Posts

Showing posts from 2007

မင်္ဂလာနှစ်သစ်ပါ

Image
အားလုံးမင်္ဂလာပါ ပျော်ရွှင်စရာနဲ့ပြည့်စုံတဲ့ မင်္ဂလာနှစ်သစ်ဖြစ်ပါစေ လို့ဆုတောင်းပေးပါတယ်။ ၂၀၀၈ ခုနှစ် နှစ်သစ် မှာ လူသားအားလုံး ပျော်ရွှင်စွာနဲ့ ကိုယ်စိတ်နှလုံးကျန်းမာ ချမ်းသာနိုင်ကြပါစေ။ ကျွန်တော် တို့ကတော့ ဒီ New Year မှာ ဘာလုပ်မလဲ လို့စဉ်းစားကြတော့ ဘာလုပ်လုပ် ပိုက်ဆံကတော့ ကုန်တော့မှာပဲဆိုပြီး စဉ်းစား မိတာနဲ့ ဘာလုပ်ချင်စိတ်မှ မရှိတော့ဘူး ဖြစ်သွားတယ်။ ဒီကြားထဲ အထီးမှန်း အမမှန်း မကြေငြာထားတဲ့ ဂျေဂျေ ကလည်း သူ့မွေးနေ့ပါတဲ့ Happy Birthday and Happy New Year ပါ ဂျေဂျေ ရေ။ မင်းအတွက် ကိတ်မုန့်တလုံး အလကားရတဲ့ နေရာကနေရှာထားပါတယ်။ ကဲအဲဒီတော့ လိုရင်းကိုပြောမယ် ဒီည မီးလေးရဲ့ပါတီကိုသွားမယ်။မူးမယ် အော်မယ် ဒါပါပဲ HAPPY NEWYEAR

ကမယ်ဟေ့

ကဲကဲ မရေးဖြစ်တာလဲကြာပြီဆိုတော့ ရေးဦးမှဆိုပြီးရေးဖို့အကြောင်းရှာတော့လဲခေါင်းထဲက ဘာမှထွက်ကြမလာဘူး။ အဲဒါနဲ့ စာအုပ်တအုပ် ကောက်ဖတ်တော့မှ ကဗျာတအုပ်တွေ့တယ်။ သူငယ်ချင်းတွေကို ဒီကဗျာလေးရွတ်ပြီး ကလေးလေးတွေ မူကြိုမှာကသလိုလေးက စေချင် လိုက်တာလို့တွေးမိလို့ အပီ ကူးချလိုက်တယ်။ ကကြပေတော့ဟေ့............ လေးဘယ်တွားလို့သွားရအောင် ခွေးကလေးတကောင်လို တို့သရုပ်ဆောင် ဟောင်သံလေးက ၀ုတ်ဝုတ် ငုတ်တုပ်ထိုင်လို့ အမြီးလေးလှုပ် ၀ုတ်..၀ုတ်...၀ုတ်...၀ုတ်... ဘဲလေးလုပ်လို့သရုပ်ပြမယ် ပုကွကွလေးလျှောက်ကြကွယ် အတောင်ငယ်နှစ်ဖက်က တဖျတ်ဖျတ် ခေါင်းလေးထောင်လို့မတ်မတ်ရပ် ဂတ်...ဂတ်...ဂတ်...ဂတ်...။ ။ ကနော် အမုန်းသာကပစ်။ခြေကုန်လက်ပန်းကြအောင်ကပစ်။ ဟီး......

