြပေးလိုက်ပါ။ ။

ရင်ထဲကနွေ

ဘာလိုလိုနဲ့ တမိုးသောက်ခဲ့ပြန်ပြီ ငါ့အိပ်ပျက်ညတွေကို အလျော်ပေးဖို့ အရေးမဆိုတော့ပါဘူး အိမ်ရှေ့မှာတေးဆိုတယ်ဆိုတဲ့ငှက်တွေတောင် အခုနားငြီးလိုက်တာနော် တလောကလုံးက ဝေတေတေ၀ါးတားတားနဲ့ ငါ့စိတ်တွေလိုပေါ့ တိတ်တိတ်လေးနေနေပေမဲ့ ရင်ထဲကဆူညံသံတွေကြောင့် ငါ့စာကလေးငှက်မလေး လန့်ပျံသွားမှာတောင်စိုးမိတယ် တချို့ငှက်တွေတောင် ငါ့အတွေးကို လှောင်ပြုံးပြုံးသွားကြတယ် သြော်ရင်ထဲကနွေကို ငြိမ်းအေးစေဖို့ ငါတခုခုလုပ်မှဖြစ်တော့မယ်

သေလက်စနဲ့

မနက်ခင်းနေရောင်မှာ ငါ့အတွက်အသက်ဓာတ်တွေပါမလာဘူး ငါ...သေဆုံးလျက်ပဲ အသက်ရှင်နေခဲ့တယ်။ ငါနင့်အနားကို ၀ိဥာဉ်အဖြစ်နဲ့ အရောက်လာခဲ့ဖူးတယ် အဲဒီအချိန်က နင်ငါ့ကိုလွမ်းမနေဘူးထင်ရဲ့ ငါနင့်ဘေးမှာ အသက်ရှင်ခွင့်မရခဲ့လို့လေ ငါတိတ်တိတ်လေးနောက်ရောင်ခံလိုက်မိတော့ နင့်ဝိဥာဉ် အတိတ်ကိုခရီးထွက်တာနဲ့ဆုံခဲ့တယ် အော်ကြုံမှကြုံတတ်ပလေတယ် အေးပေါ့လေ သီချင်းတပုဒ်လို မြေကြီးနဲ့ကောင်းကင်ကြားက ရသလောက်ပါပဲ ငါစိတ်ဖြေလျှော့လို့ သေလက်စနဲ့ပဲသေနေခဲ့ပါတယ်........