Posts

Showing posts from March, 2008

လက်တွေ့အိပ်မက်

ရင်ခုန်သံ ပြင်းရှရှတစ်ခု ကြုံချိန်တိုင်းမှာ အလွမ်းတချို့ ရင်မှာ လာစုနေတာတွေ့ရတယ် ခဏလောက်ဝေးနေရမယ်ဆိုရင်တောင် ဝေးနေရမယ့်အချိန်တွေမှာ မင်းလက်ကလေးကို ကိုင်ထားချင်သူလေ မဖြစ်နိုင်တာတွေတွေးတဲ့ ငါ့နှလုံးသားလေးပါ မင့်အမုန်းများမပေးပါနဲ့နော် မင်းနဲ့ငါ ငါနဲ့မင်း ဘ၀ချင်းနီးစပ်လို့ ရှေ့ဆက်ရမယ့်ဘ၀မှာ ကြမ်းချင်လဲကြမ်း ရမ်းချင်လဲရမ်းပါစေ ပင်ပန်းနေချိန်တိုင်း ငါ မင့် အနမ်းတချို့ကို ဆုတ်ကိုင်လို့ ငါတို့ရှေ့ဆက်သွားကြမယ် ဟိုးမလှမ်းမကမ်းက ပန်းတိုင်ရောက်သည်အထိပေါ့။

အိပ်ပျက်ညတွေအကြေင်း

ငါ့အတွက် မင်္ဂလာရှိစွာနိုးထခွင့်က ဘာကြောင့်များအဲသလောက်ရှားပါးနေရတာလဲ မနက်တိုင်းအိပ်မှုန်စုန်ဝါးနဲ့ ၀ိုးတ၀ါးအတွေးတွေ စိုးရွံ့မှုတွေကို ငါဘယ်လိုဖျက်ဆီးပစ်ရမယ်မှန်း ငါမသိခဲ့ပါဘူး နေ့တရက်ကုန်ဆုံးတိုင်း နောက်တရက်မှာ မင်းမျက်နှာမြင်ခွင့်ရဖို့ကို အရေးဆိုနေခဲ့ရတာ ငါပါ ငါ..... မာနမဲ့ အရှက်ပျောက်ဆုံး နောက်ဆုံးကျ နင်ငါ့ကို ထားသွားမှာလား အတွေးနဲ့ မှေးစက်မပျော်တဲ့ ညတွေများခဲ့ပြီကွာ//...

ဆိုရင်.........

ငါ နင့်မျက်နှာမြင်မှ အသက်ရှင်ရမှာပါ ငါ့အနာဂတ်မှာ နင်မပါတော့ဘူးဆိုရင်...... ငါ နင့်အသံကြားမှ တက်ကြွနိုင်တဲ့သူပါ ငါ့တနေ့တာတွေမှာ နင်မပါတော့ဘူးဆိုရင်...... တကယ်တော့ ငါဟာရေနစ်နေသူပါ ကျေးဇူးပြု၍ ၀ါးကူမထိုးကြပါနဲ့ ငါ့လက်ထဲက ကောက်ရိုးတစ မီးကျွမ်းနေပါတယ် အဲဒီတော့ ငါကျေကျေနပ်နပ် သေဆုံးနိုင်ဖို့ နင်ခဏတော့ပြုံးပြပေးလိုက်ပါ။ ။

ရင်ထဲကနွေ

ဘာလိုလိုနဲ့ တမိုးသောက်ခဲ့ပြန်ပြီ ငါ့အိပ်ပျက်ညတွေကို အလျော်ပေးဖို့ အရေးမဆိုတော့ပါဘူး အိမ်ရှေ့မှာတေးဆိုတယ်ဆိုတဲ့ငှက်တွေတောင် အခုနားငြီးလိုက်တာနော် တလောကလုံးက ဝေတေတေ၀ါးတားတားနဲ့ ငါ့စိတ်တွေလိုပေါ့ တိတ်တိတ်လေးနေနေပေမဲ့ ရင်ထဲကဆူညံသံတွေကြောင့် ငါ့စာကလေးငှက်မလေး လန့်ပျံသွားမှာတောင်စိုးမိတယ် တချို့ငှက်တွေတောင် ငါ့အတွေးကို လှောင်ပြုံးပြုံးသွားကြတယ် သြော်ရင်ထဲကနွေကို ငြိမ်းအေးစေဖို့ ငါတခုခုလုပ်မှဖြစ်တော့မယ်

