ဂုဏ်သိက္ခာမလေးသို့
ငါ့ဂုဏ်သိက္ခာမလေးရေ တင်ဆက်နေတဲ့ ငါ့မျက်နှာထက် ကန်လန့်ကာနောက်က ငါ့ရင်ခွင်ကပို ခံစားတတ်နေတယ်ကွယ် နင့်စကားတစ်ခွန်းတိုင်းဟာ အမိန့်တော်တွေဆိုရင် ငါ့ခါးကြားကလက်သုံးတော်ကိုထုတ် ငါ့ကိုငါကွက်မျက်ဆိုလဲ ခံဝင့်ပါတယ်။ ဒါပေမယ့် အရှင်ထားရာနေ အရှင်စေရာသွား ကျွန်ငမိုက်သားကို အရှင့်မျက်နှာတော်လွှဲ ဥပက္ခာပြုမနေပါနဲ့ အကျွန့်ရင်မှာမချိတင်ကဲ ခံစားရလွန်းလို့ပါ။။။။