အမှန်တရားကိုလက်တွေ့ပြခြင်း

လူတဦး၏ ဘ၀အောင်မြင်ခြင်း မအောင်မြင်ခြင်းသည် ရိုးသားမှုနှင့် အမှန်တရားကို လက်ကိုင်ထားရှိခြင်းအပေါ်မူတည်ပါသည်။ မည်မျှကြီး ကျယ်သောသူဖြစ်ပါစေ မမှန်ကန်ခြင်း၊ရိုးသာမှုမရှိခြင်း တို့ကသူ့ဘ၀ကိုမုချဖျက်ဆီးပစ်နိုင်ပါသည်။ တချို့က အမှန်ကိုပြုနေရင်းနှင့် အမှားများစွာ ဖြစ်သွားတတ်ကြသည် ။ ဆင်ခြင်ခြင်း သည် အမှန်ကိုရောက်နိုင်သော လမ်းသွယ်တခု ဖြစ်ပါသည်။ပညာရှင်များက အမှားမပြုမိခြင်းကို မင်္ဂလာဟု မယူဆခဲ့ကြ။ ကြီးကျယ်မြင့်မြတ်သော ဂုဏ်သတ္တိကို မိမိကိုယ်တိုင်ပြုနိုင်သော စွမ်းရည် မိမိ ၌သာရှိသည်ဟု ယုံကြည်ကြသည်။အမှားကိုပြင် ပြီးလျှင်မိမိ၏ကိုယ်စိတ် နှလုံးသုံးပါးစလုံး အသစ်ဖြစ်စေခြငါးသာမင်္ဂလာဟု ဆိုသော် အမှန်တရားမှာမျက်စေ့စုံမှိတ် ပြုလုပ်ခြင်းတစ်ခုမှမရှိပေ။ အဘက်ဘက်မှ ထောက်ချင့်ပြီးမှ အဖြစ်နိုင်ဆုံးသော လမ်းတခုကို ရွေးချယ်ခြင်းသာ ဖြစ်သည်။ တစ်ဖက်တွင် အမှန်တရားရှိ၏ ။ မှန်လျှင်မှန်မည် ၊ မှားလျှင်မှားမည်သာ ဖြစ်၏ ။ အမှားကို အရင်သိမှ အမှန်တရားကို ဖွင့်ရှာမည်ဟူသောအယူအဆ သည် သင်နှင့်သင့်အောင်မြင်မှု ကို အနည်းနှင့်အများ နှောင့်နေးစေမှာ ဖြစ်သည်။ အမှန်နှင့်အမှားသည် ၅၀% စီသာရှိ၏ ။ ထိုအရာကိုသာလူတို့၏ အားနည်းချက်ကြောင့် အမှားသည် ၇၀% ထိတိုးလ

ချစ်သူရဲ့တန်ဖိုး

ချစ်သူ့အသံအား ရင်နှင့်ကြားခိုက် နားဝချိုသာ ပိုကာချစ်မိပါသည်.........မေ ချစ်သူ့ရုပ်သွင် ရင်နှင့်တွေ့မြင် လွမ်းစိတ်ဝင်ကာ ရင်၌မွန်းကြပ် အသက်မကမြတ်နိုး တသက်စာဖိုးမျှ တန်ဖိုးထားရပါသည်........မေ ချစ်သူ့အမုန်း ဘ၀တသက်လုံး လေသံဟဟ နားဝမကြားပါရစေနဲ့..........မေ ချစ်သူ့အပြုံး ဘ၀တခုလုံးအတွက် အလှဆုံးဟု မှတ်ထင်ယူဆ ချစ်ရပါသည်..................မေ

ဘိုးတော်ငတေ

ငတေလမ်းလျှောက်နေပါသည်။ ဟုတ်ပါသည်၊ငတေလမ်းလျှောက်နေပါသည်။ ငတေလမ်းလျှောက်ရာလမ်းတလျှောက်တွင် ရှိသမျှ လူများရှောင်ရှား ကြသည်။ အဝေးမှတွေ့လျှင်ပင် ကိုယ့်အိမ်ကို ပြေးဝင်ကြသည်။ ထိုသို့ပြေးဝင်ရှောင်ရှားကြခြင်းသည် ငတေကလူမိုက်တယောက် ဖြစ်နေ၍လား။ထိုသို့ မဟုတ်ပါ ငတေသည် လူရိုးလုအေးတယောက်ဖြစ်ပါသည်။ သို့သော်................... ထို “ သို့သော် ” ဆိုသည့်စကားလုံး၏နောက်တွင်ကား......`ိငတေဆိုသော နာမည်ပညတ်ချက်မှာ ငတေမွေးကတည်းက အရပ်မှပေးထားသော ဖြောက်ဖျက်မရသည့် ဂုဏ်ပုဒ်တစ်ခုဖြစ်သည်။ငတေ၏မိဘ များ ကတော့သူတို့၏ချစ်လှစွာသော တစ်ဦးတည်းသောသားလေးအား “မြင့်မြတ်” ဟူသော နာမည်တစ်ခု နှင့် ချမ်းသာကြွယ်ဝမှုများကိုပါအမွေအဖြစ် ထားခဲ့ကာ သူ ၁၀နှစ်သားကို ခြေနှစ်လမ်းမျှအကျော်တွင် ဘ၀တပါးသို့ကူးပြောင်းသွားကြလေသည်။ ငတေမှာ မိဘများ၏ ရုပ်ရည်သာလွန်မှုများကြား မှ လွန်စွာဂျစ်တီးဂျစ်ကန် မှုန်ကုပ်ကုပ်မျက်နှာထားတခုကို ပိုင်ဆိုင်ထားလေသည်။ ထိုအချက်သည်ပင်ငတေဟူသောဂုဏ်ပုဒ်ကို ရရှိခြင်း၏အဓိကနေ ရာမှပါ ၀င်လေသည်။ငတေ (၆)တန်းကျောင်းသားဘ၀တွင် သူ၏မျက်နှာထားကြောင့် ကျောင်းသူကျောင်းသား များ၏ရှောင်ကြဉ်ခြင်း များစွာကို ရင်ဆိုင်ခဲ့ရသလို။ ဒေါသအလျှောက် စကားများရန်ြ