သေလက်စနဲ့

မနက်ခင်းနေရောင်မှာ ငါ့အတွက်အသက်ဓာတ်တွေပါမလာဘူး ငါ...သေဆုံးလျက်ပဲ အသက်ရှင်နေခဲ့တယ်။ ငါနင့်အနားကို ၀ိဥာဉ်အဖြစ်နဲ့ အရောက်လာခဲ့ဖူးတယ် အဲဒီအချိန်က နင်ငါ့ကိုလွမ်းမနေဘူးထင်ရဲ့ ငါနင့်ဘေးမှာ အသက်ရှင်ခွင့်မရခဲ့လို့လေ ငါတိတ်တိတ်လေးနောက်ရောင်ခံလိုက်မိတော့ နင့်ဝိဥာဉ် အတိတ်ကိုခရီးထွက်တာနဲ့ဆုံခဲ့တယ် အော်ကြုံမှကြုံတတ်ပလေတယ် အေးပေါ့လေ သီချင်းတပုဒ်လို မြေကြီးနဲ့ကောင်းကင်ကြားက ရသလောက်ပါပဲ ငါစိတ်ဖြေလျှော့လို့ သေလက်စနဲ့ပဲသေနေခဲ့ပါတယ်........

မျိန်ပြပြအနာဂတ်တခုအကြာင်း

အနာဂတ်တွေတောင် အရောင်မှိန်သွားသလိုပဲ ငါ့ပစ္စုပန်တွေမှာ တိမ်တွေအုံမှိုင်းနေတယ် ပြိုကျမယ့်မိုးလို ညိုမှောင်နေတဲ့ ဘ၀မှာ အက်စစ်မိုးတွေရဲ့ အနံ့ကို သံသယ၀င်နေတယ် ခပ်ကြမ်းကြမ်းစကားတွေ ငါ့နှုတ်ကထွက်ကျသွားခဲ့တဲ့ အဲဒီတနင်္ဂနွေကိုတော့ ငါ့အတိတ်မှာထားခဲ့ပါရစေ ချစ်သူရေ ငါ့အနာဂတ်တွေလင်းချင်းဖို့ ငါ့ဘ၀ထဲကို မင်းနင်းလို့ဝင်ခဲ့ပါတော့ ငါမျှော်ရတာမောလှပြီ.......

အသဲမကွဲတဲ့ဆေး....!

