Posts

Showing posts from June 6, 2008

ပျော်စရာရွှင်စရာဘလောဂ့်ကမ္ဘာ

Image
တစ်နေ့တွင် ကျွန်တော်မောင်ရက်ရာဇာသည် ကျွန်တော့်၏ စိတ်ထွက်ပေါက် အိမ်တွင် အေးဆေးစွာအနားယူနေခိုက် Republic ဆိုသော လူတစ်ယောက် အိမ်ပေါ်သို့ တက်လာလေ၏။ထိုအခါ ကျွန်ုပ်က ကျွန်တော်။ ၊ဟာ ဟေ့လူလာဗျာ။ ဘယ်က လှည့်လာတာတုန်း Republic ၊ ၊ခင်ဗျားဆီလာတာ လာရတဲ့အကြောင်းအရင်း က .... ဆို၍ အတင်းပင် အပ်တစ်ချောင်းကို ထုတ်၍ ဆေးမင်ထိုးရန် ကြံစည်လေ၏။ကျွန်ုပ်မှာ မည်သို့မျှ ငြင်းဆန်ပါသော်လည်း မရသောကြောင့်ချော့မော့ ၍ မေသူပိုင်တို့ သူငယ်ချင်းသုံးယောက် ပေါင်း၍ ဖွင့်ထားသော လက်ဖက်ရည်ဆိုင် ဖက်သို့ ဆင်းပြေးရလေ၏။ လက်ဖက်ရည်ဆိုင်သို့ ရောက်သော် ကျွန်တော် ၊ ၊ ညီငယ်တီးရေ ပေါ့စိမ့်တစ်ခွက်... ဟုမှာပြီးနောက် ကျွန်တော် အမောဖြေနေစဉ်တွင် အဖျော်စရာလည်းလုပ် စားပွဲထိုးလဲ ဖြစ်သော အသက် ၂၀ အရွယ်ရှိ Tea တစ်ယောက် က ကျွန်ုပ်အားလက်ဖက်ရည် လာပို့ ပေးလေ၏။ Tea ၊ ၊လ္ဘက်ရည်လာပို့သွားတယ်.... ထို့နောက် အဖျော်ဆရာ Tea နှင့် Opposite Eye တို့ ၏ စကားစစ်ထိုးပွဲကို ဘေးမှ မသိမသာ နားစွင့်၍ နေစဉ်တွင် "ဟော့ဒီက အေးကြည်မ ကြွပ်ကြွပ်ကြော် စားကြအုံးမလား တစ်ရာဖိုး ၃ခု" ဟူသောအသံကို ကြားလိုက်ရလေ၏။ ထိုအခါမှာ မနက်စာမစားရသေး