Posts

Showing posts from February, 2008

ချစ်နေပါရစေ

ဘ၀ကတိုတိုလေးပါကွာ ငါ့ဘ၀ရဲ့နေညိုချိန်ကလည်း မကြာခင်လာတော့မှာ မင်းဘာကိုတွေးနေတာလဲ ငါဘာကိုတန်ဖိုးထားတာလဲ မင်းမသိခဲ့တာလား မင်းမသိသေးတာလား မင်းမသိချင်ယောင်ဆောင်နေခဲ့တာလား ဘာပဲဖြစ်ဖြစ် ခုငါသောက်နေတဲ့ စီးကရက်တလိပ်မကုန်ခင်မှာတောင် ငါသေသွားနိုင်တာကို မင်းမေ့မထားနဲ့ဦး ငါမသေခင်လေးတော့ မင်းကို ချစ်နေခွင့်ရချင်ပါတယ် တကယ်ပြောတာပါ ငါမသေခင်နောက်ဆုံးအချိန်ထိ မင်းကိုချစ်နေပါရစေ......

ဘာလိုသေးလဲ

ငါ့စိတ်မှာ ငါတို့ရှေ့ရေးကို အမြဲတွေးဖြစ်နေတယ် ငါ့အတွေးမှာ မင်းအကြောင်းတွေအမြဲ နေရာယူတယ် ငါ့ဦးနှောက်က မင်းကိုအမြဲ တန်ဖိုးထားနေတယ် ငါ့နှလုံးသားမှာ မင်းအတွက်အချစ်တွေ အမြဲသစ်သစ်နေတယ် ငါ့ရင်မှာ မင်းဟာဘုရင်မ တပါးလိုနေရာယူထားပြီးရှိနေတယ် ကဲ ဘာလိုသေးလဲ ချစ်သူ မင်းဟာ ငါ့ဘ၀ရဲ့ အကြီးမားဆုံး အချစ်တန်ခိုးရှင် နတ်သမီးပဲ

ရင်ဆိုင်မယ်

ငါတန်ဖိုးထားတဲ့ ချစ်ခြင်းတွေဟာ ငါ့ရင်မှာ အကြောက်တရားမရှိ စိုးရွံ့ခြင်းကင်းမဲ့စွာ တွယ်ငြိတယ် လာပါကွယ် တို့လက်တွေခိုင်ခိုင်မြဲတွဲလို့ ရှေ့ကိုတိုးထွက်ကြမယ်လေ ဟိုးရှေ့မှာ ခပ်ဝါးဝါးမြင်ရတယ် ဒုက္ခလား....သုခလား? သမုဒယများနဲ့ ဖြတ်ကျော်မယ် သံယောဇဉ်တွေချည်နှောင်လို့ နားလည်မှုနဲ့ တို့တွေခရီးဆက်စို့ ဟေ့....လောကဓံရေ့ ငါစိန်ခေါ်ပါရဲ့....................။

ကဗျာတိုတိုလေး

အိပ်မက်တွေ နှိပ်စက်နေတယ်ကွာ အိပ်ပျက်တဲ့ ညတွေလွန်ခဲ့ပြန်တော့ အိပ်မက်တဲ့ ရက်တွေ ဆက်နေခဲ့တယ် မနက်မနက် နိုးထတိုင်း အတိုးနှစ်ဆမကတက်တဲ့ ငါ့ဘ၀ရဲ့အသစ်သော အချစ်တွေဟာ မင်းအတွက်သာ ဖြစ်နေခဲ့တယ် ညစဉ်ညတိုင်းတွေးနေမိတဲ့ ငါ့အတွေးတွေတိုင်းမှာ အဝေးမနေရဲတဲ့ စိုးရွံ့မှုတွေနဲ့ပေါ့ မဖြစ်ညစ်ကျယ်ကောင်တကောင်ရဲ့ ရင်ထဲကို မင်းဝင်လာခဲ့ပါချစ်သူ ငါ့အရင်က အတိတ်တွေကိုအပြစ်မယူရင်ပေါ့ အတူနေချင်ပြီမင်းလေးနဲ့နှစ်ယောက်တည်း ငါအမြဲ ဆိုဖြစ်နေတဲ့သီချင်းလေးပေါ့ မင်းသိပါတယ်ချစ်သူ ရူးခဲ့မိတဲ့အချိန်တွေများလာသလို လွမ်းနေရတဲ့ အချိန်တွေဟာလဲ အချိုးကျနေပါတယ် ကဲကဲ ငါ့ကဗျာလဲ ရှည်တော့မယ် လိုရင်းကိုပဲပြောချင်တယ် ခပ်တိုတိုရှင်းရှင်းနဲ့ ဗွင်းဗွင်းပဲပြောမယ်ကွယ် မင်းကိုချစ်တယ်

