Posts

Showing posts from November, 2007

ထာဝရချစ်သူ

ဝေးတနေရာစီ ခြားနေပါသော်လည်း ရင်မှာတမ်းတ လွမ်းနေရတာ မင်းတရောက်တည်းကိုပါ။ ။ နေရာခြင်းဝေးနေလည်း စိတ်အာရုံခြင်းအမြဲနီးတာမို့ တို့သတိရတာလဲ မင်း မင်းသတိရတာလဲ တို့ အချိန်နာရီတွေကို ရေတွက်ရင်း တချက်ချက်သွားနေတဲ့ စက္ကန့်တိုင်းမှာ တဖျတ်ဖျတ်ခုန်နေတဲ့ ရင်ခုန်သံနဲ့အတူ တလက်လက်တောက်ပနေတဲ့ မင်းရဲ “မျက်ဝန်း”“ပုံရိပ်လွှာ” များစွာမြင်ရောင်ရင်း မင်းကို ထာဝရ ပိုင်ဆိုင်ချင်တာမို့ ရက်လရှည်ကြာစွာ စောင့်စားနေပါတယ် ချစ်သူရယ်..........။

လောကဓံရဲ့မာန

ငါ့ဘ၀ခရီးလမ်းမှာ မုန်တိုင်းကြမ်းလဲ ထန်ခဲ့တယ် လောကထဲကို ၀င်တိုးထဲက သောကမိုးလဲ စွေခဲ့တယ် နှလုံးသားရင်ပြင်မှာ အချစ်စခန်းဝင်ပေမယ့် ဆူးလွှမ်းတဲ့ အနမ်းနဲ့အတူ ငယ်ချစ်ဦးလဲ လွဲဖူးတယ် မုန်တိုင်းကို အံတု လေဆန်ကိုထိုးခွဲ သောကခရီးကို ဖြတ်ကျော် ရှေ့မျှော်ကြည့် အလင်းရောင် ငါ့ဘ၀အဆောင်မှာ အမှောင်ရဲ့အခြားတဖက်ကို ပြုံးပြုံးနဲ့ပဲ ဆက်သွားမယ် အင်း......................... ပြုံးပြုံးနဲ့ပဲ ဆက်သွားမယ်.........................

ကျွန်တော့ရဲ့အသဲကွဲဇာတ်လမ်း(ဇာတ်သိမ်းပိုင်း)

“ဟဲ့ စော” “ဘာလဲ ဟဲ့ အလန့်တကြား” “နင်ပြောတော့ ငါ့စာအုပ်က ဟန်လေးဆီမှာဆို” “ဟဲဟဲ ငါက နင်ဘယ်လောက် ရင်ခုန်သွားမလဲ လို့ စမ်းကြည့် လိုက်တာ” “နင်ဟာ ငါခေါင်းနားပန်း တောင် ကြီးသွားတယ်” “နင်ရေးထားတာတွေ ငါဟန်လေးကို ပြောပြလိုက်ရမလား” “ပြောပေါ့၊ ငါမှဘာမှရေးမထားတာ” “အော် နင်ဘာမှရေးမထားဘူး ဟုတ်လား။ ချစ်ခွင့်မရှိတဲ့ နှလုံးသားမှာ အားငယ်။ ဆိုတာမျိုးတွေ လေ“ “ငါသိပါတယ် ယုရယ်။ နင် ဟန်လေးကို ကြိုက်နေတာများ” “ဟဲ့ ငါကြိုက်တာနဲ့ မရဘူး၊ သူကဖွင့်ပြောမှ ငါက ပြန်အဖြေပေးလို့ရမှာလေ၊ မိန်းမရဲ့ ငါတို့က မိန်းခလေးလေ ကိုယ်ကစပြီးဖွင့်ပြောလို့ ရတာမှမဟုတ်တာ။” “ဟော။ မိန်းမ ၀န်ခံပြီပေါ့။” “သြော် နင်က ငါ့ဒိုင်ယာရီ တအုပ်လုံး ဖတ်ပြီးမှ အကုန်သိပြီးသားသူကို ငါက မဟုတ်ဘူးပြောလို့ ရမလားဟဲ့။ ဒါပဲနော် နင်မိန်းခလေးဈေး မဖြတ်နဲ့။ အဲဒီဟန်လေး ငါ့ကိုဖွင့်မပြောသရွေ့ ငါကစပြီး ဘယ်တော့မှ ဖွင့်ပြောမှာမဟုတ်ဘူး” ခဏနေတော့ ယုပြန်သွားသည်။ ကျွန်တော် လဲ မနေနိုင်တာနဲ့ စော ဆီဝင်ပြီးမေးတော့ တကယ်ပဲ လျှို့ဝှက်နိုင် တဲ့ မိန်းခလေးတွေ ဖြစ်သည်။ စာအုပ်ထဲမှာဘာရေးထားလဲ လုံးဝမပြောပြခဲ့။သေချာတာတခုကတော့ ကျွန်တော် ပျော်နေတာပဲဖြစ်သည်။ အဲဒီညက အိပ်မပျော်ပေမဲ့ နောက်တနေ့ မ