အသိပေးချက်

ယခုတလော ကျွန်တော် အလုပ်များစွာဖြင့် မအားမလပ်ဖြစ်နေပါသည်။ထို့ကြောင့် တချို့နေ့များတွင် Post အသစ်မတင် ဖြစ်ခြင်း Cbox တွင်ပြန်မရေးဖြစ်ခြင်းများ ရှိပါက အလုပ်ရှုပ်နေသဖြင့် မပြန်နိုင်ခြင်းဖြစ်ကြောင်း ကို နားလည်ပေးပါရန် လေးစားစွာ အသိပေးအပ်ပါသည်။

လူမိုက်ဆိုတာဘာလဲ

တရက် မူလတန်းကျောင်းလေးတွင် ဆရာမက သူ့တပည့်လေးများအပေါင်းအသင်းမမှားစေရန် နှင့် လူ့ကျင့်ဝတ် များကိုသိစေရန် ၃၈ ဖြာမင်္ဂလာတရားတော်ကိုသင်ကြားနေလေသည်။ ထိုသို့သင်ကြားရင်း အသေ၀လာစဗာလာနံ တရားတော်အစတွင်ဆရာမက “ကလေးတို့ရေ လူမိုက်ကို မပေါင်းသင်းရဘူး ကွယ့်နော်” ဟုပြောရာတွင် အလွန်စူးစမ်းတတ်သောကလေးတ ယောက်က “ဆရာမ လူမိုက်ဆိုတာ ဘာလဲ၊ဘယ်လိုပုံစံလဲ” ဟုမေးလေ၏။ ထိုအခါ ဆရာမကလည်း “အင်းလူမိုက်ဆို တာ၊နေဦးကွာ ဆရာမ မနက်ဖြန်ပြောပြမယ်” ဟုပြော၍ အတန်းဖျက်ကာနားနေခန်းသို့ အမြန် ပြေျးေလ၏။ နားနေခန်းအရောက်တွင် ထိုအကြောင်းကိုပြောပြရာမှ ဆရာမများ က ၊ လူမိုက်ဆိုတာ အရက်ကို လူမှန်းမသိ အောင် သောက်တဲ့လူ၊ ဆေးလိပ်အရမ်းသောက်တဲ့လူ စသည်ဖြင့် အငြင်းပွားကြရာမှ နောက်ဆုံး ကျောင်းအုပ် ဆရာမကြီးရုံးခန်းသို့ရောက်သော ဟူ၏။ ထိုသို့အငြင်းပွားရာတွင် သူတဖက်ငါတဖက်ငြင်းကြသောကြောင့် နှစ်ဖက်ဖြစ်သွားသည်မှာ အထူးအထွေ ပြောရန်လိုမည်မဟုတ်ပေ။ နောက်ဆုံး ဆရာမကြီး၏အဆုံးအဖြတ်ကို ခံယူမည် ဆိုကာဆရာမကြီးကိုမေးသောအခါ “ငါလဲမသိဘူး” ဟူသောပြောင်မြောက်သောအဖြေကို ရလေ၏ ထို့ကြောင့် ထိုအခက်အခဲမှ လွန်မြောက်စေရန် သင့်ကို အားကိုးရပေလိမ့်မည်။ ယခုစာဖတ်နေသူ အသင်သည်လွန်စွာမှ ဥာဏ်ပညာကြီး