ဒီ Post လေးကို အနက်ရောင်အိပ်မက်တခု၏၀ိဥာဉ်များ မှ ကူးယူဖော်ပြပါသည်။ တစ်နေ့မှာ ရောဂါဝေဒနာ ပြင်းထန်စွာ ခံစားနေရတဲ့ လူနာတစ်ယောက်ဟာ ဆရာဝန်နဲ့ ပြသတိုင်ပင် ရန် ဆေးခန်းသို့ ရောက်ရှိလာခဲ့ပါတယ်…။ လူနာ။ ။ ဆရာ…ကျွန်တော် အသဲကွဲနေလို့။ အဲဒါ ရောဂါက မသက်သာဘူးဆရာ…။ တစ်နေ့ ထက် တစ်နေ့ပိုဆိုးလာတယ်…။ ကူညီပါအုံးဗျာ…။ ဆရာဝန်က လူနာကို တစ်ချက်မျှ ခပ်စူးစူး စိုက်ကြည့်လိုက်ပါတယ်…။ ပြီးတော့ သက်ပြင်းတစ်ခုကို ဘာကြောင့် မှန်းမသိ သူ့ဘာသာ ချရင်း ခေါင်းညိတ်ပြလိုက်ပါတယ်…။ ဆရာဝန်။ ။ ဒါဆိုလည်း ခင်ဗျား ဝေဒနာစဖြစ်ပုံကစပြီး ဘယ်လိုတွေခံစားနေရတယ် ဆိုတာ ကျွန်တော့်ကို နဲနဲလောက် ပြောပြဗျာ…။ လူနာ။ ။ အချစ်ဆိုတဲ့ အိပ်မက်တစ်ခုနဲ့ တိုက်မိရာက စတယ်လို့ပဲ ပြောရမှာပေါ့ ဆရာ…။ သူ နဲ့ တိုက်မိပြီးကတည်းက ကျွန်တော့်ညတွေ အရင်ကထက်ပိုရှည်လာလို ခံစားရတယ်။ မနက်တိုင်း လည်း "ကဗျာ" တွေအံတယ်…။ ခံတွင်းတွေလည်း ပျက်တယ်ဆရာ "သတိရခြင်း" တွေကလွဲပြီး ဘာမှစား လို့မရဘူး…။ မရိုသေ့ စကားဆရာရယ် ကန်တော့ပါရဲ့ဗျာ...။ ၀မ်းသွားရင်တောင် "မျှော်လင့်ချက်" တွေပဲ ဖြစ်ဖြစ်နေတယ်။ တစ်နေ့ ကဆို ကျွန်တော် ရုတ်တရက် မူးလဲသွားလို့ "ယုံကြည်ချက်&qu

အိမ်ပြန်ချိန်

လေးပင်တဲ့ခြေလှမ်းတွေ ငါ့ခြေထောက်တွေ ငါ့စိတ်တွေ အသက်ဝိဥာဉ်ကင်းမဲ့နေတယ် သြော်...ဒါအိမ်ပြန်ချိန်ပဲ ကောင်မလေးရေ ငါ့ခန္ဒာက ငါ့ဝိဥာဉ်ကို နှုတ်လို့ နင်အိမ်ပြန်သွားခဲ့တာလားကွယ် ဒါဆိုရင်တော့ နင်ဟာ ငါသိပ်ချစ်ရတဲ့ စုန်းမလေးပေါ့ ငါအိမ်ပြန်ရတဲ့ခြေလှမ်းတိုင်းမှာ အသက်မပါ ဒါပေမဲ့ ငါ့ဦးနှောက်ထဲမှာတော့ ဒီဘ၀ကနေရှေ့ဆက်ဖိုက အနီရောင်အနက်ရောင် ဥာဏ်တွေကို ကြံနေလေရဲ့ ကွယ်.........

ရင်ကွဲည

အဲဒီညက........... ကျွန်တော် ရင်ကွဲပက်လက်နဲ့ အတ္တတစ်ခုကျကွဲတယ် နှလုံးသားကနာဖျား လျှာဖျားကထွက်တဲ့ စကားလုံးတိုင်း တန်ဖိုးမဲ့ ဖြစ်ခဲ့ရပြီ မာနတွေသဲထဲရေသွန်ဖြစ် ငါ့အချစ်တွေပင်လယ်ဆီသို့ စီးဆင်းခွင့်ရပါ့မလား အငွေ့ပျံပျောက်ဆုံးမှာ အကြောက်ဆုံးပေါ့ဗျာ........

မျှော်လင့်နေသူ

တူနှစ်ကိုယ် တဲအိုပျက်မှာ မနေရစေပါဘူးကွယ် ရွှေဘုံပေါ်မှာ မစံရရင်နေပါစေ ဘ၀ခရီးတစ်ခုလုံးမှာ လက်တွဲမဖြုတ်တမ်းသာ လျှောက်လှမ်းချင်ပါရဲ့ ဆံတွေဖြူ သွားကျိုးလို့ အဘွား အဖိုး ခေါ်ခံရချိန်ထိပေါ့ လူဆုံတဲ့ ထမင်းဝိုင်လေးမှာ လက်ဆုံစားရင်း နွေးထွေးစွာမိသားစုဘ၀လေးတခု တည်ဆောက်ကြရအောင် ပိုင်ဆိုင်လိုခြင်း ဟာ အချစ်မဟုတ်ဘူးလို့ ပြောသူတွေ ရှိလိမ့်မယ် ဒါပေမဲ့ အချစ်ဖြစ်လို့ ပိုင်ဆိုင်လိုစိတ်ရှိတာ သဘာဝကျပါတယ် ဘာပဲပြောပြောပေါ့ ငါ့ဘ၀အတွက် အလိုအပ်ဆုံးဟာလဲ မင်း ငါ့ဘ၀အတွက် မီးအိမ်ရှင်လေးဟာလဲ မင်းပါ ဒါကြောင့်ချစ်သူရယ် ဝေးလွင့်ခြင်း တဖက်အစွန်းကိုမသွားပါနဲ့ ကိုယ့်အနားမှာပဲ ထာဝရနေပါတော့ကွယ်......။