ကျွန်တော့ရဲ့အသဲကွဲဇာတ်လမ်း(ဒုတိယပိုင်း)

အဲဒီနေ့ညက ကျွန်တော်တညလုံးအိပ်လို့မရခဲ့ဘူး။ သူတကယ်ပြောသွားတာလား ဒါမှမဟုတ် ကျွန်တော့ ကို သက်သက်မဲ့ အနိုင်ယူပြောနေ ကြအတိုင်းပြောသွားတာလား ဆိုတာကို ခွဲခြားနေမိတယ်။အကျိုးဆက်ကတော့ နောက်တနေ့မနက်မှာ သူ့ကိုသွားမကြိုနိုင်အောင် အိပ်ယာ ထနောက်ကျသွားတာပါပဲဗျာ။ ဒါနဲ့အိပ်ယာကနိုးတော့ အသဲအသန်ရေချိုး၊မနက်စာစားပြီး သင်တန်းကိုပြေးတော့ သင်တန်းကစနေပြီ ဒါနဲ့ ပထမအချိန်ပြီးအောင် ဦးချစ်ဆိုင်မှာ ထိုင်စောင့်နေရတယ်။ခဏနေတော့ အတန်းဆင်းလာတယ် အောင်ကျော် နဲ့ နေလင်း တို့နှစ်ယောက် အရင်ထွက်လာတော့ “ဟေ့ကောင်တွေ၊ ငါအိပ်ယာထနောက်ကျသွားလို့ကွာ” အောင်ကျော်က “ငါထင်သားပဲ၊ဒါနဲ့ ယုတစ်ယောက်ဘယ်လို ဖြစ်တာလဲ ကွ” “ဘာဖြစ်နေလို့လဲ” “ဟိုဘဲ ကြီးနဲ့ စကားတွေ ပြောဆိုနေတာတွေ့လို့ပါကွာ။” “သြော် သူတို့ကတွေ့နေကြပြီလား” “ဟင်၊ မင်းစကားကဘာလဲကွ” “မင်းတို့ ပြသနာ တက်ထားပြန်ပြီမဟုတ်လား” “အေးကွာ” ဆိုပြီးကျွန်တော်လဲ မနေ့က ပြသနာအကြောင်းပြောပြလိုက်တော့ သူငယ်ချင်းအပေါင်းက ၀ိုင်း၍ ထောပနာပြု ကြသည်။ ထိုသို့ပြောနေရင်းမှာပဲ တွေ့ရတဲ့မြင်ကွင်း တခုက ကျွန်တော့အသည်းအိမ်ကို ကိုင်လှုပ်လိုက်သကဲ့သို့ တဆတ်ဆတ် နာကျင်စေခဲ့သည်။ ကျွန်တော့ ရှေ့အရောက်မှာ မှ လက်ချင်းချိတ် ၍ ထွက်လြာ