Brain Scannr တဲ့

Image
မမီ ဘလောက်ကနေတွေ့လို့ သွားကြည့်တာ ပြီးတော့ စမ်းလာခဲ့တယ်လေ။ ၀ါသနာပါရင် သွားကြည့်ပါလား။ http://brainscannr.com/

သူများသားသမီးတွေဘယ်လောက်ချောလဲ

Image

သိပ်ချစ်တယ်

တိုးတိုးပြီးချစ်လာတယ် ရိုးရိုးလေးပြောချင်တယ် ကိုယ်မင်းကို သိပ်ချစ်တယ် သိပ်ချစ်တယ် အကြိမ်ကြိမ်ပြောလို့ ကိုယ့် အချစ်တွေ အရောင်မှိန်မသွားပါဘူးကွယ် ဟိုးအဝေးက တိမ်တွေကို တောင်မကြည့်ရဲတော့တဲ့သူပါ မင်းမျက်ဆံညိုတွေမှာ လိုနေတာ အချစ်တွေလို့ ကိုယ်ထင်နေခဲ့ပါတယ် မင်းနှုတ်ခမ်းလွှာက ဖွင့်ဟပြောလိုက်ပါလားကွယ် ဒါပေမဲ့ ကိုယ်မင်းကိုသိပ်ချစ်တယ်

နောက်ကျသွားခြင်း

နောက်ကျသွားတဲ့ အနမ်းတွေသာ ငါ့ပိုင်ဆိုင်ရာပါ နောက်ကျနေတဲ့ ငါ့ခံစားချက်တွေကြောင့်ပေါ့ နောက်ကျနေတဲ့ မင်းအချစ်တွေ အချိန်မီလေးသာရောက်လာခဲ့ပါ ငါရင်ခုန်သံတွေ နွေးထွေးနိုင်ပါတယ် ချစ်သူ အပိုတွေလို့ပြောရင်လဲပြောပေါ့ ငါ့အချစ်မှာ ရမ္မက်မပါ ၊ ရင်ခုန်သံ သီးသန့်နဲ့ပါ မင်းအတိတ်တွေကို ငါမပိုင်သလို ငါ့အတိတ်တွေကိုလဲ ငါမပြင်နိုင်တော့ဘူးလေ ဒီတော့လည်း တို့ဘ၀ရဲ့ လက်ရှိအချိန်တွေနဲ့ အနာဂတ်တွေကိုပဲ အကောင်းဆုံးဆေးရောင် ထပ်နိုင်ဖို့ ငါ့အနားကို မင်းအရောက်သာလာခဲ့ပါတော့ကွယ်

ကြောက်ရွံမှု

ချစ်သူ မင်းတန်ဖိုးထားခြင်း မခံခဲ့ရတဲ့ ငါ့သံစဉ်တွေနဲ့ ငါ့ညတွေ အရည်ဖျော်ခဲ့ဖူးပါတယ် ချစ်သူ ငါ့မျှော်လင့်ချက် ဘ၀တခုလုံးမှာ မင်းပါမှပြည့်စုံတော့မယ် ချစ်သူ ရုတ်တရက် ထွက်သွားမယ်ဆို မငိုမိအောင် တလလောက်တော့ ကြိုသတိပေးခဲ့ပါနော်