အမှတ်တရ G.T.C

ကျွန်တော်မနေ့က ဗီရိုရှင်းရင်းနဲ့ စာအုပ်လေးတအုပ်ကို ပြန်လှန်မိသွားတယ်။ကျွန်တော်တို့ ကျောက်ဆည် GTI တက်တုန်းကစုလုပ်ထားတဲ့ ကဗျာစာအုပ်လေးပေါ့ ။ အဲဒီ တုံးက ကျွန်တော်တို့သူငယ်ချင်းတွေများဒီ ကဗျာလေးကို ဖတ်မိရင် မျက်ရည်ကျအောင်လို့ ရေးတင်လိုက်တယ်။ မျက်ရည်ဗူးသီးလုံးလောက်ကျပါစေသော်ဝ် တမာပင်တန်း ကျောင်းရှေ့က လမ်းမ ရုံးထဲက အသုပ်ဆိုင် မပျြီးပြတ်သေးတဲ့ ပန်းခြံ ကြိုးတံတား တ၀ိုက် တောင်တက်လမ်းရဲ့ တစ်ဝက် ပျော်ခဲ့ ရွှင်ခဲ့ ကြည်နူးခဲ့ ချွဲခဲ့ လွမ်းခဲ့ ချစ်ခဲ့ကြတာတွေ ဟိုး.........နောက်မှာကျန် ပြီးသွားပေမယ့် ချစ်သူရယ် (GTC) ရဲ့အမှတ်တရ မေ့လို့ရမှာ မဟုတ်ဘူးကွယ်။ ။

ဆက်လျှောက်

ဘ၀အရောင် ညနက်မှောင်မှောင် ပြိုကျမယောင် မမြင်မှုန်ဝါး မကွဲပြားပဲ ကျင်းချိုင့်ခရောင်း ဆူးညှောင့်လောင်းသော လမ်းဆိုးကြမ်းမှာ ခရီးမရောက် လမ်းမပေါက်စွာ လျှောက်လှမ်းညစ်နွမ်းနေတယ် သို့သော်............... ဆက်လျှောက် အမှောင်ထက်မမဲ သန်းကောင်ထက်ညဉ့်မနက် ရောင်နီမိုးသောက်လုပြီ ဟိုမှာ..................မိုးသောက်ကြယ်။ ။

ကျွန်တော်နှင့် Blog

ဘာလဲ Blog. ငါမှ စိတ်မ၀င်စားတာ မလိုက်ပါဘူးဟာ လို့ ငြင်းရင်းငြင်းရင်းနဲ့ ပါသွားတာက Blog Day Seminar၊ စပြီဆိုတော့ ထိုင်နားထောင်နေလိုက်တာ အကြွေးအမွေးပါ တယ်ဆိုတော့ လူကနဲနဲ စိတ်ဝင်စားသွားပြီ။ ပြီးသွားရင် ကံစမ်းမဲဖောက်ပေးမယ် ဆိုတော့ တယ်ကောင်းပေါ့။ ဒီလိုနဲ့Seminar ပြီးတော့ My Suboo အင်္ကျီတထည်မြတ်ရလိုက်တယ်။အဲဒီနေ့ Blog Day Seminar ကစတယ် ပြောရမှာပဲ ပီကေ ရေ။ပြန်လာတော့ ညနေစောင်းပြီလေ။အတူသွားတဲ့ သူငယ်ချင်းမက Blogger မှာ Account ဖွင့်ချင်တယ်ပြောတော့ လိုက်ပို့ရပြန်ရော။ မထူးပါဘူးလေ ဆိုပြီး ကိုယ်လဲ တခုဖွင့်ကြည့်လိုက်တာ Template တွေဘာတွေရွေးပေါ။့ ပြီးတော့ပြန်လာတယ် Blog နဲ့ပတ်သတ်တဲ့ ခံစားချက်ကတော့ ဘာမှထူးခြားတယ်မရှိပါဘူး။ နောက် ၂ ရက်လောက်အကြာမှ ပထမဦးဆုံး Post ကိုစတင်တယ်။ Seminar ကနေရလိုက်တဲ့ လိပ်စာတွေကို လျှောက်လည်တယ် စီဗုံးတွေမှာလျှောက်အော်တယ် အဲဒါနဲ့ပထမဦးဆုံးသော ဧည့်သည် အဖြစ် ကိုဒီမို ရောက်လာခဲ့တယ်။ ဘာရယ်မဟုတ်ပေမဲ့ ပျော်သွားတယ်။ အဲဒီလိုနဲ့ မနက်ရုံးရောက်တာနဲ့ Blog ၀င် အားရင်ရေး၊ မအားရင်လဲရေး၊ အားအားမအားအားရေးခဲ့တာ ပဲ။ တနေ့ တခေါက်မှ Blog တွေ ဆီမရောက်ခဲ့ရင် နေလို့မရ ဘူးဖြစ်နေရော ဒီလိုနဲ့ Blog စွဲကပ်သေ