Blogger Ethics !

ဤ ပို့စ် ကို ကို စိုးထက် ဆီမှ တဆင့်ကူးယူဖော်ပြပါသည်။ ၂၀၀၇ ခုနှစ် အတွင်းတွင် တင်မ်အို ရေလီ ဆိုသည်က ဘလော့ဂ်ဂါတို့ အတွက် ကျင့်ဝတ် စည်းကမ်းများ သတ်မှတ် ပြဋ္ဌာန်း နိုင်ရေး ကြိုးပမ်း ကြရန် ဘလော့ဂ်ဂါ အားလုံးကို တိုက်တွန်း ခဲ့သည်။ ထိုကျင့်ဝတ် စည်းကမ်းများ ချမှတ်နိုင်ရေး အတွက် Wikipedia မှ အကူအညီပေးနိုင်ရန် wiki page တစ်ခု ဖန်တီးခဲ့သည်။ ရက်သတ္တ တစ်ပတ်ခန့် ဆွေးနွေးမှု ပြုခဲ့ကြပြီးနောက် ယင်း ကျင့်ဝတ် စည်းကမ်း များအား အခန်းခွဲများဖြင့် ဖွဲ့စည်းရန် သဘော တူညီ ခဲ့ကြသည်။ ဘလော့ဂ်ဂါများ စုပေါင်းကာ ယင်းကျင့်ဝတ် စည်းကမ်းများအား မူကြမ်း ရေးဆွဲနိုင်ရန် ကြိုးပမ်း ခဲ့ကြရာ အောက်ပါအတိုင်း ရရှိခဲ့သည်။ ၁။ မိမိရေးသားသည့် စကားလုံးများအား တာဝန်ယူမှုရှိပါ။ ဘလော့ဂ်ဂါများ အနေဖြင့် ဘလော့ဂ်တွင် ရေးသားသည့် စကားလုံး များအား ကိုယ်တိုင် တာဝန်ယူနိုင်ရမည် ဖြစ်ပြီး မိမိတို့၏ စံသတ်မှတ်ချက်များနှင့် မကိုက်ညီသော COMMENT များ ၀င်ရောက် မရေးသားနိုင်ရေး ကြိုတင် အကန့်အသတ်များ ပြုလုပ်ရပေမည်။ အရည်အသွေး မြင့်မားသည့် အကြောင်းအရာ များကိုသာ ရေးသားဖော်ပြရန်နှင့် လက်ခံနိုင်ဖွယ် မရှိသော COMMENT များအား ဖျက်ပစ်ရန် ဟူသည့် ယဉ်ကျေး သိမ်မွေ့မှု ဆိုင်ရာ စံ

