Posts

Showing posts from February 5, 2008

ဒုတိယအကြီမ်မြောက်ကြက်ဟင်းခါးသီးဝိုင်သောက်ခြင်း

သောက်လိုက်တိုင်းလဲ သိင်္ဂါရ ရသမြောက်စေဖို့အတွက် သောက်မိလိုက်တိုင်းလဲ ခါးသက်တဲ့ အရသာပဲ ရင်မှာစွဲကျန်ရစ်စေခဲ့တော့ ခုနောက်တခွက် ကျွန်တော် ဆက်သောက်ဖို့ အင်အား သူလဲ ချိုပါ့မလားဗျာ အရင်က မက်မောစွာသောက်ခဲ့ဘူးတဲ့ ကြက်ဟင်းခါးသီး ၀ိုင်တခွက် ခုထပ်သောက်မယ့် ကြက်ဟင်းခါးသီးဝိုင်တခွက် အတူတူပေမဲ့ နောက်တခွက်သောက်ရင် ကျွန်တော် ချာချာလည်မူးမလားကြောက်နေမိတယ် အများသိအတိုင်း တခွက်ဝင်ပြီးတော့လဲ နောက်တခွက်နောက်တခွက်နဲ့ေ၀၀ါးလာခဲ့ရတာ ခုတော့လူလဲ ထုံကြင်နေပါပြီ သောက်လိုက်တိုင်းလဲ သိင်္ဂါရ ရသမြောက်စေဖို့အတွက် သောက်မိလိုက်တိုင်းလဲ ခါးသက်တဲ့ အရသာပဲ ရင်မှာစွဲကျန်ရစ်စေခဲ့တော့ ခုနောက်တခွက် ကျွန်တော် ဆက်သောက်ဖို့ အင်အား သူလဲ ချိုပါ့မလားဗျာ။ ။

ံရပ်တန့်သွားခြင်း

ဒီ အချစ်ဆိုတာကြီးက ငါ့နှလုံးသားကို နောက်တခါ ဆုံးပါးစေဦးမှာလားကွယ်...................... ရင်ခုန်သံတွေရပ်တန့် အမြင်အာရုံတွေမှာပုံရိပ်တစ်ခုသာထင်ကျန်နေတော့တယ် ဘာအမိန့်မှမပေးနိုင် ဘာအကြောင်းမှမတွေးနိုင် မှတ်ဥာဏ်ထဲမှာလဲ ရာခိုင်နှုန်းပြည့်နေရာယူနေတော့ ငါ့ကိုယ်ထဲကသွေးတွေတောင် လည်ပတ်နှုန်းနှေးသွားစေတယ် အချိန်တိုင်းမင်းအကြောင်းတွေးမိနေတယ်ကောင်မလေးရယ် ရပ်တန့်သွားတဲ့ငါ ရပ်တန့်သွားခဲ့တဲ့ အချိန် ရပ်တန့်သွားခဲ့တဲ့ ရင်ခုန်သံတွေဟာ မင်းမရည်ရွယ်ပဲ ပစ်လွှတ်လိုက်တဲ့ မြားချက်တွေကြောင့် ပဲဖြစ်မယ် သြော် ဘာပဲဖြစ်ဖြစ်လေ ဒီ အချစ်ဆိုတာကြီးက ငါ့နှလုံးသားကို နောက်တခါ ဆုံးပါးစေဦးမှာလားကွယ် နောက်တခါ ဆုံးပါးစေဦးမှာလားကွယ်