ထာဝရချစ်သူ

ဝေးတနေရာစီ ခြားနေပါသော်လည်း ရင်မှာတမ်းတ လွမ်းနေရတာ မင်းတရောက်တည်းကိုပါ။ ။ နေရာခြင်းဝေးနေလည်း စိတ်အာရုံခြင်းအမြဲနီးတာမို့ တို့သတိရတာလဲ မင်း မင်းသတိရတာလဲ တို့ အချိန်နာရီတွေကို ရေတွက်ရင်း တချက်ချက်သွားနေတဲ့ စက္ကန့်တိုင်းမှာ တဖျတ်ဖျတ်ခုန်နေတဲ့ ရင်ခုန်သံနဲ့အတူ တလက်လက်တောက်ပနေတဲ့ မင်းရဲ “မျက်ဝန်း”“ပုံရိပ်လွှာ” များစွာမြင်ရောင်ရင်း မင်းကို ထာဝရ ပိုင်ဆိုင်ချင်တာမို့ ရက်လရှည်ကြာစွာ စောင့်စားနေပါတယ် ချစ်သူရယ်..........။

လောကဓံရဲ့မာန

ငါ့ဘ၀ခရီးလမ်းမှာ မုန်တိုင်းကြမ်းလဲ ထန်ခဲ့တယ် လောကထဲကို ၀င်တိုးထဲက သောကမိုးလဲ စွေခဲ့တယ် နှလုံးသားရင်ပြင်မှာ အချစ်စခန်းဝင်ပေမယ့် ဆူးလွှမ်းတဲ့ အနမ်းနဲ့အတူ ငယ်ချစ်ဦးလဲ လွဲဖူးတယ် မုန်တိုင်းကို အံတု လေဆန်ကိုထိုးခွဲ သောကခရီးကို ဖြတ်ကျော် ရှေ့မျှော်ကြည့် အလင်းရောင် ငါ့ဘ၀အဆောင်မှာ အမှောင်ရဲ့အခြားတဖက်ကို ပြုံးပြုံးနဲ့ပဲ ဆက်သွားမယ် အင်း......................... ပြုံးပြုံးနဲ့ပဲ ဆက်သွားမယ်.........................

ကျွန်တော့ရဲ့အသဲကွဲဇာတ်လမ်း(ဇာတ်သိမ်းပိုင်း)

“ဟဲ့ စော” “ဘာလဲ ဟဲ့ အလန့်တကြား” “နင်ပြောတော့ ငါ့စာအုပ်က ဟန်လေးဆီမှာဆို” “ဟဲဟဲ ငါက နင်ဘယ်လောက် ရင်ခုန်သွားမလဲ လို့ စမ်းကြည့် လိုက်တာ” “နင်ဟာ ငါခေါင်းနားပန်း တောင် ကြီးသွားတယ်” “နင်ရေးထားတာတွေ ငါဟန်လေးကို ပြောပြလိုက်ရမလား” “ပြောပေါ့၊ ငါမှဘာမှရေးမထားတာ” “အော် နင်ဘာမှရေးမထားဘူး ဟုတ်လား။ ချစ်ခွင့်မရှိတဲ့ နှလုံးသားမှာ အားငယ်။ ဆိုတာမျိုးတွေ လေ“ “ငါသိပါတယ် ယုရယ်။ နင် ဟန်လေးကို ကြိုက်နေတာများ” “ဟဲ့ ငါကြိုက်တာနဲ့ မရဘူး၊ သူကဖွင့်ပြောမှ ငါက ပြန်အဖြေပေးလို့ရမှာလေ၊ မိန်းမရဲ့ ငါတို့က မိန်းခလေးလေ ကိုယ်ကစပြီးဖွင့်ပြောလို့ ရတာမှမဟုတ်တာ။” “ဟော။ မိန်းမ ၀န်ခံပြီပေါ့။” “သြော် နင်က ငါ့ဒိုင်ယာရီ တအုပ်လုံး ဖတ်ပြီးမှ အကုန်သိပြီးသားသူကို ငါက မဟုတ်ဘူးပြောလို့ ရမလားဟဲ့။ ဒါပဲနော် နင်မိန်းခလေးဈေး မဖြတ်နဲ့။ အဲဒီဟန်လေး ငါ့ကိုဖွင့်မပြောသရွေ့ ငါကစပြီး ဘယ်တော့မှ ဖွင့်ပြောမှာမဟုတ်ဘူး” ခဏနေတော့ ယုပြန်သွားသည်။ ကျွန်တော် လဲ မနေနိုင်တာနဲ့ စော ဆီဝင်ပြီးမေးတော့ တကယ်ပဲ လျှို့ဝှက်နိုင် တဲ့ မိန်းခလေးတွေ ဖြစ်သည်။ စာအုပ်ထဲမှာဘာရေးထားလဲ လုံးဝမပြောပြခဲ့။သေချာတာတခုကတော့ ကျွန်တော် ပျော်နေတာပဲဖြစ်သည်။ အဲဒီညက အိပ်မပျော်ပေမဲ့ နောက်တနေ့ မ