ကျွန်တော့ရဲ့အသဲကွဲဇာတ်လမ်း

ဝင်လိုက်တာနဲ့ ပျံကျဲနေတဲ့ စာရွက်တွေ ။ကျပ်ခိုးအပြည့်နဲ့ နံရံတွေ။ ဖုံအလိန်းလိန်း နဲ့ မတီးတာကြာပြီ ဖြစ်တဲ့ ဂစ်တာအို တလက်။ ခေါက်သိမ်း ထားတဲ့ အိပ်ယာလေး။ ဒါတွေကို ပြန်တွေ့ တော့မှ ရင်ထဲကို အလွမ်းတွေ နဲ့ကြေ ကွဲမှုတွေ မပင့်မ ဖိတ်ပဲရောက်လာရ ပြန်တယ် ယုရေ။ “ဟဲ့ နင်ဘာလာလုပ်နေတာလဲ” “အန်၊ ဘာလာလုပ်ရ မှာလဲ ဟ၊ နင့် ကိုလာစောင့်နေတာပေါ့။” “အံမယ် ဒီနေ့မှ ထူးထူးခြားခြား” “မသိဘူးဟာ ငါလဲ ဒီနေ့မှ ပဲ မနက်စောစော နိုးတာနဲ့ နောက် နင့်ကိုလဲ သတိရတာနဲ့ ထွက်လာလိုက်တာ” “အေး ဒါဆိုလဲ ပြီးတာပဲ လာသွားစို့” ရင်ထဲ ကနေ နင့်ကို မနက်တိုင်းလာကြိုချင်နေခဲ့တာ နင်မှ မသိဘဲ ယုရယ်။ယု ရယ် နင်ဟာ ငါ့အတွက် တော့ ရင်ထဲကနေကြိတ်ပြီးမျှော်လင့်နေခဲ့ ရသူပါ။နင့် မျက်နှာလေးကို မြင်တိုင်း ငါ့ ရင်တွေ ဆောက်တည်ရာ မရ ခုန် တက်လွန်းလို့ နင့်ရှေ့မှာ အိနြေ္ဒ ပျက်ခဲ့ ရတဲ့ အကြိမ်ပေါင်း လဲ မနည်းတော့ ပါဘူး။ ဒါကို နင် မမြင်တာလား။ မသိချင်ယောင် ဆောင် နေ တာလား ဟာ။အခုလည်း “ဟန်လေး ဟိုမှာ စပါယ်ယာ က ကားခ(ယာဉ်စီးခ) လိုက်ကောက်နေပြီ နင်ပေးလိုက်” “အေးပါဟ” “နင်ကလေ သွက်သွက်လက်လက်ကို မရှိဘူး၊ ငါနဲ့သွားတိုင်း အဲဒီလို ချည့်ပဲ” “ဟိုကောင်တွေ နဲ့ဆို ရင် တမျိုး၊ နင် ငါနဲ့ မသွားချင်

ကျွန်တော့ရဲ့ထွက်ပေါက်ကို နေရာချခြင်း

လူတော်တော်များများ(အထူးသဖြင့် သူငယ်ချင်းတွေပေါ့) မင်း Blog ရေးမှပဲ Blogger အပိတ်ခံရပြီ တဲ့။ မဆီမဆိုင်နော်။ ပြောပါစေ သူတို့ကလဲ ကျွန်တော့ရဲ့ မတောက်တခေါက်စာတွေ ကို ဖတ်ပြီး ပစ်ပစ်နှစ်နှစ် ဝေဖန်ပေး တဲ့ကျေးဇူးရှင်တွေပေါ့။ ခုနောက်ပိုင်း ကြတော့ ဟိုကျော် ဒီကျော် နဲ့မို့ အဆင်မပြေဘူး ဆိုပြီး ၀င်မ ကြည့်ကြတော့တာကြောင့် အပြောအဆို ခံရတာနဲနဲ သက်သာသွား ပါတယ်။ ဒါပေမဲ့ လူဆိုတာကလဲ ကိုယ်လုပ် နေကြ ကိုယ်ကြားနေကြ မကြားရ မမြင်ရရင် တခုခု လိုနေသလို မျိုး က အမြဲဖြစ်တတ်တော့ သူတို့ ဘာမှမပြော တော့ နေရထိုင်ရတာ တမျိုးကြီး ဖြစ်နေတာနဲ့ သူတို့လွယ်လွယ် ၀င်ပြီး ကိုယ့်ကိုဝေဖန်နိုင်အောင်လို့ ပီကေ ရဲ့ အကူအညီ ယူပြီး domain ပြောင်းထားလိုက်တယ်။ တခြားဘယ်သူပြောင်းချင်သေးလဲ ပြောင်းချင်ရင် ဒီကို သွားပြီးလေ့လာလိုက်လေ။

