Posts

Showing posts with the label TAG GAME

ဒီဇင်ဘာရဲ့နောက်ဆုံးည@ ၂၀၀၈ ရဲ့ နောက်ဆုံးည

Image
အရမ်းချစ်စရာကောင်းတဲ့ ကျွန်တော့် ရဲ့ ချစ်သူလေးနဲ့ အတူ ဖြတ်သန်းခဲ့တဲ့ အဲဒီ ဒီဇင်ဘာရဲ့နောက်ဆုံးည လေးပေါ့ဗျာ။ ရင်ခုန်သံတွေ သာကြားရတဲ့ အချိန် နာရီလက်တံလေး နှစ်ချောင်းထပ်သွားတဲ့ အခါမှာ "Happy New Year" လို့ နှစ်ယောက်ပြိုင်တူအော်ခဲ့ကြတယ်လေ။နောက် နှုတ်ခမ်းတွေထက်အနမ်းတွေ ကြွေ ။ အပြင်မှာ နှင်းပွင့်တွေ ဖြာဆင်း အဆင်းလှတဲ့ ဒီဇင်ဘာညလေးပေါ့ဗျာ။ အေးစက်တဲ့ ဆောင်းကို အံတုဖို့ သူ့ကိုယ်ငွေ့နွေးနွေလေးက လုံလောက်နေတယ်။ သြော်ဒီဇင်ဘာရယ် နောက် ၂၀၀၈ ခုနှစ်ကြီးရယ် မင်းတို့ ဟာ ငါ့ အတွက်တော့ အမှတ်တရများစွာနဲ့ ဖြတ်သန်းသွားခဲ့တဲ့ ဘ၀မှတ်တိုင်တစ်ခုပါပဲကွာ။ ၂၀၀၈ ခုနှစ် ဇန်န၀ါရီ ၂၅ သူနဲ့ကျွန်တော်ရဲ့ စတင်ရာနေ့တစ်နေ့ အဖြစ် သတ်မှတ်မယ်လေ။ အဲဒီ Dinner ညလေးပေါ့ ၂၀၀၈ ဖေဖော်ဝါရီလ ၆ ရက် သူ့လက်ဖျားလေးတွေ ကို စတင်ထိတွေ့ခဲ့တယ် ၂၀၀၈ ဧပြီလ ၁၀ ရက် သူ့ကို ကျွန်တော့ရင်ခွင်ထဲမှာထားခြင်းဖြင့် ကျွန်တော့ဘ၀တစ်ခုလုံးရဲ့လုံခြုံရာနေရာတစ်ခုကို ရှာတွေ့ခဲ့ပြီ။ ကျွန်တော်တို့တစ်တွေ ပေါင်းစည်းခဲ့ကြပြီ။ ၂၀၀၈ ဂျူလိုင် ၇ ရက် ပထမဦးဆုံး သူ့ဆီက ရခဲ့တဲ့ လက်ဆောင် ကျွန်တော့်ဘ၀မှာ အလိုချင်ဆုံးနဲ့ အကျေနပ်ဆုံး ၂၀၀၈ ဂျူလိုင် ၃၁ ရက် ကျွန...