ကျွန်တော့ရဲ့အသဲကွဲဇာတ်လမ်း(ဒုတိယပိုင်း)

အဲဒီနေ့ညက ကျွန်တော်တညလုံးအိပ်လို့မရခဲ့ဘူး။ သူတကယ်ပြောသွားတာလား ဒါမှမဟုတ် ကျွန်တော့ ကို သက်သက်မဲ့ အနိုင်ယူပြောနေ ကြအတိုင်းပြောသွားတာလား ဆိုတာကို ခွဲခြားနေမိတယ်။အကျိုးဆက်ကတော့ နောက်တနေ့မနက်မှာ သူ့ကိုသွားမကြိုနိုင်အောင် အိပ်ယာ ထနောက်ကျသွားတာပါပဲဗျာ။ ဒါနဲ့အိပ်ယာကနိုးတော့ အသဲအသန်ရေချိုး၊မနက်စာစားပြီး သင်တန်းကိုပြေးတော့ သင်တန်းကစနေပြီ ဒါနဲ့ ပထမအချိန်ပြီးအောင် ဦးချစ်ဆိုင်မှာ ထိုင်စောင့်နေရတယ်။ခဏနေတော့ အတန်းဆင်းလာတယ် အောင်ကျော် နဲ့ နေလင်း တို့နှစ်ယောက် အရင်ထွက်လာတော့ “ဟေ့ကောင်တွေ၊ ငါအိပ်ယာထနောက်ကျသွားလို့ကွာ” အောင်ကျော်က “ငါထင်သားပဲ၊ဒါနဲ့ ယုတစ်ယောက်ဘယ်လို ဖြစ်တာလဲ ကွ” “ဘာဖြစ်နေလို့လဲ” “ဟိုဘဲ ကြီးနဲ့ စကားတွေ ပြောဆိုနေတာတွေ့လို့ပါကွာ။” “သြော် သူတို့ကတွေ့နေကြပြီလား” “ဟင်၊ မင်းစကားကဘာလဲကွ” “မင်းတို့ ပြသနာ တက်ထားပြန်ပြီမဟုတ်လား” “အေးကွာ” ဆိုပြီးကျွန်တော်လဲ မနေ့က ပြသနာအကြောင်းပြောပြလိုက်တော့ သူငယ်ချင်းအပေါင်းက ၀ိုင်း၍ ထောပနာပြု ကြသည်။ ထိုသို့ပြောနေရင်းမှာပဲ တွေ့ရတဲ့မြင်ကွင်း တခုက ကျွန်တော့အသည်းအိမ်ကို ကိုင်လှုပ်လိုက်သကဲ့သို့ တဆတ်ဆတ် နာကျင်စေခဲ့သည်။ ကျွန်တော့ ရှေ့အရောက်မှာ မှ လက်ချင်းချိတ် ၍ ထွက်လြာ

