Posts

Showing posts from July, 2008

Tab View ဆိုတာလေးကို ဘယ်လိုလုပ်မလဲ

Image
အားလုံးမင်္ဂလာပါဗျာ။ ဒီနေ့ကျွန်တော့်မွေးနေ့ပါ။ ကျွန်တော့မွေးနေ့ အထိမ်းအမှတ်ရေးထားတဲ့ သူရဲကောင်းမကြီးသို့(သို့မဟုတ်) အမေသို့ post လေးမှာ Comment ၀ိုင်းချီးမြှင့်ကြတာကို ကျေးဇူးအထူးတင်ပါတယ်။ ကျွန်တော်စီစဉ်ထားတာက အဲဒီ post လေးကို print ထုတ် ပြီး အဝေးမှာရှိတဲ့ကျွန်တော့်အမေဆီကို စာပို့ပေးချင်လို့ပါ။ ကျွန်တော်တစ်ယောက်တည်း ရေးထားတာထက်စာရင် ကျွန်တော်ခင်မင်ရတဲ့ ။ လေးစားရတဲ့ Blogger တွေဆီက Comment လေးတွေပါ ပါစေချင်လို့ Comment တွေလိုက်တောင်း ရခြင်းဖြစ်ပါတယ်။ Comment ရေးပေးသူများနဲ့ Cbox ကနေအော်သွားသူများ။ ကျွန်တော့် မတောက်တစ်ခေါက်စာ လေးတွေကို လာဖတ်ပေးသူ များကို အထူးကျေးဇူးတင်ပါတယ်။ အပေါ်ကခေါင်းစဉ်လေးကိုပြန်ညွှန်းရရင်တော့ Kendhin ရေးထားတာပါ။ Tab View လေးတွေ Blogger Template တွေမှာ ထည့်ပုံထည့်နည်းလေးပေါ့။ ကျွန်တော့် ဘလောက်ညာဘက် က search နဲ့ Catagories Tab လေးတွေလို ပုံစံလေးပါ။ ကိုယ့် Template နေရာလေးက ကျဉ်းနေမယ်ဆိုရင်တောင် Tab ကလေးတွေသုံးပြီး widget လေးတွေ ထည့်လို့ ရတာပေါ့ဗျာ။စလိုက်ရအောင်............. အရင်ဆုံးလုပ်ရမှာက ထုံးစံအတိုင်း Blogger ကို log in ၀င် ပြီးရင် Layout>>>Edit HTML

တော်တော်ကောင်းတဲ့ Freegate 6.72 Professional

Image
တကယ်တော်တော်ကောင်းတဲ့ Freegate ဗျာ ကိုယ့်ဘလောက်ကို ဘယ်လို ပဲ Domain ပြောင်းပြောင်း ဖတ်သူတွေ အဆင်ပြေသွားတာကလွဲလို့ Blogger တွေမှာကတော့ ကျော်ရတဲ့ ဒုက္ခက မလွတ်ကင်းနိုင်သေးပါဘူးဗျာ။ အဲဒီတော့ လဲ မကျော်ချင်လဲကျော် ကျော်ချင်လဲကျော်ပေါ့နော့ဗျာ။ အရင်ကတော့ ULTRA SURF ကျေးဇူးနဲ့ ကျော်ရတယ် ခွရတယ်လေ ခုတော့ ကိုကို ULTRA SURF ခမြာလဲ အလုပ်တွေပင်ပန်းရှာတယ်ထင်ပါရဲ့။ သိပ်အလုပ်မလုပ်နိုင်ရှာတော့ဘူးကိုး။ ကျေးဇူးတင်ပါတယ် ULTRA SURFရယ် ခုပြောပြမယ့် ဟာလေးကတော့ ကျွန်တော်သွားရင်းလာရင်းနဲ့ မမှတ်မိလိုက်တဲ့ ကျေးဇူးရှင် တစ်ယောက်က လက်ဆင့်ကမ်း သွားတဲ့ FREE GATE ဆိုတဲ့ SOFTWARE လေးပေါ့။ သူလေးကလည်း ULTRA SURF လိုပါပဲဗျ။ ဒါပေမယ့် သူက နည်းနည်း ပိုပြီးလိုင်းဆွဲအားလေးပိုကောင်းသလားလို့။ ခုကျွန်တော်သုံးနေတာတော့ တော်တော်အဆင်ပြေတယ်ဗျာ။အရင် U သုံးသလို ကျသွားလို့ ပြန် RUN ရတာ မရှိသေးဘူးဆိုတော့ တော်တော်ကောင်းတယ်ပြောရမယ်ပေါ့ဗျာ လိုချင်ရင် ဒီမှာ ယူတော်မူကြပါကုန်။ သာဓု...သာဓု....သာဓု(ဟတ်ဟတ်)။ DOWNLOAD ရရင် တမ်းသုံးရုံပဲ RUN နှိပ်လိုက် PROXYSETTING မှာ USE ONLY FREEGATE ဆိုတာလေးကို ရွေး သူ့ဘာသာအလုပ်လုပ်နေလိမ့်မယ် ခဏလေးနေရင် ချိုးငှက်

