Posts

Showing posts from May 12, 2008

ဘာဖြစ်သလဲနာဂစ်ရယ်

အဲဒီနေ့ကပေါ့ ည ၉နာရီလောက်အိပ်ယာထဲဝင်ဖြစ်တယ်လေ။ တလောကလုံးအမှောင်ကျနေတယ်။အိပ်ပျော်သွားလိုက်တာ ဟဲ့အောင်မျိုးဟန် ထထ ဆိုတော့ မှသတိထားမိလိုက်တာ တ၀ုန်းဝုန်း တဒိုင်းဒိုင်းနဲ့ ရွာနေတဲ့ မိုးတွေ မဟုတ်ဘူး တိုက်နေတဲ့လေ တွေ လေတိုက်ချက်က ရက်ရက်စက်စက်ပါလား ဟရို့။တညလုံးမအိပ်ပဲနဲ့ နေရင်းနဲ့ ထိုင်ကြည့်နေလိုက်တာ အလားလား လေထဲ မှာ သွပ်တွေသွပ်တွေ ၀ဲပျံနေလိုက်တာ ဆလောင်းဗန်းတွေရော နောက်တော့ အချိန်ဘယ်လောက်ရှိပြီလဲ သွားကြည့်လိုက်တော့ ၂ နာရီထိုးပြီးပြီ အဲဒါနဲ့ အိမ်ရှေ့ထွက်ထိုင်နေလိုက်တယ် အိပ်လို့လဲ မရတော့ဘူးလေ အဲဒီအချိန်မှာ ၀ုန်းဆိုတဲ့ အသံကြီးက နီးနီးလေးကြားလိုက်ရတော့ ကြည့်လိုက်တယ် ကျွန်တော့အိမ်ဘေးနားက သူငယ်ချင်းတယောက်အိမ်က သွပ်တွေ လန်တက် နေတာ တွေ့လိုက်ရတယ်။နောက် ဘေးအိမ်က ဆလောင်းဗန်းကြီးပြုတ်ကျ အိမ်ရှေ့က သစ်ပင်တွေ တ၀ုန်းဝုန်းလဲ ကုန်ပြီ အနှစ်နှစ်အလလက ရှေ့လူကြီးတွေ စိုက်ထားပျိုးထားတဲ့ အပင်ကြီးတွေ နှစ်ကာလများစွာ အရိပ်ပေးခဲ့တဲ့အပင်ကြီးတွေမရှိတော့ဘူး .. နောက်ဆိုပူလိုက်မယ့်နေလို့စဉ်းစားမိတယ်။ မနက်၅နာရီလောက်ရောက်တော့ ကဲလိုက်တဲ့အောင်မျိုးဟန် အပြင်ရောက်နေပြီ လမ်းလျှောက်တာ လေကတွန်းပို့နေသလိုပဲ နဲနဲ လျှောက်ပြီးရပ်နေလိုက် ဆ