နောက်ကျမှာ ကြောက်လို့ပါကွယ်

Image
ဘ၀ရဲ့စာမျက်နှာသစ်ကို ပြန်လည်ဖွင့်လှစ်ဖြစ်ခဲ့တာက ဖေဖော်ဝါရီ ၆ ရက် ၂၀၀၈..... ငါ မင်းရဲ့ရှေ့မှောက်မှာ နှလုံးသားက ဒူးထောက်ကျဆင်းခဲ့တယ် လွယ်လွယ်နဲ့ဖြစ်တည်တဲ့ ချစ်ခြင်းလို့ မင်း.. ထင်မှတ်ရင်မှားမယ်ကွယ်။ အသစ်မဖြစ်နိုင်တော့လို့ထင်ထားတဲ့ ငါ့ဆေးသုတ်ခံခဲ့ရတဲ့ အချစ်တွေက ငါ့နှလုံးသည်းပွတ်ကနေ အနှစ်အဖြစ်နဲ့ ယိုထွက်လာခဲ့တယ် ဟိုအတိတ်က ငါ့အမှားတွေကို မင်းစိတ်မှာ ထားစေတော့လို့ သတ်မှတ်ပြီး ငါ့ရင်ထဲက ရတက်မီးတွေမကြီးခင်မှာ ငါနဲ့ ငါ့အချစ်၊ ငါ့နှလုံးသားရဲ့ အနီးဆုံးကို ....မင်း အရောက်သာလာခဲ့ပါ နောက်တခါ ငါ..နောက်မကျအောင်ပေါ့.......။်

တနေ့နေ့

ကံရေပြင်ကိုကြည့်ငေး တယောက်နဲ့တယောက် ပိုက်ထွေးရင်းနဲ့ လွမ်းဆွေးရမယ့်အချိန်တွေကို တို့တွေပြင်ဆင်နေကြရတယ် အနမ်းတွေဝေဖြာ ရမ္မက်မပါခဲ့ပေမယ့် တသက်စာအတွက် မလုံလောက်သေးပါကွယ် မဝေးတဲ့တနေ့ တင်းကျပ်စွာထွေးပွေ့ရင်း အတွေးရတက်သက်ပြင်းတွေကို အကြိမ်ကြိမ်ချလို့ မှိန်ပြပြလရောင်မသာတဲ့ ညအမှောင်ကြီးစိုးတာကိုမေ့ တို့တွေရဲ့ တနေ့နေ့.....တနေ့နေ့......//

My Chemical Love

မင်းရဲ့ ကိုယ်သင်းနံ့ကအစ ခုံမင်ရူးသွတ်ခဲ့သူပါ အိပ်ပျက်အောင်မနှိပ်စက်ပေမဲ့ ငါ့အိပ်ပျက်ညတချို့ဟာ မင်းနဲ့ တိုက်ရိုက်အချိုးကျခဲ့တယ် မင်းနှုတ်ခမ်းက မြည်တမ်းတဲ့ အသံတိုင်းကို သရုပ်ခွဲနေမိသူပါ အလွမ်းတချို့ကို မဆိုငြီးပါနဲ့တော့.... မင်းငါ့အချစ်ကို ဖန်ပြွန်တခုမှာထည့်ပြီး ဓာတ်ခွဲကြည့်ပါ အစမ်းသပ်ခံငါ့အချစ်တွေဟာ ဘာနဲ့ရောရော ဂုဏ်သတ္တိမပြောင်းတာကို မင်းတွေ့မယ်ဆို မင်းတန်ပါတယ် မင်းရဲ့ကော်လံတွေကိုထောင်ထားလိုက်ပါ....။

ပျက်ယွင်းသွားသော

ယုံကြည်ချက် တချို့ရှိတယ် မာကြောမှုမြင့်တယ် ထင်သာမြင်သာတယ် သိပ်သည်းမှုအားကောင်းတယ် လောကဓံကိုလည်းရင်ဆိုင်နိုင်မယ် ဒါပေမဲ့ လူတွေလက်မခံနိုင်ဘူး အချိန်ပေတံနှင့် အတိုင်းခံခဲ့ရတယ် သံသယအကြည့်တွေကို လက်ခံရရှိတယ် စကားလုံးတွေရဲ့ တိုက်စားမှုကို ပြင်းထန်စွာခံစားရတယ် ဒါကြောင့် ယုံကြည်မှုယိုင်နဲ့လာတယ် မယုံကြည်ရဲသလောက်ဖြစ်လာတယ် အနာဂတ်တချို့ကိုကြောက်လာတယ် နောက်ဆုံး ဟောင်းနွမ်းဆွေးမြေ့လာတယ် ထို့နောကှ်ုှုှုXXXXXXXXXXXXXXX.....။