သူရဲကောင်းမကြီးသို့(သို့မဟုတ်) အမေသို့

Image
အမေ မနက်ဖြန်ဆို အမေမွေးခဲ့တဲ့ အမေ့သားလေ အသက် ၂၅ နှစ်ပြည့်ပြီ အမေရ။ အဲဒီ ၂၅ နှစ်ဆိုတဲ့ အချိန်မရောက်ခင် ဟိုးမွေးကင်းစ ကလေးလေး ဘ၀ မှာအမေပြုစုစောင့်ရှောက်ခဲ့တာတွေ ကို သားကိုယ်တိုင်မမှတ်မိပေမယ့်၊မသိခဲ့ပေမယ့် သားသည်အမေတွေ သူတို့ ကလေးကို စောင့်ရှောက်ပြုစုတာမြင်ရရင် သြော်.. ငါ့အမေလဲ ငါငယ်ငယ်တုန်း က ဒီလိုမျိုး စိုးရိမ်ခဲ့မှာပဲ လို့ သားစဉ်းစားမိပါတယ်အမေ။ အခေုတော့ အမေ့သား အမေ့ ဗိုက်ထဲက ထွက်ခဲ့တာ ၂၅ နှစ်တောင်ရှိပြီအမေရဲ့။ အမေ့သားလေ အမေ နေ့စဉ်ပို့သတဲ့ မေတ္တာတွေကြောင့် ခလုပ်မထိ ဆူးမငြိခဲ့ပါဘူးအမေ။ အမေသင်ကြားပေးခဲ့တဲ့ ပညာတွေ ရဲ့ အသီးအပွင့် တစ်ချို့ကို စတင် စားသုံးနေပါတယ်အမေ။ အမေ.... အမေ့သားလေ ဟို လွန်ခဲ့တဲ့ နှစ်တွေအမေ နေမကောင်း ဖြစ်တုန်း က အမေ့လုံချည် လျှော်ခဲ့ဖူးတာကို ခုတော့ သားဂုဏ်ယူစွာနဲ့ ပြောရဲနေပါပြီအမေ။ အမေ... သားလေ တကယ်အဝေးကိုရောက်နေမှ အမေဟာ သားတစ်ယောက်အတွက် တကယ်လိုအပ်ပါလားလို့ သားသိခဲ့ပါတယ်အမေ။ အမေ... ကျွန်တော့်အမေဟာ လေးတန်းတောင်မအောင်ပါဘူး အမေ...ကျွန်တော့အမေဟာ အင်္ဂလိပ်စာ မတတ်ပါဘူး အမေ...ကျွန်တော့အမေဟာ သားသမီးတွေကို လမ်းမှန်ရောက်အောင်ပို့ပေးနိုင်ခဲ့တယ် အမေ...ကျွန်တော့်အမေဟာ သားသမီးတွေကို ဒီအသက

