Posts

Showing posts from September, 2008

အို.....အချစ်သို့

Image
နှုတ်ခမ်းနွေးတွေနဲ့ အလှမ်းဝေးမှာကြောက်တယ် ရင်ခွင်တံခါးကိုအသေပိတ်ခဲ့ပြီ သူ့စိတ်တွေနောက်ပြန်မသွားပါစေနဲ့။ ။ ငါ့ရဲ့ သူငယ်ချင်းဆိုတဲ့ သောကြာထောင့်ကကောင်မလေး တနင်္ဂနွေထောင့်ကိုရောက်ခဲ့တယ် အချစ်အဖြစ်နဲ့လေ.... လက်ဝါးထဲအချစ်နှစ်ပြားထည့် ငါ့သွေးနဲ့ ဆေးတစ်ခွက်တိုက်မယ် သူ့အတိတ်တွေမေ့ပျောက်နိုင်ပါစေ အိုချစ်သူ နင်ဟာ ငါ့ရဲ့ ဘ၀ နင်ဟာ ငါရှင်သန်ရာ ကောင်းကင်ကို ပိုင်စားသူ နင်ဟာ ငါ့မျှော်လင့်ချက်တို့ရဲ့ သခင်မ နင်ဟာ ငါ့ဘ၀ကိုစေစားနိုင်သူ ငါ့ရဲ့တစ်ဦးတည်းသောအချစ် သက်တော်ရာကျော်ရှည်ပါစေ......

သန့်ရှင်းမှုမရှိသောနို့မှုန့်များကိုသောက်သုံးသည့်ကလေးငယ်များ သေဆုံးမှုဖြစ်ပွား(TAINTED MILK)

Image
တရုတ်နိုင်ငံတွင် သန့်ရှင်းမှုမရှိသောနို့မှုန့်များကိုသောက်သုံးခဲ့သည့် ကလေးငယ်၃ဦး( ယခုသတင်းရေး ချိန်အ ထိ) သေဆုံးပြီး အနည်းဆုံး ကလေးငယ် ၆၂၀၀ ကျော်ရောဂါဝေဒနာခံစားနေရကြောင်း CNN သတင်းဌာနမှ ဖော်ပြထားသည်။ ၄င်းနို့မှုန့်ကို  တရုတ်နိုင်ငံ၏ အင်္ကြီးဆုံး Mengniu Dairy Group မှ ထုတ်လုပ်ခဲ့ခြင်းဖြစ်ပြီး စားသောက်ကုန်စစ် ဆေးမှု ဆိုင်ရာတာဝန်ရှိသူများ၏စစ်ဆေးတွေ့ရှိချက် အရ ၄င်းနို့မှုန့်များတွင်  ဓာတုအဆိပ် များတွေ့ရှိရ ကြောင်း သိရသည်။  ၄င်းနို့မှုန့် အပြင် Mengniu Dairy Group မှထုတ်လုပ်သော နို့မှုန့်အမျိုးအစား ပေါင်း ၂၂ ခုတွင်လည်းအဆိပ် ဖြစ်စေသော ဓာတုပစ္စည်းများပါဝင်ကြောင်း ။ အချို့ပါဝင်ရမည့် ပစ္စည်းအချိုးအစားမှာလည်း လွန်ကဲစွာ ပါဝင် နေကြောင်း တွေ့ရှိရသည် ဟု စစ်ဆေးရေး တာဝန်ရှိသူများက ဆိုသည်။ ယင်းနို့မှုန့်များကို သောက်သုံးမိသောကလေးငယ်များမှာ ရောဂါဝေဒနာ ခံစားရကာ အသက်သေဆုံးသည်အ ထိ ဖြစ်နိုင်ကြောင်း တရုတ်ကျန်းမာရေးအရာရှိများကပြောကြားသည်။  အဆိုပါနို့မှုန့်များကို ဘင်္ဂလားဒေ့ရှ် ၊ ယီမင် ၊ ဂါဘွန် ၊ ဘူရီဒွန် နှင့် မြန်မာ နိုင်ငံ သို့ တင်ပို့လျှက်ရှိရာ ယခုအခါ ပိတ်ပင် ထားပြီးဖြစ်ကြောင်းသိရသည်။ (ကိုးကား ။    ။ CNN.COM

အတ္ထုပတ္တိဂိမ်း

Image
အောင်မလေး မနှစ်က ဒီအချိန်ပဲ Tag Tag နဲ့ Tag လိုက်ကြတာ ပြီးသွားတော့ အော် Tag ရောဂါတော့ပြီးပြီမှတ်တယ် သူကလည်း တုတ်ကွေးလို ရာသီနဲ့ အညီ ဖြစ်တည်တဲ့ ပိုးကိုဗျ။ ခု Tag ရောဂါစလာပြန်ပါပြီ Blogger အားလုံးသတိထားပါဗျာ။ ကျွန်တော့်ဆီကူးနေပါပြီ။ ကျွန်တော့်ထံမှ ဆက်၍ ကူးဆက် မည့် သူစာရင်း ကို အောက်တွင်ဖော်ပြထားပါသည်။ ကိုယ့်ရဲ့နာမည် ---------- အောင်မျိုးဟန်ပေါ့ ကိုယ့်ကို သူငယ်ချင်းတွေကဒီလိုခေါ်တယ် ---------- True Cat တဲ့ (သိလား True = မှန် , Cat = ကြောင်) ကိုယ်ဒီမှာနေတယ် ---------- လွတ်လပ်မယ်ထင်တဲ့ နေရာတွေမှာကျက်စားလေ့ရှိတယ် ကိုယ့်ဆီဖုန်းဆက်ချင်ရင် ---------- 959-596-9969 ကိုယ့်ရဲ့အကြိုက်ဆုံးတွေက- အရောင်ဆိုရင် ---------- အဖြူ၊ အပြာ၊ခဲရောင် အ၀တ်အစားဆိုရင် ---------- T Shirt ပွပွ ၊ Shirt ၊ Jean ပွပွ ၊ အစားအစာဆိုရင် ---------- သိပ်မရွေးပါဘူး အထူးသဖြင့် ကြေးအိုးဆီချက် ၊ မာလာဟင်း ၊ ကွေ့ကျက် ပစ္စည်းဆိုရင် ---------- ချစ်သူလေးဝယ်ပေးထားတဲ့ Zippo မီးခြစ် ၊ အဲ သူဝယ်ပေးထားတာအကုန်ကြိုက်တယ်ဗျာ ဘာဖြစ်လဲ နော်။။။ သီချင်းဆိုရင် ---------- အထူးသဖြင့် HipHop တွေ စာရေးစာဆရာ ---------- သိမလားမသိဘူး ရက်ရာ