အတ္ထုပတ္တိဂိမ်း

Image
အောင်မလေး မနှစ်က ဒီအချိန်ပဲ Tag Tag နဲ့ Tag လိုက်ကြတာ ပြီးသွားတော့ အော် Tag ရောဂါတော့ပြီးပြီမှတ်တယ် သူကလည်း တုတ်ကွေးလို ရာသီနဲ့ အညီ ဖြစ်တည်တဲ့ ပိုးကိုဗျ။ ခု Tag ရောဂါစလာပြန်ပါပြီ Blogger အားလုံးသတိထားပါဗျာ။ ကျွန်တော့်ဆီကူးနေပါပြီ။ ကျွန်တော့်ထံမှ ဆက်၍ ကူးဆက် မည့် သူစာရင်း ကို အောက်တွင်ဖော်ပြထားပါသည်။ ကိုယ့်ရဲ့နာမည် ---------- အောင်မျိုးဟန်ပေါ့ ကိုယ့်ကို သူငယ်ချင်းတွေကဒီလိုခေါ်တယ် ---------- True Cat တဲ့ (သိလား True = မှန် , Cat = ကြောင်) ကိုယ်ဒီမှာနေတယ် ---------- လွတ်လပ်မယ်ထင်တဲ့ နေရာတွေမှာကျက်စားလေ့ရှိတယ် ကိုယ့်ဆီဖုန်းဆက်ချင်ရင် ---------- 959-596-9969 ကိုယ့်ရဲ့အကြိုက်ဆုံးတွေက- အရောင်ဆိုရင် ---------- အဖြူ၊ အပြာ၊ခဲရောင် အ၀တ်အစားဆိုရင် ---------- T Shirt ပွပွ ၊ Shirt ၊ Jean ပွပွ ၊ အစားအစာဆိုရင် ---------- သိပ်မရွေးပါဘူး အထူးသဖြင့် ကြေးအိုးဆီချက် ၊ မာလာဟင်း ၊ ကွေ့ကျက် ပစ္စည်းဆိုရင် ---------- ချစ်သူလေးဝယ်ပေးထားတဲ့ Zippo မီးခြစ် ၊ အဲ သူဝယ်ပေးထားတာအကုန်ကြိုက်တယ်ဗျာ ဘာဖြစ်လဲ နော်။။။ သီချင်းဆိုရင် ---------- အထူးသဖြင့် HipHop တွေ စာရေးစာဆရာ ---------- သိမလားမသိဘူး ရက်ရာ...

CO,CC နဲ့ BLOGSPOT ကိုလိပ်စာပြောင်းမယ်

Image
ကနေတွေ့လို့ပေါ့။ ကျွန်တော်လဲကျော်ခွဖတ်နေရတဲ့ READER တွေကို အားနာတယ်လေ မကျော်မခွပဲ လွယ်လွယ်ကူကူ ၀င်ဖတ် လို့ရရင် ကောင်းမယ်ပေါ့။ ဒီလိုနဲ့ ရှာနေတုန်း ဆရာ့ဆရာသမားတွေရဲ့ လမ်းညွှန်ချက်တွေကြောင့် ကိုသွားတွေ့တယ်လေ ဒီလိုနဲ့ FREE DOMAIN လေးတွေရရော DOMAIN ရတော့ဘယ်လို SET UP လုပ်ရမှန်းမသိဘူးလေ။အဲလိုနဲ့ ကြာလာလိုက်တာ ခုတော့ ရပြီနည်းလမ်းက ဒီလိုတဲ့ဗျ။ မှာ account မရှိရင် sign up လုပ် ရှိရင် sign in....(နင်ပြောမှလား..ဟတ်ဟတ်) ပြီးရင် ကိုယ်ကြိုက်တဲ့ နာမည်နဲ့ www. yourname .co.cc ဆိုပြီး လုပ်ပေါ့။ available မဖြစ်ရင်တော့ ထပ်ရှာပေါ့ဗျာ.. ဟုတ်ပြီ domain ရပြီ register လဲ ပြီးပြီ ဆိုရင်တော့ set up လုပ်ရတော့မယ်။ " setup-->Manage domain " Manage DNS/Zone Record/URL forwarding တွေရှိတဲ့ အထဲက Zone Record ကိုရွေးမယ် ပြီးတော့ Host ဆိုတဲ့ နေရာမှာ ကိုယ်ရွေးထားတဲ့ Domain ကိုထည့်မယ် TTL ဆိုတဲ့ နေရာမှာ 1D Type မှာ CNAME ကိုရွေး Value မှာတော့ "ghs.google.com" ကိုထည့် ပြီးရင်တော့ Setup ကိုသာနှိပ်ချလိုက်တော အဲဒါတွေပြီးပြီဆိုရင်တော့ နောက်တစ်ပိုင်းလေးပဲကျန်တော့တယ်။ အဲဒါက Blogger အပိုင်း။ ကဲကဲ Blogger ...