ကျွန်တော့ရဲ့အသဲကွဲဇာတ်လမ်း

ဝင်လိုက်တာနဲ့ ပျံကျဲနေတဲ့ စာရွက်တွေ ။ကျပ်ခိုးအပြည့်နဲ့ နံရံတွေ။ ဖုံအလိန်းလိန်း နဲ့ မတီးတာကြာပြီ ဖြစ်တဲ့ ဂစ်တာအို တလက်။ ခေါက်သိမ်း ထားတဲ့ အိပ်ယာလေး။ ဒါတွေကို ပြန်တွေ့ တော့မှ ရင်ထဲကို အလွမ်းတွေ နဲ့ကြေ ကွဲမှုတွေ မပင့်မ ဖိတ်ပဲရောက်လာရ ပြန်တယ် ယုရေ။ “ဟဲ့ နင်ဘာလာလုပ်နေတာလဲ” “အန်၊ ဘာလာလုပ်ရ မှာလဲ ဟ၊ နင့် ကိုလာစောင့်နေတာပေါ့။” “အံမယ် ဒီနေ့မှ ထူးထူးခြားခြား” “မသိဘူးဟာ ငါလဲ ဒီနေ့မှ ပဲ မနက်စောစော နိုးတာနဲ့ နောက် နင့်ကိုလဲ သတိရတာနဲ့ ထွက်လာလိုက်တာ” “အေး ဒါဆိုလဲ ပြီးတာပဲ လာသွားစို့” ရင်ထဲ ကနေ နင့်ကို မနက်တိုင်းလာကြိုချင်နေခဲ့တာ နင်မှ မသိဘဲ ယုရယ်။ယု ရယ် နင်ဟာ ငါ့အတွက် တော့ ရင်ထဲကနေကြိတ်ပြီးမျှော်လင့်နေခဲ့ ရသူပါ။နင့် မျက်နှာလေးကို မြင်တိုင်း ငါ့ ရင်တွေ ဆောက်တည်ရာ မရ ခုန် တက်လွန်းလို့ နင့်ရှေ့မှာ အိနြေ္ဒ ပျက်ခဲ့ ရတဲ့ အကြိမ်ပေါင်း လဲ မနည်းတော့ ပါဘူး။ ဒါကို နင် မမြင်တာလား။ မသိချင်ယောင် ဆောင် နေ တာလား ဟာ။အခုလည်း “ဟန်လေး ဟိုမှာ စပါယ်ယာ က ကားခ(ယာဉ်စီးခ) လိုက်ကောက်နေပြီ နင်ပေးလိုက်” “အေးပါဟ” “နင်ကလေ သွက်သွက်လက်လက်ကို မရှိဘူး၊ ငါနဲ့သွားတိုင်း အဲဒီလို ချည့်ပဲ” “ဟိုကောင်တွေ နဲ့ဆို ရင် တမျိုး၊ နင် ငါနဲ့ မသွားချင်

ကျွန်တော့ရဲ့ထွက်ပေါက်ကို နေရာချခြင်း

လူတော်တော်များများ(အထူးသဖြင့် သူငယ်ချင်းတွေပေါ့) မင်း Blog ရေးမှပဲ Blogger အပိတ်ခံရပြီ တဲ့။ မဆီမဆိုင်နော်။ ပြောပါစေ သူတို့ကလဲ ကျွန်တော့ရဲ့ မတောက်တခေါက်စာတွေ ကို ဖတ်ပြီး ပစ်ပစ်နှစ်နှစ် ဝေဖန်ပေး တဲ့ကျေးဇူးရှင်တွေပေါ့။ ခုနောက်ပိုင်း ကြတော့ ဟိုကျော် ဒီကျော် နဲ့မို့ အဆင်မပြေဘူး ဆိုပြီး ၀င်မ ကြည့်ကြတော့တာကြောင့် အပြောအဆို ခံရတာနဲနဲ သက်သာသွား ပါတယ်။ ဒါပေမဲ့ လူဆိုတာကလဲ ကိုယ်လုပ် နေကြ ကိုယ်ကြားနေကြ မကြားရ မမြင်ရရင် တခုခု လိုနေသလို မျိုး က အမြဲဖြစ်တတ်တော့ သူတို့ ဘာမှမပြော တော့ နေရထိုင်ရတာ တမျိုးကြီး ဖြစ်နေတာနဲ့ သူတို့လွယ်လွယ် ၀င်ပြီး ကိုယ့်ကိုဝေဖန်နိုင်အောင်လို့ ပီကေ ရဲ့ အကူအညီ ယူပြီး domain ပြောင်းထားလိုက်တယ်။ တခြားဘယ်သူပြောင်းချင်သေးလဲ ပြောင်းချင်ရင် ဒီကို သွားပြီးလေ့လာလိုက်လေ။

တခုတည်းပါ

“မောင် ၊ မအဖေက သူနဲ့ လိုက်တွေ့ ဖို့ခေါ်ထားတာကြာပြီ လို့ပြောနေပြီ ၊ မောင်ဘယ်တော့လိုက်တွေ့မှာလဲ” “ကဲပါ ၊ အခုလိုက်တွေ့မည်” ဒီလိုနဲ့ ကောင်လေးတယောက် ယောက္ခမ ရဲ့ အစစ်ဆေးခံရန် ရောက်သွားခဲ့ရသည်။ ယောက္ခမကလည်း ကုလားထိုင်တွင် မိန့်မိန့်ကြီး ထိုင်ပြီး စစ်ဆေးခန်းစပါတော့သည်။ “ကဲ ၊မောင်ရင် ဦးကတော့ မောင်ရင်ကိုအထူးအထွေ မိတ်ဆက်စရာမလိုဘူးထင်တယ် ဟုတ်လား။ များများစားစားလဲမေးစရာ မရှိပါဘူးကွာ” ”မောင်ရင် အရက်သောက်တတ်လား” “မသောက်တတ်ပါဘူး ခင်ဗျ” ”ဒါဆို ဖဲတော့ ရိုက်တတ်မှာပေါ့ ” “မရိုက်ပါဘူး ဦး” “ဆေးလိပ်ကော” “ကျွန်တော်ဆေးလိပ်မသောက်တတ်ဘူးခင်ဗျ” ”မိန်းမကိစ္စကောရှင်းရဲ့လား” “ဟုတ်ကဲ့၊ ရှင်းပါတယ်ဦး” “အာ ဒါဆိုမောင်ရင် ဘာမဟုတ်တာလုပ်တတ်သလဲ” “ကျွန်တော် လိမ်ပြောတာကလွဲလို့ ဘာမဟုတ်တာမှ မလုပ်ပါဘူး ဦး”

