Posts

Showing posts from July 8, 2008

အစွန်းရောက်

Image
ယောက်ျားတစ်ယောက်ရဲ့မာန ခ၀ါချမိတဲ့ အထိကို ချစ်မိပါတယ် အတိုးတက်သလိုမျိုးပေါ့ မင်းရဲ့အချစ်ဆိုတာကို ကိုးကွယ်မိပါတယ် ဘာ...ကြေကွဲရမယ့်အချိန် မင်းပြောခဲ့စဉ်တုန်းက တိမ်ဝင်သွားတဲ့ ငါ့အသံတွေ မင်းမသိလိုက်တာလား ဝေ့တက်လာခဲ့တဲ့ မျက်ရည်ဆိုတာတွေကို တကယ်ရင်ဆိုင်ရတော့မှပဲ ၀တ်လည်တယ်ဆိုတာကိုလက်ခံမိတော့တယ် သြော်..ချစ်သူရယ် ငါ့အချစ်က မင်းလက်ခုတ်ထဲကရေ မင်းနေစေချင်နေ မင်းကြွေစေချင်ကြွေနေမှာပါ သေအောင်ဝေဒနာတွေမပေးဖို့တော့ နောက်ဆုံးတောင်းပန်ထားပါရစေ။ ။