အမေအတွက်

အမေ ကျေးဇူးပါအမေ သားကိုငယ်စဉ်ကတည်းက ခုအချိန်ထိအောင် အားပေးမှုတွေ နဲ့ စိတ်ဓာတ်ကျနေချိန်မှာ တနေ့တခါ အားမငယ်ရအောင် စကားလှမ်းပြောပေးခဲ့တာလေ အမေ အမေမွေးခဲ့တဲ့ သားလေ အမေ သင်ပေးခဲ့၊ အမေပြောပြခဲ့တဲ့ ဘ၀အကြောင်းတွေကို ခုတော့ လက်တွေ့ ရင်ဆိုင်ဖြေရှင်းနေခဲ့ပြီ အမေ အမေ အမေမွေးခဲ့တဲ့ သားလေ အမှားအယွင်းတွေလဲ ကြုံရပေါင်းများသလို အများအကျိုးဆိုလဲ နောက်မတွန့်ခဲ့ပါဘူး အမေ အမေ အထူးကျေးဇူးတင်ပါတယ်အမေ အသည်းကွဲတယ်ဆိုတာ ဒါမျိုးမဟုတ်ဘူးလို့ပြောခဲ့တုန်းကပေါ့ အမေ ခုတော့ လည်း သားစိတ်တွေတည်ငြိမ်သွားလို့ ဘ၀လက်တွဲဖော် ရှာတွေ့ပါတယ်အမေ အမေ အမေပေးခဲ့တဲ့ နှလုံးသားတစ်စုံ ထိမ်းမရအောင် ခုန်နေတယ်အမေ နွေကန္တာဘယ်လောက်ပူပူ မိုးဝသန် ဘယ်လောက်ကြမ်းကြမ်း သားကိုအားပေးခဲ့တဲ့ အမေ အဝေးတနေရာစီရောက်နေလဲ စိတ်တွေမချပဲ အိပ်မပျော်တတ်တဲ့ အမေ အမေရဲ့ မွေးနေ့မင်္ဂလာမှာ သားမပါလဲ ပျော်ရွှင်နိုင်ပါစေလို့ သားဆုတောင်းရင်း HAPPY BIRHTDAY MOM!

ဘက်စုံစဉ်းစားခြင်း

အရက် အရသာမရှိမှန်း သိရက်နဲ့  တရှိုက်မက်မက်မျိုချ ဘ၀ကိုထွေးပစ်ပြီး အနာဂတ်ကိုညစ်ပတ်စေတာသူပေါ့ ။ ပျင်းရိခြင်း အထင်မသေးလိုက်နဲ့ နော် သူ..... ခန္ဒာကိုယ်ထဲရောက်လာရင် မလွဲမသွေဆုံးရူံ့း ခြင်းများနဲ့  ရင်ဆိုင်ရလိမ့်မယ် ။ ရိုးသားခြင်း အနာဂတ်တလျောက်လုံးရှင်သန်ဖို့  မဖြစ်မနေလိုအပ်တဲ့ ဓာတ်အားတွေထဲမှာ ငွေနဲ့ ဝယ်လို့ မရတာ သူပေါ့ ။ အချစ် ငါ့ဆီချဉ်းကပ်လာတဲ့ ရန်သူတွေထဲမှာ မင်းဟာ အဆိပ် ပြင်းဆုံးနဲံ့  ကြောက်စရာအကောင်းဆုံးပဲ ။ မိတ်ဆွေ ဆုံးရှုံးမှုတစ်ခု [တွေ့ လိုက်တိုင်း ] အရောင်တောက်တောက်လာတယ် အဖိုးဖြတ်မရတဲ့ လွယ်အိတ်တစ်လုံးပေါ့ ။ အလုပ် ငွေနဲ့ တန်ဖိုးမဖြတ်ကြပါနဲ့  ဘ၀တသက်တာ မမွဲစေတဲ့ဂါထာ ဥုံ , သြောင်းမပါဘူးလေ ။ ကျွန်တော်ရေးထားတာမဟုတ်ပါဘူး ကျွန်တော့် သူငယ်ချင်းတယောက် က ပို့လိုက်တာပါ။ ဘာပဲဖြစ်ဖြစ် စာသားလေးတွေက အဓိပါယ်ရှိတော့ ဖတ်တဲ့ သူအတွက်လဲကောင်း ရေးတဲ့သူလဲ သူ့စာလေးတွေ အများဖတ်ဖြစ်သွားအောင် တင်ပေးလိုက်တာပါ။ ရေးသူနာမည် မသိတဲ့ အတွက် မဖော်ပြနိုင်ပါဘူး။ အကယ်၍ ရေးသူနာမည် သိကြရင် Comment မှာပြောသွားနိုင်ပါတယ် ကျွန်တော် ဖော်ပြ ပေးပါမယ်။