အောင်ဆန်းပေးတဲ့မြန်မာပြည်

Image
ခေါင်ခေါင် ဘလောဂ့် မှကူးချထားခြင်းဖြစ်ပါသည်။ အရပ်ပုပု မျက်မှောင်ကုတ်ကုတ် ပိုသီပတ်သီ အညာသား။ ဘီအေကျောင်းသား စကားမပြော ပြောရင်မရပ် ညှင်းသိုးသိုး အရိုးခံ ခေါင်းအမာဆုံး ဇွဲအရှိဆုံး စိတ်ဓာတ်အပြင်းထန်ဆုံး လူသား။ သူမသိ နားမလည်တာတွေကအများသား ရေမကူးတတ်ဘူး စက်ဘီးမစီးတတ်ဘူး စန္ဒရားမတီးတတ်ဘူး သီချင်းကောင်းကောင်း နားမထောင်ခဲ့ရဘူး မိန်းမ မပိုးတတ်ဘူး။ ဘိလပ်ပြန်သန်းကို မေရှင့်သီချင်း ဆိုခိုင်းခဲ့သူ ချစ်ရတဲ့နာစ့်မလေးကြည်ကို လူငှားနဲ့ ပိုးခဲ့ရသူ ဗွီအိုင်ပီဆိုတဲ့ စာတန်းကို အလွန်စက်ဆုပ်ရွံရှာသူ လမ်းဘေးမှာ ကျောက်ကျောရေသောက်တဲ့ ၀န်ကြီးချုပ် မင်္ဂလာဆောင်မှာ ခဲဖိုးတောင်းတာ နားမလည်တဲ့သူ။ လွတ်လပ်ရေးကိုစဉ်းစားရင်း စစ်ဖိနပ်ပြောင်းပြန်စီးတဲ့သူ လွတ်လပ်ရေးကိုစဉ်းစားရင်း ဆံပင်ညှပ်မပြီးခင် ထထွက်သွားတဲ့သူ တွေ့ချင်လွန်းလို့ လမ်းမှာတားတဲ့ ရွာသားတွေနဲ့ အတူလမ်းဘေးမှာအကြော်စားတဲ့ ၀န်ကြီးချုပ် သူ့ ကိုယ်သူ ပြည်သူတစ်ယောက်အဖြစ်ခံယူတဲ့ ၀န်ကြီးချုပ် - ကြည်... ပဲပြုတ်နဲ့ နံပြားရရင် စားချင်တယ် - ဆိုတဲ့ မိန်းမကို မနက်စာပြင်ခိုင်းတဲ့ သူ့ ရဲ့ ကမ္ဘာကျော်စာ။ ဗိုလ်ချုပ်အဆင့်ရဲ့ အမှားနဲ့ သာမန်ရဲဘော်အဆင့်ရဲ့ အမှန်ကို ကွဲကွဲပြားပြားသိတဲ့သူ လူင

Tear Here=??????

Image
Tear Here တဲ့ နေရာလေးတစ်ခု Coffee Mix ထုပ်လေးပေါ်မှာ ပါတာကိုသတိထားမိခဲ့တာကြာပါပြီလေ။ ဒီ Coffee တွေ ကို သောက် လာတာလည်းအချိန်တွေတော်တော်ကြာကြာပဲကိုး ဒါပေမယ့် မတွေးခဲ့မိဘူးလေ။ခုတော့ Coffee သောက်တိုင်းသတိထားမိတွှာ Tear = မျက်ရည် Here = ဒီနေရာမှာ Tear Here = ဒီနေရာမှာ ငိုစေ လို့များလားကွယ် အော် Coffee ထုပ်လေးတွေ က ကျိမ်စာတိုက်ထားတာများလား။ တချိန်ချိန် Coffee တစ်ထုပ်ကိုဖောက်သောက်ဖို့ကြိုးစားတိုင်း မျက်ရည် ကျနေမိမှာကို ကြိုတွေးမိလာတယ်။ Coffee mix တစ်ထုပ်ကိုဖောက်မတိုင်း Coffee တစ်ခွက်ကိုသောက်တိုင်း မင်းကို တမ်းတမ်းတတ လွမ်းနေရမယ်ဆိုရင်....... တစ်ခါတစ်ခါကျရင်လဲ တစ်ခဏတာလောက် အလွမ်းရဲ့ အရသာကို ကြိုက်နေမိတယ်။ ဒါပေမယ့် မျှော်လင့်ချက်နဲ့လေ။ တစ်ခဏလောက် အလွမ်းတွေကို ခံနိုင်ရည်ရှိပေမယ့် ။ ရက်ရှည်ကြာ မတွေ့ရဘူး ဆိုရင်တော့ ငါ Coffee Mix ထုပ်လေးတွေရဲ့ ကျိန်စာအတိုင်း ငိုနေမိမယ်ထင်တယ် ချစ်သူရယ်။