တခုတည်းပါ

“မောင် ၊ မအဖေက သူနဲ့ လိုက်တွေ့ ဖို့ခေါ်ထားတာကြာပြီ လို့ပြောနေပြီ ၊ မောင်ဘယ်တော့လိုက်တွေ့မှာလဲ” “ကဲပါ ၊ အခုလိုက်တွေ့မည်” ဒီလိုနဲ့ ကောင်လေးတယောက် ယောက္ခမ ရဲ့ အစစ်ဆေးခံရန် ရောက်သွားခဲ့ရသည်။ ယောက္ခမကလည်း ကုလားထိုင်တွင် မိန့်မိန့်ကြီး ထိုင်ပြီး စစ်ဆေးခန်းစပါတော့သည်။ “ကဲ ၊မောင်ရင် ဦးကတော့ မောင်ရင်ကိုအထူးအထွေ မိတ်ဆက်စရာမလိုဘူးထင်တယ် ဟုတ်လား။ များများစားစားလဲမေးစရာ မရှိပါဘူးကွာ” ”မောင်ရင် အရက်သောက်တတ်လား” “မသောက်တတ်ပါဘူး ခင်ဗျ” ”ဒါဆို ဖဲတော့ ရိုက်တတ်မှာပေါ့ ” “မရိုက်ပါဘူး ဦး” “ဆေးလိပ်ကော” “ကျွန်တော်ဆေးလိပ်မသောက်တတ်ဘူးခင်ဗျ” ”မိန်းမကိစ္စကောရှင်းရဲ့လား” “ဟုတ်ကဲ့၊ ရှင်းပါတယ်ဦး” “အာ ဒါဆိုမောင်ရင် ဘာမဟုတ်တာလုပ်တတ်သလဲ” “ကျွန်တော် လိမ်ပြောတာကလွဲလို့ ဘာမဟုတ်တာမှ မလုပ်ပါဘူး ဦး”

မိသားစုထမင်းစားပွဲ

ကျွန်တော်ဟိုးငယ်ငယ်လေးကထဲက သူငယ်ချင်းတွေအိမ် သွားရင် ထမင်းစားချိန်ကို ရှောင်လေ့ရှိပါတယ်။ ဘာလို့ လဲဆိုတော့ သူများမိသားစုလေးတွေ ကိုမြင်ရင် ကျွန်တော်လဲ ကျွန်တော့ မိသားစုနဲ့ ထမင်းစားချင်စိတ် တွေ အလိုလို ဖြစ်လာတတ်တယ်။(ဗိုက်ဆာလာတာပေါ့) ကျွန်တော့ ဘ၀ ငယ်ငယ်ကတည်းက မိသားစု စုံစုံလင်ထမင်း ၀ိုင်းကို မကြုံခဲ့ရဘူးလေ။ တခါတလေလဲ အမေ့အိမ်ပြန် အမေချက်တဲ့ ထမင်းဟင်းတွေ အားပါးတရ စားချင်လိုက်တာ အခုထက်ထိ တော့ အခွင့်အရေး မရသေးဘူးဗျာ။ နောက်များဆို ပိုဆိုးလာမလားပဲ လူကလဲ တနေ့ထက်တနေ့ အသက်ကကြီးလာတယ် ဒီအရွယ်ကြီးရောက် မှ အမေရေ ဆိုပြီးငိုပြရင်လဲ အမေက အော်မလားမသိဘူး ။ ဒီအရွယ်ကြီးရောက်မှ ပြန်ချွဲရအောင်ကလည်း ကိုယ့်ညီတွေ၊ညီမတွေ မျက်စေ့ ဆူးစရာဖြစ်နေတော့မယ်။ ဘယ်လိုလုပ်ရပါ့မလဲ။ အိမ်ပြန်ပြီး အဖေ၊အမေ၊ညီလေး၊ညီမလေးတွေ နဲ့ ထမင်းလက်ဆုံ သွားစားချင်လိုက်တာဗျာ။