ရိုးမြေကျ

Image
တို့တွေဘ၀ ရိုးမြေကျတဲ့ထိပေါ့................. ချစ်သူ ဒီကဗျာဖတ်ပြီးရင် မင်းမျက်နှာမှာ ရှက်သွေးဖြာပါစေ ကိုယ့်ရင် ရတက်မအေးနိုင်တာ ဒီတသက် မဝေးရဖို့ပဲလေ နွေးထွေးတဲ့နေ့တွေ ကို စိတ်မှာလွမ်းနေရုံလေးနဲ့တော့ အချစ်တွေ ထပ်သစ်လာမယ် မထင်ဘူးလေ ဒါပေမယ့် အနမ်းတွေ ဝေခဲ့တဲ့ နေ့ကိုတော့ မမေ့စေလိုဘူးကွယ် တွေ့နေကြနေရာလေးတွေဟာ မနက်ဖြန်ရဲ့အတိတ်မှာ ကျန်ခဲ့ပေမယ့် ခုလက်ရှိအသိမှာတော့ အဓိကက ကိုယ်အနားကို တသက်စာအတွက် မင်းကိုပဲဖက်တွယ်ထားမယ် တို့တွေဘ၀ ရိုးမြေကျတဲ့ထိပေါ့

အိပ်မက်တခုအကြောင်း

အချိန်။ ။ ညနေ နေ၀င်ရီတရော (သို့) မနက်အာရုံတက်စ အချိန် ဖြစ်နိုင်သည်။ သို့သော် ကျွန်တော့်ဦးနှောက်ကြီး၏ အသိတွင် အရာအား လုံးကို ထင်ရှားစွာ တွေ့မြင်နိုင်၍ ကျွန်တော့်ကို ကျွန်တော်ပင် မြင်ရသည်။ နေရာ။ ။ အိပ်မက်တခု၏ဖြစ်တည်ရာနေရာ ဖြစ်သည်။ ကမ္ဘာ၏တနေရာရာ သို့မဟုတ် ကမ္ဘာ့အပြင်ဘက်တွင်လည်းဖြစ်နိုင်သည်။ သို့သော်လတ်ဆတ်သော လေကို ရှုရှိုက်မိ၏။ ပါဝင်သူများ။ ။ သူစိမ်းမိန်းမတယောက် ၊ သူစိမ်းယောက်ျားတယောက် (ကျွန်တော့်ချစ်သူ၏ ပထမချစ်သူ အဖြစ် ကျွန်တော့်ဦးနှောက်က အလိုလိုသိ၏) ၊ ကျွန်တော် နှင့် ကျွန်တော့်ချစ်သူ။ သူစိမ်းမိန်းခလေးတယောက်လမ်းပေါ်တွင်ပြေးနေ၏ ။ အလွန်လျှင်မြန်စွာပြေးနေ၏ ။ ထိုနောက်သို့ အသည်းအသန်ပြေးလိုက်နေသူ တယောက်မှာကား ကျွန်တော့်ချစ်သူ၏ ပထမချစ်သူ အဖြစ် ကျွန်တော့်ဦးနှောက်က အလိုလိုသိသော သူစိမ်းယောက်ျားတယောက် ဖြစ်သည်။ ၄င်း၏လက်ထဲတွင် ချွန်ထက်သော ထိုးမိလျှင်သေစေနိုင်ခြင်းမရှိ ဟု ကျွန်တော့်ဦးနှောက်က အလိုလို သိသော လက်နက် ဆန်ဆန် အရာတခုကိုကိုင်တွယ်ထားသည်ကို မြင်တွေ့ရသည်။ ၄င်းတို့နှစ်ဦးအနောက်တွင် ကျွန်တော့်၏ ချစ်သူ အပြေးတပိုင်းခြေလှမ်းများဖြင့်လှမ်းလာနေသည်။ ထိုနေရာသို့ နောက်ကျစွာ ကျွန်တော်ရောက်လာခဲ့ေ