ZIDDU .COM FILE SHARING

Image
ZIDDU ဆိုတဲ့ FILE SHARING SITE လေးတစ်ခုနဲ့ မိတ်ဆက်ပေးချင်ပါတယ်။အဲဒီဆိုဒ်လေးကို ကျွန်တော် အဓိက ကြိုက်တာကတော့ UPLOAD SPEED မြန်တာပဲဗျ။တော်တော်မြန်တယ်နော် ကျွန်တော်တို့ ရဲ့ ကျလိုက်တက်လိုက် CONNECTION နဲ့တောင် ခဏလေးနဲ့ SET UP FILE တွေ တင်လို့ရတယ် ပြီးတော့ ထပ်ကြိုက်တာတစ်ခုကတော့ ကို့ဘလောက်မှာ ကိုယ်တင်ထားတဲ့ သီချင်းပဲဖြစ်ဖြစ်။SOFT WARE ပဲဖြစ်ဖြစ် တစ်ယောက်ယောက်က DOWNLOAD လုပ်တာနဲ့ သူက အလကားနေရင် ကြားကနေ 0.001 USD ပေးသေးတယ်ပြောတယ်ဗျာ။ဟုတ်တာမဟုတ်တာ အပထား ကျွန်တော်ကတော့ UPLOAD နဲ DOWNLOAD SPEED မြန်တာနဲ့တင် ကြိုက်တယ်ပြောရမယ်။ စမ်းသုံးကြည့်ပါလား ဒီနေရာမှာ ဒါမှမဟုတ် အပေါ်က ပုံပေါ်မှာ CLICK လုပ်ပြီး SIGN UP လုပ်လို့ရပါတယ်။

သတ္တိရှိမှကြည့်နော်

Image
Create Fake Magazine Covers with your own picture at MagMyPic.com ကိုစိုးထက် Blog ကနေတွေ့လိုက်လို့ သွားလုပ်ကြည့်တာ မိုက်တယ်နော် (မကြည့်ရဲရင် မကြည့်ပါနဲ့ဗျို့)

Brain Scannr တဲ့

Image
မမီ ဘလောက်ကနေတွေ့လို့ သွားကြည့်တာ ပြီးတော့ စမ်းလာခဲ့တယ်လေ။ ၀ါသနာပါရင် သွားကြည့်ပါလား။ http://brainscannr.com/

Blogger Life

Image
Blogger Life volume one ONSTORE (14.FEB.2008) မြန်မာ ဘလောက်ဂါ တွေ ဖြစ်သန်းခဲ့ရတဲ့ ဘ၀အတွေ့အကြုံတွေ ကို အခြေခံပြီး ရေးဖွဲ့ထားတဲ့ အေးအေးလေး သီချင်းတွေ အများစုပါဝင်ပါတယ်…။ တေးရေးတွေ ကတော့ ကိုမျက်လုံး၊ မင်းယွန်းသစ်၊ ကိုဂေါက်၊ မောင်ခ အော် ရေးရင်းနဲ့ old blog band က လူအကုန် ကုန်ပြီ။ အော် ဘလောက်ဂါတွေ တွေကြုံခဲ့ရတဲ့ အဓိက အဖြစ်အပျက် တွေကို သီချင်း အအေး တွေနဲ့ ဖွင့်ချထားပါတယ်..။ ဘလောက်ဂါတွေလဲ ဒီပို့စ်ကို ၀ိုင်း ကြော်ငြာပေးကြ အုံးနော်..။ စပွန်ဆာက mbs ပါ။ နားထောင်ကြည့်လိုက်ပါ။ တခုခု တော့ ကိုယ်ဘ၀ တစ်ပိုင်းတစ်စ နဲ့ သွားပြီးတိုက်ဆိုင် ချင် တိုက်ဆိုက်နေပါလိမ့်မယ်.။ အောက်မှာ ဘလောက်မှာဖော်ပြဖို့ linkရေးပေးထားတယ်..။ ယူသွားပြီး ဘလောက်မှာ ကြော်ငြာပေးနော်…။ (img ALT=”funny news01″ SRC=”http://artofkha.files.wordpress.com/2008/02/funny-news01.jpg” /) လက်သဲကွင်းများ နေရာတွင် ' ' တို့အစားထိုးရန် မ၀ယ်နိင်သူများစိတ်မကောင်းမဖြစ်ပါနှင့် သံစဉ်လှိုင်း တွင် ကျွန်တော် ခိုးကူးခွေ ၀ယ်၍ တင်ပေးမည်ဖြစ်သည်။ (ဤပို့စ်ကို မီးလေး ဘလော့ဂ်မှ ပြန်လည် ကူးယူဖော်ပြပါသည်။)