ဂုဏ်ယူဝမ်းမြောက်ပါသည်

သတင်းသမား စောင့်ကြည့်ရတဲ့ Blog ကမ္ဘာကစောင့်ကြည့်ရတဲ့ Blog တချို့လူတွေ စိတ်နာတဲ့ Blog တချို့လူတွေ သိပ်ချစ်တဲ့ Blog လွတ်လပ်စွာရေးခွင့် ရှိတဲ့ Blog ဘာဟန်ဆောင်မှုမှ မရှိတဲ့ Blog စည်းလုံးညီညွတ်တဲ့ Blog နေ့စဉ် Update ဖြစ်နေတဲ့ Blog ရင်ခုန်သံခြင်း နီးစေတဲ့ Blog တနေ့တခြား ကျယ်ဝန်းလာတဲ့ Blog ----------------------Blog ----------------------Blog ----------------------Blog ----------------------Blog ----------------------Blog ----------------------Blog

တမ်းတခြင်းဒုက္ခ

သမုဒယ အလွမ်းတွေနဲ့ ယခုဘ၀ လွမ်းရဦးမှာပါလား အချစ်ရေ........... တမ်းတခြင်း ဒုက္ခတွေနဲ့အတူ နွမ်းလျတဲ့ ကိုယ့်ဘ၀ဟာ မင်းကိုတမ်းတနေရုံကလွဲံလို့ ဘာတတ်နိုင်ဦးမှာလည်း အချစ်ရယ်... မင်းရဲ့အမုန်းတွေကို အဆုံးသတ်ပါတော့လား ကိုယ့်မှာဒုက္ခသိပ်များနေလို့ပါ မင်းကိုတမ်းတမိတဲ့နေ့တိုင်း လွမ်းတသသနဲ့ ရင်မှာအလွမ်းပင်လည်ဝေခဲ့ရတယ်လေ မင်းကိုနေ့တိုင်းတမ်းတမိတဲ့“ငါ” တမ်းတခြင်းဒုက္ခဟာနေ့တိုင်းပါလားလို့ တွေးမိသေးဘူးထင်ပါရဲ့။ ။ ကျွန်တော့သူငယ်ချင်းတယောက်ရဲ့ကဗျာပါ။ အားပေးကြပါဦးနော်..

အချစ်အကြောင်းတစေ့တစောင်း

အချစ် အချစ် လူတိုင်းကမေးကြတယ် အချစ်ဆိုတာဘာလဲ။ ကျွန်တော်နားလည်ထားတဲ့အချစ်ဆိုတာကတော ပျော်ရွှင်မှု စိုးရိမ်ကြောင့်ကြမှု လွမ်းဆွတ်မှု နားလည်မှု ကြေကွဲမှု တွေပဲဗျာ ၁။ ပျော်ရွှင်မှု ဟုတ်တယ် ပျော်ရွှင်ခဲ့ရတယ်။ “ဘာကိုမှနားမလည်ခင် အချစ်ဟာပျားရည်လို ချိုမြိန်တယ်” အဲလက်စ် သီချင်းစာသားပဲ ။တကယ်ဘာကိုမှ ရင် မဆိုင်ရသေးချိန်မှာ အချစ်ဟာ ပျော်ရွှင်စရာတွေ အပြည့်နဲ့ပေါ့။ ၂။စိုးရိမ်ကြောင့်ကြမှု ကိုယ်ချစ်တဲ့သူကို ဆုံးရှုံးရမှာ လား ဆိုတဲ့စိုးရိမ်မှု။ တကယ်ကို နှစ်ယောက်စလုံးအတွက် ပူလောင်တယ်။ ဒီအချိန်မှာ သ၀န်တိုမှု ပေါ့ ၃။လွမ်းဆွတ်မှု မတွေ့ရတဲ အချိန်တွေမှာ ခံစားရတဲ့ဝေဒနာလေ။ “သူရောပဲ ကိုယ့်လိုများ ယောင်ရမ်းတမ်းတနေမလား” ဒီလိုလွမ်းခဲ့ရတယ်။ ၄။နားလည်မှု အရေးကြီးတယ် နားလည်မှုရှိမှ ရှေ့ဆက်ချစ်လို့ရနိုင်မှာလေ။နားလည်မှုဆိုတာမရှိတော့ရင်...... ၅။ကြေကွဲမှု ကြေကွဲမှုဆိုတာကတော့ အများနဲ့သက်ဆိုင်မှု ရှိချင်မှရှိမှာပါ။ ချစ်တဲ့သူနဲ့ကွေကွင်းရတဲ့ ဒုက္ခ ပေါ့။ တကယ်ကို ရင်ဆိုင်ရခက်ပါရဲ့။ တချို့ စိတ်အင်အားမပြည့်စုံသူတွေဆို ကိုယ့်အသက်ကိုတောင် ရန်ရှာတတ်ကြတယ်။ ကျွန်တော် Blog စရေးကတည်းက ကိုယ့်ခေါင်းစဉ်ကို ဘယ်သူ့ကိုမှ Tag မလုပ်ခဲ့ဘူးသေးဘူး။ ဒီတခါတော့ Tag ပြီ။ အခ