ချစ်ခြင်းဖွဲ့

ရင်ခုန်နေချိန်တိုင်းမှာ ကြည်နူးမှုတစ်ခုကိုခံစားရတယ် နွေးထွေးမှုတို့နဲ့အတူပေါ့ မင်းလက်ကလေးကိုင်ထားချိန် ကိုယ့်ပုခုံးပေါ်မှာ မှေးတင်နေချိန် အို အချိန်တိုင်းပါပဲ မင်းလိုအပ်တာလဲ ကိုယ် ကိုယ်လိုအပ်တာလဲ မင်းဖြစ်နေချိန်ပေါ့ ဘ၀ရဲ့ ထိုးနှက်ချက်တွေ လောကဓံရဲ့ လှည့်ဖြားမှုတွေ ကတော့ အချိန်တိုင်းမှာ အလစ်အခိုက်စောင့်လို့ပေါ့ မင်းအတွက်ကိုပေးနိုင်တာက အားငယ်ချိန်တိုင်း ကိုင်ဆုတ်ထားနိုင်မယ့် လက်တဖက် လိုအပ်ချိန်တိုင်း မှီတွယ်ထားနိုင်မယ့် ပုခုံးတစုံရယ် မင်းကို အမြဲ ချစ်နေမယ့် နှလုံးသား ရယ်ပါပဲကွာ

Blogger Life

Image
Blogger Life volume one ONSTORE (14.FEB.2008) မြန်မာ ဘလောက်ဂါ တွေ ဖြစ်သန်းခဲ့ရတဲ့ ဘ၀အတွေ့အကြုံတွေ ကို အခြေခံပြီး ရေးဖွဲ့ထားတဲ့ အေးအေးလေး သီချင်းတွေ အများစုပါဝင်ပါတယ်…။ တေးရေးတွေ ကတော့ ကိုမျက်လုံး၊ မင်းယွန်းသစ်၊ ကိုဂေါက်၊ မောင်ခ အော် ရေးရင်းနဲ့ old blog band က လူအကုန် ကုန်ပြီ။ အော် ဘလောက်ဂါတွေ တွေကြုံခဲ့ရတဲ့ အဓိက အဖြစ်အပျက် တွေကို သီချင်း အအေး တွေနဲ့ ဖွင့်ချထားပါတယ်..။ ဘလောက်ဂါတွေလဲ ဒီပို့စ်ကို ၀ိုင်း ကြော်ငြာပေးကြ အုံးနော်..။ စပွန်ဆာက mbs ပါ။ နားထောင်ကြည့်လိုက်ပါ။ တခုခု တော့ ကိုယ်ဘ၀ တစ်ပိုင်းတစ်စ နဲ့ သွားပြီးတိုက်ဆိုင် ချင် တိုက်ဆိုက်နေပါလိမ့်မယ်.။ အောက်မှာ ဘလောက်မှာဖော်ပြဖို့ linkရေးပေးထားတယ်..။ ယူသွားပြီး ဘလောက်မှာ ကြော်ငြာပေးနော်…။ (img ALT=”funny news01″ SRC=”http://artofkha.files.wordpress.com/2008/02/funny-news01.jpg” /) လက်သဲကွင်းများ နေရာတွင် '<' နှင့် '>' တို့အစားထိုးရန် မ၀ယ်နိင်သူများစိတ်မကောင်းမဖြစ်ပါနှင့် သံစဉ်လှိုင်း တွင် ကျွန်တော် ခိုးကူးခွေ ၀ယ်၍ တင်ပေးမည်ဖြစ်သည်။ (ဤပို့စ်ကို မီးလေး ဘလော့ဂ်မှ ပြန်လည် ကူးယူဖော်ပြပါသည်။)

ကျေးဇူးတင်လွှာ

တကယ်တော့ အားလုံးကို မမေ့ပါဘူး အထူးသဖြင် ဂျေဂျေ ကိုစိုးထက် တို့ပေါ့ သူတို့ကို အရမ်းကျေးဇူးတင်ပါတယ် နောက် မချိုငယ်ဦး ၊ Chaos ၊ ဖြူစင်သူ ၊ အားလုံးအားလုံးသော အားပေးအားမြှောက်ပြုသူတွေ၊ မြှောက်ထိုးပင့်ကော် လုပ်သူတွေ အားလုံးကိုမမေ့ပါဘူး ဗျာ။ ဒီနေ့မနက်ခင်း ကျွန်တော့ Blog ကို စဖွင့်တော့ ဂျေဂျေ တို့ မချိုငယ် တို့ ပြောထားကြတာတွေတွေ့တော့ စိတ်များဆိုးသွားကြသလားလို့ပါ။ ပြောရတာမဟုတ်ဘူုးဗျ ။ ဂျေဂျေ ကတကယ်လာ နူတ်နူတ်စင်းရင် ဘယ်လိုလုပ်မလဲ ဟီး မတွေးဝင့်စရာကြီး ။ အားလုံးကို ကျေးဇူးတင်စကားနဲ့အတူ တခါတည်း အသိပေးလိုက်ပါရဲ့နော် ကျွန်တော် အပေါ်မှာ အရင်းနှီးဆုံးသူ တယောက် တစိမ်းတွေကြားမှာ ရှိနေပြီ (၀ိုင်ဝိုင်းသီချင်းမှ) ဆိုတာ အခါတည်းပဲ အသိပေးလိုက်ပါတယ် ဗျာ။ ဒီPost နဲ့ပဲ အားလုံးအားလုံးသော Blogger တွေလဲ ပျော်ရွှင်စရာနေ့သစ်တွေ ပိုင်ဆိုင်နိုင်ကြပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။