ကျွန်တော်နှင့် Blog

ဘာလဲ Blog. ငါမှ စိတ်မ၀င်စားတာ မလိုက်ပါဘူးဟာ လို့ ငြင်းရင်းငြင်းရင်းနဲ့ ပါသွားတာက Blog Day Seminar၊ စပြီဆိုတော့ ထိုင်နားထောင်နေလိုက်တာ အကြွေးအမွေးပါ တယ်ဆိုတော့ လူကနဲနဲ စိတ်ဝင်စားသွားပြီ။ ပြီးသွားရင် ကံစမ်းမဲဖောက်ပေးမယ် ဆိုတော့ တယ်ကောင်းပေါ့။ ဒီလိုနဲ့Seminar ပြီးတော့ My Suboo အင်္ကျီတထည်မြတ်ရလိုက်တယ်။အဲဒီနေ့ Blog Day Seminar ကစတယ် ပြောရမှာပဲ ပီကေ ရေ။ပြန်လာတော့ ညနေစောင်းပြီလေ။အတူသွားတဲ့ သူငယ်ချင်းမက Blogger မှာ Account ဖွင့်ချင်တယ်ပြောတော့ လိုက်ပို့ရပြန်ရော။ မထူးပါဘူးလေ ဆိုပြီး ကိုယ်လဲ တခုဖွင့်ကြည့်လိုက်တာ Template တွေဘာတွေရွေးပေါ။့ ပြီးတော့ပြန်လာတယ် Blog နဲ့ပတ်သတ်တဲ့ ခံစားချက်ကတော့ ဘာမှထူးခြားတယ်မရှိပါဘူး။ နောက် ၂ ရက်လောက်အကြာမှ ပထမဦးဆုံး Post ကိုစတင်တယ်။ Seminar ကနေရလိုက်တဲ့ လိပ်စာတွေကို လျှောက်လည်တယ် စီဗုံးတွေမှာလျှောက်အော်တယ် အဲဒါနဲ့ပထမဦးဆုံးသော ဧည့်သည် အဖြစ် ကိုဒီမို ရောက်လာခဲ့တယ်။ ဘာရယ်မဟုတ်ပေမဲ့ ပျော်သွားတယ်။ အဲဒီလိုနဲ့ မနက်ရုံးရောက်တာနဲ့ Blog ၀င် အားရင်ရေး၊ မအားရင်လဲရေး၊ အားအားမအားအားရေးခဲ့တာ ပဲ။ တနေ့ တခေါက်မှ Blog တွေ ဆီမရောက်ခဲ့ရင် နေလို့မရ ဘူးဖြစ်နေရော ဒီလိုနဲ့ Blog စွဲကပ်သေ...

