Posts

Showing posts from November 13, 2008

လွဲခဲ့ရ ပထမများ

Image
သူများတွေ ပထမ အကြောင်းရေးနေကြတာတွေ့မှာ ကိုယ့်ကိုကို နောက်ဆုံးဖြစ်ဖြစ်နေတတ် တဲ့အကြောင်းကိုရေးချင်စိတ်ဖြစ်လာတယ်။ ဟုတ်တယ် အောင်မျိုးဟန်တို့ ကတော့ အမြဲတမ်း နောက်ဆုံးပဲ ပထမ ဘယ်တော့မှ မဖြစ်ခဲ့ဘူး။ ငယ်ငယ် က လွတ်လပ်ရေးနေ့ အပြေးပြိုင်တာ တောင် အပြေးသန်ရဲ့သားနဲ့ကိုဒုတိယ ဖြစ်နေခဲ့တာ။ ပထမမရတဲ့ အကြောင်းပြောပါတယ်။ ကျောင်းတွေမှာ စာမေးပွဲဖြေတော့ လဲ စာဘယ်လောက်ကြိုးစားကြိုးစား ပထမ မရခဲ့တာ ပဲလေ။ မိဘတွေ ရဲ့ဂရုစိုက်ခံရမှု ။ ၊၊ အဲဒါကိုပြောပြရရင် ခုစာဖတ်နေတဲ့ သူထိုင်ငိုသွားရလိမ့်မယ်။ မွေးကတည်းက ၃ နှစ်သားလောက်မှာ အဖိုးနဲ့နေခဲ့တဲ့ ကျွန်တော့ကို ကျွန်တော့အဖေနဲ့ အမေ ကသိပ်ဂရုမစိုက်ဖူးလို့ ထင်တယ်။ ခုချိန်ထိ အသက် ၂၅ ကျော်ခဲ့ပြီ မိဘကျေးဇူး ကိုတော့ သိပါရဲ့ ဒါပေမယ့် မိဘတွေနဲ့ သိပ်မရင်းနှီးသလိုပဲ ခံစားရတယ်။ သူငယ်ချင်းတွေရဲ့ ဂရုစိုက်ခံရမှု။ ။ အရင်ကတော့ ကိုယ့်ကိုယ်ကို တော်တော်ကံကောင်းတဲ့ သူပဲလို့ထင်ခဲ့တယ်။ အပေါင်းအသင်းတွေ ဂရုစိုက်တယ်လို့ ထင်တယ်လေ။ နောက် တဖြည်း ဖြည်း ကိုယ့်အနေအထားကိုယ် သိလာတဲ့ အခါမှာ ရခဲ့တယ်လေ နောက်ဆုံးနေရာတစ်ခု။ ဒီလိုပါပဲ နေရာတော်တော်များများမှာ နောက်ဆုံးနေရာတွေ ရနေခဲ့တဲ့ကျွန်တော် …… တစ်ခါတစ်လေလည်