အချစ်ဆိုတာ

အချစ် ဆိုတာ ဘာလဲ ကျွန်တော့်အသက် ၂၀ ကျော်ကတည်းက စဉ်းစားရင်းရှာဖွေခဲ့တာပေါ့။အချစ်ကြောင့် ကြေကွဲရဖူးတယ် အချစ်ကြောင့် ပျော်ရွှင်ရဖူးတယ်။ အချစ်ကြောင့် ရသပေါင်းစုံ ခံစားရဖူးပါရဲ့။တွေဖူးတဲ့ အချစ်တွေအားလုံးလဲ အစစ်လား အတုလားမသိခဲ့ရသေးပါဘူး။ အခုတခါလဲ ခံစားရပြန်ပါပြီ်ဗျာ အဲဒီတော့မေးချင်လာတယ် ကျွန်တော့် အချစ်ဆိုတာတွေက ဘာတွေလဲ လူတယောက်ကို ဘယ်နှခါချစ်ခွင့်ကြုံနိုင်သလဲ။ ရမ္မက်ဆန္ဒ ကိုအချစ်လို့ခေါ်မလား။ ရိုးရိုးလေးချစ်ရင်ရော အချစ်ပဲလား။ စဉ်းစားတိုင်းအိပ်ရေးပျက်စေတဲ့ ဒီ အချစ်ဆိုတာကို ဘယ်လိုကိုင်တွယ်သင့်လဲ။............... ကျွန်တော်အမျိုးမျိုး စဉ်းစားပြီး အမျိုးမျိုး ခွဲ ခြားဝေဇန်ကြည့်တယ်။ သူ့ကိုဘာလို့ချစ်တာလဲ။ လှလို့လား? မဟုတ်ပါဘူးဗျာ လှတဲ့မိန်းခလေး အတော်များများ တွေ့ဖူးတာပဲ လှတိုင်းသာချစ်ရမယ်ဆို လောကကြီးတခုလုံးကျွန်တော်ချစ်နေမိမှာပေါ့။ ဒါဆိုရင် ဘာကြောင့်ဖြစ်မလဲ ငွေကြောင့်လား၊ဂုဏ်ကြာင့်လား။ဘာကြောင့်ချစ်တာလဲ။မသိဘူးဗျာ ချစ်ချင်လို့ကိုချစ်တာပဲဖြစ်မှာပဲ အဲဒီမှာပြောစရာရှိတာက တခုခုကြောင့် ချစ်မိတာဆိုရင်တော့ သေချာတယ်ဗျာ အဲဒီအရာ မရှိတော့ရင် တော့ သူချစ်တယ်ဆိုတာကလဲ ပျောက်ပျက်သွားနိုင်တယ်လေ။ ကျွန်တော်ပြောချင်တာကတော့

နေဘုန်းလတ်သို့ ….