ယုံတမ်းစကား

ဒီ Post ကိုရေးဖို့အတွက် ဒီနေ့ မနက် Blogger ကိုဝင်တော့ အားပါးကောင်းလိုက်တဲ့ Connection ဗျာ Click တောင်မဆုံးသေးဘူး ရသွားပြီ။ ဒါနဲ့ တော်တော် အဆင်ပြေတယ်ဆိုပြီးရေးလိုက်တာ ရေးကောင်းကောင်းနဲ့ပေါ့။ ရေးနေရင်းနဲ့ ဗိုက်ဆာတော့ အပြင်ထွက် ပြီး မုန့်ထွက်စားတော့ အိပ်ထဲမှာ ပိုက်ဆံ ၅၀၀ ကျပ်နဲ့ပေါ့ Dagon Centre ရောက်သွားတယ် အားပါး ၀ယ်စရာကလဲများတော့ ၀ယ်ရင်းနဲ မနိုင်တော့လို့ မီးလေးကို လှမ်းခေါ်ပြီး ၀ိုင်းသည်ခိုင်းရတယ်လေ။ ဒါနဲ့ပြန်လာတော့ လမ်းမှာ ကိုမွန်ကြီးကိုတွေ့လို့ YKKO မှာကြေးအိုး ၀င်သောက်ကျသေးတယ်။မီးလေးကိုလဲ သနားလို့ပါ။ သူ့ခမျာ ရွက်ထားရတဲ့ အထုပ်ကတော်တော်လေးတာကိုး။ ဒါနဲ့အိမ်ပြန်ရောက်ရော။ အိမ်ရောက်တော့ လဲ မီးတွေလာနေတယ်။ မီးလာတာများအစမ်းလုပ်လို့ ဆိုပြီး လမ်းမှာ စကိတ်ထွက်စီးနေလိုက် တယ်လေ လမ်းကလဲ ကောင်းတော့ စကိတ်စီးရင်း ပဲခူး ရောက်သွားတယ် ညနေလဲဆောင်းနေပြီလေ ဒါနဲ့ မြေအောက်ရထား စီးပြီးအိမ်ပြန်လာလိုက်တယ် 15 မိနစ်ပဲကြာတယ်လေ။ ဒါနဲ့နောက်တနေ့မနက် မန္တလေး သွားဖို့ရထားလက်မှတ် သွားဝယ်တာ တကယ်ပဲ အပိုကြေး မပေးခဲ့ရဘူးဗျ။ ဒါနဲ့ ရထားကြီးစီးပြီးမန္တလေးကို ထွက်ခဲ့တယ် မယုံမရှိနဲ့ နောက်တနေ့မနက် 6း00 မန္တလေးရောက်ရော။ အာပါး မႏ ၱေ

