Posts

Showing posts from January 14, 2008

Blogger များအတွက်

ဒီနေ့ Internet ဂျာနယ်ဝယ်ဖတ်ဖြစ်တယ် အဲဒီမှာ တစ်ခုသတိထားမိတာက Blog roll ဆိုတဲ့ အပိုင်းလေး အဲဒီမှာ ညီလင်းဆက်ရဲ့ Post တွေထဲ က တခုကိုကောက်နှုတ်ဖော်ပြထားတယ်ဗျ။ ကျွန်တော်ကတော့ အဲဒီအစီအစဉ်ကို ကောင်းတယ်လို့ မြင်တယ်။ Blog တွေကို ခက်ခက်ခဲခဲ ၀င်ဖတ်နေသေးတဲ့ Reader တွေရှိသလို မဖတ်ဖြစ်တဲ့ သူတွေ အတွက် လဲ ဒါလေးတွေဖတ်လို့ရတော့ ကောင်းတာပေါ့ဗျာ။ ကျွန်တော်တို့တတွေ အသက်ဆက်ရှင်နေသေးတယ်ဆိုတာ လဲ တနည်း အသိပေးရာရောက်တာပေါ့။ ခုတော့ ဘယ်နေရာရောက်ရောက် Blog တွေအကြောင်း ပြောသံကြားနေရတယ်။ နောက်တခုသတိထားမိတာက ခုတလော Blogger တွေ Post အတင်နည်းသွားသလိုပဲ Myanmar Blogger တွေကို ပြောတာ နော် 2008 ရောက်လာပြီးနောက်ပိုင်း Newyear ကိုက်နေကြတာလားတော့မသိဘူး တချို့ Blog တွေမှာ ဆို POST အသစ် မတက်တာ အတော်ကြာပြီ ကျွန်တော်အပါအ၀င်ပေါ့လေ။ ဒီလိုပြောလို့ ဆရာကြီးလုပ်တယ်လို့မထင်ကြပါနဲ့ဦး ကျွန်တော်က POST အသစ်လေးတွေဖတ်ချင်လို့ ပြောတာပါ။ ကျွန်တော်လဲ ဒီနေ့ကစပြီး POST မှန်မှန်တင်ဖြစ်မှာပါ။ သူငယ်ချင်းတွေလဲ ပြောက်နေတာအတော်ကြာပြီဆိုတော့ လာကြပါဦးလို့ ပြောချင်ပါတယ်။ Blogger အားလုံးကိုယ်စိတ်နှလုံး ရွှင်ပြုံးနိုင်ကြပါစေလို့ ဆုမွန်ကောင်းတောင်းလိုက်ပါတ