ယုံတမ်းစကား

ဒီ Post ကိုရေးဖို့အတွက် ဒီနေ့ မနက် Blogger ကိုဝင်တော့ အားပါးကောင်းလိုက်တဲ့ Connection ဗျာ Click တောင်မဆုံးသေးဘူး ရသွားပြီ။ ဒါနဲ့ တော်တော် အဆင်ပြေတယ်ဆိုပြီးရေးလိုက်တာ ရေးကောင်းကောင်းနဲ့ပေါ့။ ရေးနေရင်းနဲ့ ဗိုက်ဆာတော့ အပြင်ထွက် ပြီး မုန့်ထွက်စားတော့ အိပ်ထဲမှာ ပိုက်ဆံ ၅၀၀ ကျပ်နဲ့ပေါ့ Dagon Centre ရောက်သွားတယ် အားပါး ၀ယ်စရာကလဲများတော့ ၀ယ်ရင်းနဲ မနိုင်တော့လို့ မီးလေးကို လှမ်းခေါ်ပြီး ၀ိုင်းသည်ခိုင်းရတယ်လေ။ ဒါနဲ့ပြန်လာတော့ လမ်းမှာ ကိုမွန်ကြီးကိုတွေ့လို့ YKKO မှာကြေးအိုး ၀င်သောက်ကျသေးတယ်။မီးလေးကိုလဲ သနားလို့ပါ။ သူ့ခမျာ ရွက်ထားရတဲ့ အထုပ်ကတော်တော်လေးတာကိုး။ ဒါနဲ့အိမ်ပြန်ရောက်ရော။ အိမ်ရောက်တော့ လဲ မီးတွေလာနေတယ်။ မီးလာတာများအစမ်းလုပ်လို့ ဆိုပြီး လမ်းမှာ စကိတ်ထွက်စီးနေလိုက် တယ်လေ လမ်းကလဲ ကောင်းတော့ စကိတ်စီးရင်း ပဲခူး ရောက်သွားတယ် ညနေလဲဆောင်းနေပြီလေ ဒါနဲ့ မြေအောက်ရထား စီးပြီးအိမ်ပြန်လာလိုက်တယ် 15 မိနစ်ပဲကြာတယ်လေ။ ဒါနဲ့နောက်တနေ့မနက် မန္တလေး သွားဖို့ရထားလက်မှတ် သွားဝယ်တာ တကယ်ပဲ အပိုကြေး မပေးခဲ့ရဘူးဗျ။ ဒါနဲ့ ရထားကြီးစီးပြီးမန္တလေးကို ထွက်ခဲ့တယ် မယုံမရှိနဲ့ နောက်တနေ့မနက် 6း00 မန္တလေးရောက်ရော။ အာပါး မႏ ၱေ...

ကျွန်တော်နှင့်အကောင်ပလောင်များ

တနေ့သ၌ ကျွန်ုပ်သည် အားအားရှိသည်နှင့် ကျွန်ုပ်ဝါသနာပါသော Blog ရေးသားခြင်းအမှုကို ပြုနေဆဲ အချိန်တွင် ကျွန်ုပ်ဧ။် C Box တွင် စာတကြောင်းတက်လာသည်ကို တွေ့ရသည်။၎င်းစာမှာ “tag ထားတယ်နော်...” ဟူ၍ဖြစ်သည်။Tag ထားပြီဆိုတော့လည်း ဘာအကြောင်းတွေများလဲ ဟုစိတ်က၀င်စားသွားပြန်တော့ အပြေးအလွှား သွားကြည့် လိုက်တော့ အကောင်ပလောင်တွေအကြောင်း ဖြစ်နေပြန်တော့သည်။ကဲအကောင် တွေတော့ဟုတ်ပါပြီ ဘယ်သူကဘာအကောင်ကြောက်သလဲ။ ကျွန်တော်ကကော ဘာအကောင်ကြောက်သလဲ ပြန်စဉ်းစားတော့ ကျွန်တော် ကြောက်တာကတော့ ပင့်ကူ၊ပိုးဟပ် နဲ့ ကြမ်းပိုး ခင်ဗျ။ ပင့်ကူ ကတော့ ငယ်ငယ်ကတည်းက ကြောက်တာပဲ ဘာလို့မှန်းလဲ မသိဘူး သူ့တွေ့ရင်ကို ရင်တွေတဒုန်းဒုန်း တုန် ပြီးကြောက်လာတာ။ ရှက်စရာကြီးနော်။ ပိုးဟပ် ကတော့ ရွံကြောက်ကြောက်တာ။ အိပ်ယာမှာပိုးဟပ်တွေ့ရင်အဲဒီအိပ်ယာမှာအိပ်ရမှာ ကိုယ့်ကို ကို မလုံ ခြုံတော့သလိုပဲ ခံစားရတယ်။ ငါအိပ်နေတုန်း ပါးစပ်တဲဝင်သွားရင်တော့ သွားပြီ၊ဒီကောင်တွေက နေရာတကာ လျှောက်သွားနေတာ အိမ်သာတွေကော၊အိမ်ခေါင်မိုးက ကြပ်ခိုးတွေကြားမှာကော နေတာ တကိုယ်လုံးလဲ ညစ်ပတ်နေကြမှာ ရွံစရာကြီး လို့တွေးမိပြီး အိပ်ရေးပျက်တော့တာပဲ။ ကြမ်းပိုး ။ ။ ဒီကောင်တွေလဲ ပိုဆိုးတာပဲ...