ဘလော့ဂ်ဂါမောင်နှမတွေအကြား ချစ်ခင်ရင်းနှီးစွာ စနောက်ကြရင်း "မြို့စားကြီးနေဘုန်းလတ်" လို့ နာမည်တွင်ခဲ့တဲ့သူ။ မနှစ်က ဒီလိုနေ့မှာပဲ "လွတ်ကျခဲ့တဲ့မြို့တော်" ဘလော့ဂ်လေးကို သူကိုယ်တိုင် အသက်သွင်းခဲ့တယ်။ ဒီနေ့ တော့ တစ်နှစ်တင်းတင်း ပြည့်သွားပြီပေါ့။ မှတ်မှတ်ရရ သူ့  ဘလော့ဂ်မှာ ပထမဆုံးတင်လိုက်တဲ့ ပို့စ်နာမည်ကလည်း "လွတ်ကျခဲ့တဲ့မြို့တော်" တဲ့။ လက်တွေ့ဘဝမှာ သူလွတ်ကျခဲ့တဲ့ စာရေးဆရာ၊ ဒါမှမဟုတ် အနုပညာသမားဆိုတဲ့ အမည်နာမတွေအတွက် သူ့ ဘလော့ဂ်ဟာ သစ္စာရှိတဲ့ လူယုံ၊ အစွမ်းထက်တဲ့ လက်နက်၊ အရိပ်ကောင်းတဲ့ ညောင်သစ်ပင်လို အသုံးတော်ခံခဲ့တယ်။ ရက်ပေါင်း ၃၆၅ ရက်အတွင်းမှာ သူ့ မြို့တော်က စာကောင်းစာသန့် ၁၂၂ ပုဒ် မွေးထုတ်ပေးခဲ့ပြီးပြီ။ ဒီစာတွေကြောင့် ဖတ်သူတွေအတွက် သုတပန်းတွေ လန်းလာခဲ့တယ် ၊ ရသလမ်းတွေ ဆန်းလာခဲ့တယ် ၊ ပညာမီးတွေ လင်းပလာခဲ့တယ် ။ သူကတော့ သတိထားမိချင်မှ ထားမိလိမ့်မယ်။ ဘလော့ဂ်ဂါတွေ အတွက် ပထမဆုံးဆိုတဲ့ စကားလုံးတော်တော်များများမှာ သူနဲ့ လွတ်ကျခဲ့တဲ့မြို့တော်လည်း ရင်းနှီးကျွမ်းဝင်ခဲ့တယ်။ ဘလော့ဂ်ပို့စ်တွေကို ပထမဆုံး ပုံနှိပ်မယ့်စာအုပ်အတွက် တက်တက်ကြွကြွနဲ့ သူ အစွမ်းကုန်ကြိုးစားခဲ့တယ်။ စာအုပ

မော်ဖူးခွင့်

ငါ့ညတွေကို စိုးမိုး တနေ့တမျိုးမရိုးအောင် တိုးတိုးပြီးနစ်နေခဲ့ရပြီလေ ........ အတွေးရဲ့သခင် ရင်ခုန်သံများရဲ့ဘုရင်မ ငါ့စိတ်ကူးအားလုံးရဲ့စေရာ အိပ်မက်တိုင်းရဲ့ပိုင်စိုးသူ ချစ်ရသူ x+= ရေ ဘ၀တခုကိုမျှော်မှန်း ငါ့ရဲ့အလွမ်းတိုင်းမှာလဲ မင်းအချစ်မပါပေမဲ့ ငါ့ညတွေကို စိုးမိုး တနေ့တမျိုးမရိုးအောင် တိုးတိုးပြီးနစ်နေခဲ့ရပြီလေ မင်းအချစ်မပါ ငါ့အပြစ်သာဖြစ်ရင်လဲဖြစ်ပါစေတော့ ငါ့ရင်ကိုငြိမ်းအေးအောင် ငါ့ရဲ့ အချစ်သခင်လေးရေ တနေ့တခါ အခစားဝင် မော်ဖူးခွင့်လေးတော့ မတားမြစ်လိုက်ပါနဲ့နော်။ ။