ချစ်သူသို့

Image
ချစ်သူ အရင်ကတော့ ငါဟာ နင့်ကို မမြင်ရရင်မနေနိုင်တဲ့ ရောဂါစွဲကပ်ခဲ့တယ် နင်သိပါတယ် ချစ်သူ အရင်ကတော့ ငါဟာ နင့်အသံမကြားရင် မကျေနပ်နိုင်တဲ့ ဝေဒနာရရှိခဲ့တယ် နင်သိပါတယ် ချစ်သူ ခုတော့ငါဟာ နင်မရှိရင် မဖြစ်တဲ့ ရောဂါ ရရှိနေပြီ အဲဒီအတွက်ဆေးတစ်ခွက် နင်သိပါတယ်.......

CO,CC နဲ့ BLOGSPOT ကိုလိပ်စာပြောင်းမယ်

Image
ကနေတွေ့လို့ပေါ့။ ကျွန်တော်လဲကျော်ခွဖတ်နေရတဲ့ READER တွေကို အားနာတယ်လေ မကျော်မခွပဲ လွယ်လွယ်ကူကူ ၀င်ဖတ် လို့ရရင် ကောင်းမယ်ပေါ့။ ဒီလိုနဲ့ ရှာနေတုန်း ဆရာ့ဆရာသမားတွေရဲ့ လမ်းညွှန်ချက်တွေကြောင့် ကိုသွားတွေ့တယ်လေ ဒီလိုနဲ့ FREE DOMAIN လေးတွေရရော DOMAIN ရတော့ဘယ်လို SET UP လုပ်ရမှန်းမသိဘူးလေ။အဲလိုနဲ့ ကြာလာလိုက်တာ ခုတော့ ရပြီနည်းလမ်းက ဒီလိုတဲ့ဗျ။ မှာ account မရှိရင် sign up လုပ် ရှိရင် sign in....(နင်ပြောမှလား..ဟတ်ဟတ်) ပြီးရင် ကိုယ်ကြိုက်တဲ့ နာမည်နဲ့ www. yourname .co.cc ဆိုပြီး လုပ်ပေါ့။ available မဖြစ်ရင်တော့ ထပ်ရှာပေါ့ဗျာ.. ဟုတ်ပြီ domain ရပြီ register လဲ ပြီးပြီ ဆိုရင်တော့ set up လုပ်ရတော့မယ်။ " setup-->Manage domain " Manage DNS/Zone Record/URL forwarding တွေရှိတဲ့ အထဲက Zone Record ကိုရွေးမယ် ပြီးတော့ Host ဆိုတဲ့ နေရာမှာ ကိုယ်ရွေးထားတဲ့ Domain ကိုထည့်မယ် TTL ဆိုတဲ့ နေရာမှာ 1D Type မှာ CNAME ကိုရွေး Value မှာတော့ "ghs.google.com" ကိုထည့် ပြီးရင်တော့ Setup ကိုသာနှိပ်ချလိုက်တော အဲဒါတွေပြီးပြီဆိုရင်တော့ နောက်တစ်ပိုင်းလေးပဲကျန်တော့တယ်။ အဲဒါက Blogger အပိုင်း။ ကဲကဲ Blogger

ကြိုက်မရှက်၊ငိုက်မရှက်၊ငတ်မရှက်

Image
ကြိုက်မရှက်တဲ့ ၀န်ခံပါတယ် မင်းမျက်ဝန်း ၊ မင်းအပြုံး မင်းအကြင်နာ ၊ မင်းအနမ်း ငါစွဲလန်းလွမ်းလို့ ငါမရှက်နိုင်တော့ပါဘူး..............ိငိုက်မရှက်တဲ့ ၀န်ခံပါတယ် မင်းစကား မင်းအမူအရာ အားလုံးမှာ ငါအငိုက်မိခဲ့သူမို့ ငါမရှက်နိုင်တော့ပါဘူး................ ငတ်မရှက်တဲ့ ငါဝန်ခံပါတယ် မင်းအကြင်နာ မင်းအချစ် မင်းရဲ့ဂရုစိုက်မှုတွေကို ငါငတ်မွတ်တောင့်တစွာ လိုအပ်နေတာမို့ ငါမရှက်နိုင်တော့ပါဘူး...............