ဘယ်သူနဲ့တူသလဲ

http://www.myheritage.com/collage ကဲဘာပြောကြဦးမလဲ။ တခုခုတော့ပြောလိုက်ပါ။

ကျွန်တော်နှင့်အကောင်ပလောင်များ

တနေ့သ၌ ကျွန်ုပ်သည် အားအားရှိသည်နှင့် ကျွန်ုပ်ဝါသနာပါသော Blog ရေးသားခြင်းအမှုကို ပြုနေဆဲ အချိန်တွင် ကျွန်ုပ်ဧ။် C Box တွင် စာတကြောင်းတက်လာသည်ကို တွေ့ရသည်။၎င်းစာမှာ “tag ထားတယ်နော်...” ဟူ၍ဖြစ်သည်။Tag ထားပြီဆိုတော့လည်း ဘာအကြောင်းတွေများလဲ ဟုစိတ်က၀င်စားသွားပြန်တော့ အပြေးအလွှား သွားကြည့် လိုက်တော့ အကောင်ပလောင်တွေအကြောင်း ဖြစ်နေပြန်တော့သည်။ကဲအကောင် တွေတော့ဟုတ်ပါပြီ ဘယ်သူကဘာအကောင်ကြောက်သလဲ။ ကျွန်တော်ကကော ဘာအကောင်ကြောက်သလဲ ပြန်စဉ်းစားတော့ ကျွန်တော် ကြောက်တာကတော့ ပင့်ကူ၊ပိုးဟပ် နဲ့ ကြမ်းပိုး ခင်ဗျ။ ပင့်ကူ ကတော့ ငယ်ငယ်ကတည်းက ကြောက်တာပဲ ဘာလို့မှန်းလဲ မသိဘူး သူ့တွေ့ရင်ကို ရင်တွေတဒုန်းဒုန်း တုန် ပြီးကြောက်လာတာ။ ရှက်စရာကြီးနော်။ ပိုးဟပ် ကတော့ ရွံကြောက်ကြောက်တာ။ အိပ်ယာမှာပိုးဟပ်တွေ့ရင်အဲဒီအိပ်ယာမှာအိပ်ရမှာ ကိုယ့်ကို ကို မလုံ ခြုံတော့သလိုပဲ ခံစားရတယ်။ ငါအိပ်နေတုန်း ပါးစပ်တဲဝင်သွားရင်တော့ သွားပြီ၊ဒီကောင်တွေက နေရာတကာ လျှောက်သွားနေတာ အိမ်သာတွေကော၊အိမ်ခေါင်မိုးက ကြပ်ခိုးတွေကြားမှာကော နေတာ တကိုယ်လုံးလဲ ညစ်ပတ်နေကြမှာ ရွံစရာကြီး လို့တွေးမိပြီး အိပ်ရေးပျက်တော့တာပဲ။ ကြမ်းပိုး ။ ။ ဒီကောင်တွေလဲ ပိုဆိုးတာပဲ