ဒုတိယအကြီမ်မြောက်ကြက်ဟင်းခါးသီးဝိုင်သောက်ခြင်း

သောက်လိုက်တိုင်းလဲ သိင်္ဂါရ ရသမြောက်စေဖို့အတွက် သောက်မိလိုက်တိုင်းလဲ ခါးသက်တဲ့ အရသာပဲ ရင်မှာစွဲကျန်ရစ်စေခဲ့တော့ ခုနောက်တခွက် ကျွန်တော် ဆက်သောက်ဖို့ အင်အား သူလဲ ချိုပါ့မလားဗျာ အရင်က မက်မောစွာသောက်ခဲ့ဘူးတဲ့ ကြက်ဟင်းခါးသီး ၀ိုင်တခွက် ခုထပ်သောက်မယ့် ကြက်ဟင်းခါးသီးဝိုင်တခွက် အတူတူပေမဲ့ နောက်တခွက်သောက်ရင် ကျွန်တော် ချာချာလည်မူးမလားကြောက်နေမိတယ် အများသိအတိုင်း တခွက်ဝင်ပြီးတော့လဲ နောက်တခွက်နောက်တခွက်နဲ့ေ၀၀ါးလာခဲ့ရတာ ခုတော့လူလဲ ထုံကြင်နေပါပြီ သောက်လိုက်တိုင်းလဲ သိင်္ဂါရ ရသမြောက်စေဖို့အတွက် သောက်မိလိုက်တိုင်းလဲ ခါးသက်တဲ့ အရသာပဲ ရင်မှာစွဲကျန်ရစ်စေခဲ့တော့ ခုနောက်တခွက် ကျွန်တော် ဆက်သောက်ဖို့ အင်အား သူလဲ ချိုပါ့မလားဗျာ။ ။

ံရပ်တန့်သွားခြင်း

ဒီ အချစ်ဆိုတာကြီးက ငါ့နှလုံးသားကို နောက်တခါ ဆုံးပါးစေဦးမှာလားကွယ်...................... ရင်ခုန်သံတွေရပ်တန့် အမြင်အာရုံတွေမှာပုံရိပ်တစ်ခုသာထင်ကျန်နေတော့တယ် ဘာအမိန့်မှမပေးနိုင် ဘာအကြောင်းမှမတွေးနိုင် မှတ်ဥာဏ်ထဲမှာလဲ ရာခိုင်နှုန်းပြည့်နေရာယူနေတော့ ငါ့ကိုယ်ထဲကသွေးတွေတောင် လည်ပတ်နှုန်းနှေးသွားစေတယ် အချိန်တိုင်းမင်းအကြောင်းတွေးမိနေတယ်ကောင်မလေးရယ် ရပ်တန့်သွားတဲ့ငါ ရပ်တန့်သွားခဲ့တဲ့ အချိန် ရပ်တန့်သွားခဲ့တဲ့ ရင်ခုန်သံတွေဟာ မင်းမရည်ရွယ်ပဲ ပစ်လွှတ်လိုက်တဲ့ မြားချက်တွေကြောင့် ပဲဖြစ်မယ် သြော် ဘာပဲဖြစ်ဖြစ်လေ ဒီ အချစ်ဆိုတာကြီးက ငါ့နှလုံးသားကို နောက်တခါ ဆုံးပါးစေဦးမှာလားကွယ် နောက်တခါ ဆုံးပါးစေဦးမှာလားကွယ်

Virus တွေ့ရှိခြင်း

တရက်ငါအိပ်ရာနိုးတော့ ငါ့ခေါင်းထဲက hardisk မှာ Virus တွေ့တဲ့အကြောင်း alert တက်လာခဲ့တယ် ဖယ်ဖျက်ဖို့မရနိုင်တော့တဲ့အကြောင်းပါ ပြောကြားလာခဲ့တယ် ဒီဗိုင်းရပ်စ် ဒုက္ခပေးပုံများ အိပ်ပျော်နေချန်တောင်မညှာမတာ အိပ်မက်တွေနဲ့ နှလုံးသားကို ပြင်းပြင်းထန်ထန် အလုပ်လုပ်စေခဲ့တော့ ငါ့နှလုံးသားလေးမောပန်းနေခဲ့ရတာပေါ့ ဒီလိုကြာလာတာနဲ့အမျှ သူက ဦးနှောက်ကိုပါချုပ်ကိုင်ပြီး လူတကိုယ်လုံးကို ထိန်းချုပ်နေခဲ့ပြီပေါ့ စုံစမ်းရသမျှ သူ့ကို ဘယ်သူမှ မနိုင်သေးဆိုပဲ သူ့ကြောင့် လူမှုရေးကွန်ယက်တွေ ပျက်စီး အသိတရားတွေေ၀၀ါး တခါတခါ အိပ်ရာက မထနိုင်အောင် လူကိုခံစားစေခဲ့တာပေါ့ ကျွမ်းကျင်သူတွေ အမည်တပ်တာတော့ သူ့နာမည်က LOVE Virus တဲ့ တတ်ကျွမ်းသူများ ကုစားပေးပါဦးဗျို့.........။ ။