ဝီရိယ လွန်တော့??????

Image
အပူရည် (ကော်ဖီ) တွေကို မြိုချလိုက်တယ် တစ်ကြိုက်ဆိုမှ တစ်ကြိုက်တည်း ဘ၀ရဲ့ ဒီအခိုက်အတန့်ကို ကန့်လန့်တိုက်ပစ်ချင်နေတာ အရင်ဘ၀လောက်ကတည်းက ဆိုရင် မလွန်လောက်ဘူး မီးခွက်ရှိရာ ပြဿနာကရောက်လာတာပါဗျာ မီးခွက်က ပြဿနာလိုက်ရှာတာမဟုတ်ပါဘူး ဟုတ်ပါ့ ခွေးက သူ့ဘာသာအိပ်နေတာ လူတွေက သူ့အပေါ်ပြာတွေလာပုံသွားတာ ဒါနဲ့ များ ပြာပုံတိုးတယ် အပြောခံရသေးရဲ့ ဝေတေတေ၀ါးတားတား မနက်တိုင်း စားခဲ့တဲ့ မနက်စာတွေသာစကားပြောတတ်မယ်ဆို "အသင်လူသား သင်ဒီနေ့ ဘာလုပ်မလဲ" လို့မေးကြလိမ့်မယ် ရည်ရွယ်ချက်ရှိရဲ့သားနဲ့ လမ်းပျောက်တာလောက်ဆိုးတဲ့ ဘ၀ ရှိမလား အတိတ်ကံနည်းတယ်ပဲဆိုဦး ငါ...၀ီရိယတွေလွန်လို့ ကျွန်တောင်ဖြစ်တော့မယ်။။။။။။။။။။။။။

ဥပက္ခာ ၁၀၀%

Image
ကောင်မလေးရေ နင်စာဖတ်တတ်မှန်းသိလို့ ငါစာရေးမိပါတယ် ငါ့စာတွေရဲ့တန်ဖိုး နင်ဘယ်လိုသတ်မှတ်ပါသလဲ........ ကောင်မလေးရေ နင်ကြားနိုင်မှန်းသိတာမို့ ငါပြောမိခဲ့ပါတယ် ငါမင်းကိုသိပ်ချစ်တယ် ပဲ့တင်ထပ်လို့ မင်းကြားနိုင်ပါစေ...... ကောင်မလေးရေ နင်ချစ်နေမှန်းသိလို့ ငါမေးမိပါတယ် ငါ့အမေးစကား တစ်ခွန်းထက်ပိုသွားတာ ကြားချင်လွန်းလို့ပါ.............. ကောင်မလေးရေ နင်မြင်နိုင်မယ်သိလို့ ငါပြမိပါတယ် ငါ့အကြင်နာတွေေ၀၀ါးမနေပါဘူး............... ကောင်မလေးရေ ငါခံစားတတ်မှန်းသိလို့ နင်မနှိပ်စက်ပါနဲ့ကွာ နင့်ဥပက္ခာတွေ ရင်နဲ့မဆန့်တော့ဘူး.............

အစွန်းရောက်

Image
ယောက်ျားတစ်ယောက်ရဲ့မာန ခ၀ါချမိတဲ့ အထိကို ချစ်မိပါတယ် အတိုးတက်သလိုမျိုးပေါ့ မင်းရဲ့အချစ်ဆိုတာကို ကိုးကွယ်မိပါတယ် ဘာ...ကြေကွဲရမယ့်အချိန် မင်းပြောခဲ့စဉ်တုန်းက တိမ်ဝင်သွားတဲ့ ငါ့အသံတွေ မင်းမသိလိုက်တာလား ဝေ့တက်လာခဲ့တဲ့ မျက်ရည်ဆိုတာတွေကို တကယ်ရင်ဆိုင်ရတော့မှပဲ ၀တ်လည်တယ်ဆိုတာကိုလက်ခံမိတော့တယ် သြော်..ချစ်သူရယ် ငါ့အချစ်က မင်းလက်ခုတ်ထဲကရေ မင်းနေစေချင်နေ မင်းကြွေစေချင်ကြွေနေမှာပါ သေအောင်ဝေဒနာတွေမပေးဖို့တော့ နောက်ဆုံးတောင်းပန်ထားပါရစေ။ ။