အောင်မျီုးဟန် နှင့် ပတ်ဝန်းကျင်

မီးလေးက Tag ထား ပြီ ဆိုတော့ ဘာကိစ္စ များလဲ လို့ စိတ်ဝင်တစားနဲ့ သူ့ Blog ကို အပြေးအလွှား သွားကြည့် လိုက်တော့ ကျွန်တော် သူ့အတွက်တော်တော် စိုးရိမ်သွားတယ်။ ဘာမျာဖြစ်တာပါလိမ့် ဒီလိုခေါင်းစဉ်တပ်ထား တာ မဟုတ်မှလွဲရော ပတ်ဝန်းကျင် နဲ့များ ရန်တွေဘာတွေဖြစ်သလားပေါ့။ ဒါဆိုရင်တော့ မီးလေး ပိတ်မိနေရင် ငါ 199 ကို ဖုန်းဆက်မှပဲ လို့တွေးထားတာ။ ရောက်လဲရောက်ရော သြော် တော်ပါသေးရဲ့ လို့သက်ပျင်းချနိုင်တော့ တယ်။ သူက Tag ထားပြီဆိုတော့ ကျွန်တော်ကလဲ တတ်သည့်ပညာ မနေသာတော့ ဆက်ရေးရ ဦးမှာပေါ့။ ကျွန်တော်တို့ လမ်းထဲမှာညည ဆို ကြားနေကြအသံတစ် သံ အဲဒီအသံက “လူမှားနေတယ်” ညတိုင်းနီးပါး ကြားနေရတော့ ဒီမိန်းမကြီး က ဘာအော်တာလဲပေါ့ ငါကြားတာတော့ လူမှားနေတယ် ပဲကြား တယ်။ ဒါနဲ့ တရက်စောင့်ကြည့်တော့မှ အဲဒီမိန်းမကြီးလက်ထဲ က စံပယ်ပန်းတွေကိုမြင်ပြီးသြော် “စံပယ် ပန်းတွေ“ လို့အော်တာမှန်းသိတော့တယ်။ နောက်တမျိုး က ညပိုင်းလေးပဲ 9း00 လောက်ဆိုကြားရပြီ “ပါတာလေးလဲပူ ပူတာလေးလဲပါ”တဲ့ ဟာဘာကြီးလဲပေါ့နော်။ နေ့တိုင်း9း00လောက်ဆိုကြားရတာ နောက်မှ ပဲပေါက်ဆီ သည်မှန်းသိရတယ်။ အရမ်းမိုက်တဲ့ အသံကတော့ ဘုရင့်နောင်ဈေးထဲက ဆီစစ်တို့၊အင်ဂျင်ဝိုင်စစ်တို့ ရောင်းတဲ့သူပဲ။ သူ...