ထားဝယ်-ကံပေါက် သွားမှတ်တမ်း

Image
ဒီလအတွင်း ကျွန်တော်လဲ ခရီးသွားရမယ့် ကံဇာတာတွေတက်နေ လားမသိ။ မန္တလေး က ပြန်လာတာမှမကြာ သေးဘူး အလုပ်ကနေ ထားဝယ်သွားရ မယ်ဖြစ်ပါလေရော။ သွားဆိုလဲ သွားတာပေါ့ ဆိုပြီး အိမ်ပြန် အထုပ်ဆွဲ ပြီး လေယာဉ်ပေါ်တက်တော့တာကိုး။ ရန်ကုန်ကနေ ၄၅ မိနစ်လောက်လေယာဉ်စီးပြီးရင်ပဲ ထားဝယ်ကိုရောက်တယ်ဆိုပါတော့။ ထားဝယ်လေဆိပ်ကနေ မြို့ထဲကို ဆိုင်ကယ်လေးနဲ့ သွားတာက ၁၅ မိနစ် ၊ ထားဝယ်မြို့ ကိုရောက်ပြီပေါ့။ ထားဝယ်သူတွေ လိုက်ကြည့်ရင်း နဲ့ ဘယ်အချိန်ရှိပလဲ ကြည့်မိတော့ ၁၂း၀၀ နာရီ ထိုးပြီးနေပြီ။ ဟာမဖြစ်တော့ ဘူးဆိုပြီး ဆိုင်ကယ်တစီးငှားပြီး ထားဝယ်ကံပေါက်ကားဂိတ်ကိုပြေး ၊ ဟိုရောက်တော့ ကားပေါ်တောင်လူအတော် ရောက်နေပြီ။ ကားစထွက်ပါပြီ ကားသမားပုံကြည့်ရတာတော့ အရမ်းမောင်းမယ့်ပုံပဲ ခုထားဝယ်ကမထွက်ရသေးဘူး တော်တော်မောင်းနေတာ ကျွန်တော်လဲ ပင်ပန်းလာတာဆိုတော့တချက်အိပ်ပျော်သွားတယ်။ ၀ုန်းဝုန်းဆိုတဲ့ အသံနဲ့တပြိုင်ထဲ လူက အောက်ြပုတ်ကျတော့ ဟာဘာတွေဖြစ်ကုန်ပြီလဲ ဆိုပြီး ထရပ်ကြည့်ဖို့ ကြိုးစားတော့ ရပ်လို့မရနိုင်ဘူး။ ကြိုးစားပြီးအားစိုက်ထတော့မှ အားပါးပါး လကမ္ဘာပေါ်ရောက်နေပြီလားလို့တောင်ထင်သွားရတယ်။ အင်မတန် မှ ကျယ်ဝန်းနက်ရှိုင်းတဲ့ ချိုင့်ဝှမ်းတွေနဲ့အလှဆင်ထားတဲ့ ထားဝယ်

အောင်မျိုးဟန်ခရီးသွားနေသည်။

ရန်ကုန်ကိုပြန်ရောက်ပြီဆိုတာနဲ့ စိတ်က Internet Connection ရပြီလားဆိုတာပဲ သိချင်နေတော့တာပဲ သူများတွေ နိုင်ခံတွေများမိုက်လိုက်တာဗျာ။ Singapore မှာဆို လေဆိပ်မှာ Internet အလကားသုံးလို့ရတယ် ဆိုပဲ(သူများပြောပြတာနော် မရောက်ဖူးသေးဘူး) ။ဒါနဲ့ လေဆိပ်က ကားသမားကို နီးတဲ့Internet ဆိုင်အရင်မောင်းဗျာ ဆိုပြီး ပြောတော့ လှည့်ကြည့်တယ်။ ဘာထင်လဲတော့မသိဘူး။ ဘယ်လိုထင်ထင်ပေါ့နော်။ ကိုယ်သွားချင်တဲ့နေရာ သူလိုက်ပို့ရမှာပဲဟာကို။ ဒါနဲ့ Blog အိမ်ကိုရောက်တော့ အားပါး ဧည်သည်တွေတော်တော်လာသွားတာပဲ ။ အားနာလိုက်တာ ထားဝယ်က ပါလာတဲ့ မုန့်ကုလားမဲ လေးတောင် မကျွေးလိုက်ရလေချင်း ဆိုပြီး စိတ်မကောင်း ဖြစ်မဆုံးပါဘူးဗျာ။ ဒါနဲ့ ဧည့်သည်တွေ ရဲ့ အိမ်နေတွကို ပြန်သွားတော့ Chaos ပြောမှသိရတာက တော့ ကျွန်တော်တို့ အဖွဲ့ကို မောင်ရင်ငတေခေါင်းဆောင်သတဲ့။ ဒီလူတော့ မလွယ် တော့ဘူးနဲ့ တူတယ်။ ခေါင်းဆောင်ကြီး လွတ်အောင်ပြေးပါတော့ ဟီး။ မီးလေး ကတော့ သူ့အိတ်ထဲက ဟာတွေထုတ်ပြပြီး သူ့Blog က ကန်ဒေါ်လာ 14113.50 တန်ကြောင်း ကြွားသ ဗျို့။ ပြီးတော့ တရားလဲဟောထားသေးရဲ့။ Blogger တွေရန်မဖြစ်ပါနဲ့ Blogger လောကအတွက်........ အလွမ်းအိမ် ရဲ့ Blog မှာတော့ အ၀အပြဲ စားအပြီး အထွက်