Posts

Showing posts from February 18, 2008

ကြောက်ရွံမှု

ချစ်သူ မင်းတန်ဖိုးထားခြင်း မခံခဲ့ရတဲ့ ငါ့သံစဉ်တွေနဲ့ ငါ့ညတွေ အရည်ဖျော်ခဲ့ဖူးပါတယ် ချစ်သူ ငါ့မျှော်လင့်ချက် ဘ၀တခုလုံးမှာ မင်းပါမှပြည့်စုံတော့မယ် ချစ်သူ ရုတ်တရက် ထွက်သွားမယ်ဆို မငိုမိအောင် တလလောက်တော့ ကြိုသတိပေးခဲ့ပါနော်

အမေအတွက်

အမေ ကျေးဇူးပါအမေ သားကိုငယ်စဉ်ကတည်းက ခုအချိန်ထိအောင် အားပေးမှုတွေ နဲ့ စိတ်ဓာတ်ကျနေချိန်မှာ တနေ့တခါ အားမငယ်ရအောင် စကားလှမ်းပြောပေးခဲ့တာလေ အမေ အမေမွေးခဲ့တဲ့ သားလေ အမေ သင်ပေးခဲ့၊ အမေပြောပြခဲ့တဲ့ ဘ၀အကြောင်းတွေကို ခုတော့ လက်တွေ့ ရင်ဆိုင်ဖြေရှင်းနေခဲ့ပြီ အမေ အမေ အမေမွေးခဲ့တဲ့ သားလေ အမှားအယွင်းတွေလဲ ကြုံရပေါင်းများသလို အများအကျိုးဆိုလဲ နောက်မတွန့်ခဲ့ပါဘူး အမေ အမေ အထူးကျေးဇူးတင်ပါတယ်အမေ အသည်းကွဲတယ်ဆိုတာ ဒါမျိုးမဟုတ်ဘူးလို့ပြောခဲ့တုန်းကပေါ့ အမေ ခုတော့ လည်း သားစိတ်တွေတည်ငြိမ်သွားလို့ ဘ၀လက်တွဲဖော် ရှာတွေ့ပါတယ်အမေ အမေ အမေပေးခဲ့တဲ့ နှလုံးသားတစ်စုံ ထိမ်းမရအောင် ခုန်နေတယ်အမေ နွေကန္တာဘယ်လောက်ပူပူ မိုးဝသန် ဘယ်လောက်ကြမ်းကြမ်း သားကိုအားပေးခဲ့တဲ့ အမေ အဝေးတနေရာစီရောက်နေလဲ စိတ်တွေမချပဲ အိပ်မပျော်တတ်တဲ့ အမေ အမေရဲ့ မွေးနေ့မင်္ဂလာမှာ သားမပါလဲ ပျော်ရွှင်နိုင်ပါစေလို့ သားဆုတောင်းရင်း HAPPY BIRHTDAY MOM!

ဘက်စုံစဉ်းစားခြင်း

အရက် အရသာမရှိမှန်း သိရက်နဲ့  တရှိုက်မက်မက်မျိုချ ဘ၀ကိုထွေးပစ်ပြီး အနာဂတ်ကိုညစ်ပတ်စေတာသူပေါ့ ။ ပျင်းရိခြင်း အထင်မသေးလိုက်နဲ့ နော် သူ..... ခန္ဒာကိုယ်ထဲရောက်လာရင် မလွဲမသွေဆုံးရူံ့း ခြင်းများနဲ့  ရင်ဆိုင်ရလိမ့်မယ် ။ ရိုးသားခြင်း အနာဂတ်တလျောက်လုံးရှင်သန်ဖို့  မဖြစ်မနေလိုအပ်တဲ့ ဓာတ်အားတွေထဲမှာ ငွေနဲ့ ဝယ်လို့ မရတာ သူပေါ့ ။ အချစ် ငါ့ဆီချဉ်းကပ်လာတဲ့ ရန်သူတွေထဲမှာ မင်းဟာ အဆိပ် ပြင်းဆုံးနဲံ့  ကြောက်စရာအကောင်းဆုံးပဲ ။ မိတ်ဆွေ ဆုံးရှုံးမှုတစ်ခု [တွေ့ လိုက်တိုင်း ] အရောင်တောက်တောက်လာတယ် အဖိုးဖြတ်မရတဲ့ လွယ်အိတ်တစ်လုံးပေါ့ ။ အလုပ် ငွေနဲ့ တန်ဖိုးမဖြတ်ကြပါနဲ့  ဘ၀တသက်တာ မမွဲစေတဲ့ဂါထာ ဥုံ , သြောင်းမပါဘူးလေ ။ ကျွန်တော်ရေးထားတာမဟုတ်ပါဘူး ကျွန်တော့် သူငယ်ချင်းတယောက် က ပို့လိုက်တာပါ။ ဘာပဲဖြစ်ဖြစ် စာသားလေးတွေက အဓိပါယ်ရှိတော့ ဖတ်တဲ့ သူအတွက်လဲကောင်း ရေးတဲ့သူလဲ သူ့စာလေးတွေ အများဖတ်ဖြစ်သွားအောင် တင်ပေးလိုက်တာပါ။ ရေးသူနာမည် မသိတဲ့ အတွက် မဖော်ပြနိုင်ပါဘူး။ အကယ်၍ ရေးသူနာမည် သိကြရင် Comment မှာပြောသွားနိုင်ပါတယ် ကျွန်တော် ဖော်ပြ ပေးပါမယ်။