မိသားစုထမင်းစားပွဲ

ကျွန်တော်ဟိုးငယ်ငယ်လေးကထဲက သူငယ်ချင်းတွေအိမ် သွားရင် ထမင်းစားချိန်ကို ရှောင်လေ့ရှိပါတယ်။ ဘာလို့ လဲဆိုတော့ သူများမိသားစုလေးတွေ ကိုမြင်ရင် ကျွန်တော်လဲ ကျွန်တော့ မိသားစုနဲ့ ထမင်းစားချင်စိတ် တွေ အလိုလို ဖြစ်လာတတ်တယ်။(ဗိုက်ဆာလာတာပေါ့) ကျွန်တော့ ဘ၀ ငယ်ငယ်ကတည်းက မိသားစု စုံစုံလင်ထမင်း ၀ိုင်းကို မကြုံခဲ့ရဘူးလေ။ တခါတလေလဲ အမေ့အိမ်ပြန် အမေချက်တဲ့ ထမင်းဟင်းတွေ အားပါးတရ စားချင်လိုက်တာ အခုထက်ထိ တော့ အခွင့်အရေး မရသေးဘူးဗျာ။ နောက်များဆို ပိုဆိုးလာမလားပဲ လူကလဲ တနေ့ထက်တနေ့ အသက်ကကြီးလာတယ် ဒီအရွယ်ကြီးရောက် မှ အမေရေ ဆိုပြီးငိုပြရင်လဲ အမေက အော်မလားမသိဘူး ။ ဒီအရွယ်ကြီးရောက်မှ ပြန်ချွဲရအောင်ကလည်း ကိုယ့်ညီတွေ၊ညီမတွေ မျက်စေ့ ဆူးစရာဖြစ်နေတော့မယ်။ ဘယ်လိုလုပ်ရပါ့မလဲ။ အိမ်ပြန်ပြီး အဖေ၊အမေ၊ညီလေး၊ညီမလေးတွေ နဲ့ ထမင်းလက်ဆုံ သွားစားချင်လိုက်တာဗျာ။

ဂုဏ်ယူဝမ်းမြောက်ပါသည်

သတင်းသမား စောင့်ကြည့်ရတဲ့ Blog ကမ္ဘာကစောင့်ကြည့်ရတဲ့ Blog တချို့လူတွေ စိတ်နာတဲ့ Blog တချို့လူတွေ သိပ်ချစ်တဲ့ Blog လွတ်လပ်စွာရေးခွင့် ရှိတဲ့ Blog ဘာဟန်ဆောင်မှုမှ မရှိတဲ့ Blog စည်းလုံးညီညွတ်တဲ့ Blog နေ့စဉ် Update ဖြစ်နေတဲ့ Blog ရင်ခုန်သံခြင်း နီးစေတဲ့ Blog တနေ့တခြား ကျယ်ဝန်းလာတဲ့ Blog ----------------------Blog ----------------------Blog ----------------------Blog ----------------------Blog ----------------------Blog ----------------------Blog

တမ်းတခြင်းဒုက္ခ

သမုဒယ အလွမ်းတွေနဲ့ ယခုဘ၀ လွမ်းရဦးမှာပါလား အချစ်ရေ........... တမ်းတခြင်း ဒုက္ခတွေနဲ့အတူ နွမ်းလျတဲ့ ကိုယ့်ဘ၀ဟာ မင်းကိုတမ်းတနေရုံကလွဲံလို့ ဘာတတ်နိုင်ဦးမှာလည်း အချစ်ရယ်... မင်းရဲ့အမုန်းတွေကို အဆုံးသတ်ပါတော့လား ကိုယ့်မှာဒုက္ခသိပ်များနေလို့ပါ မင်းကိုတမ်းတမိတဲ့နေ့တိုင်း လွမ်းတသသနဲ့ ရင်မှာအလွမ်းပင်လည်ဝေခဲ့ရတယ်လေ မင်းကိုနေ့တိုင်းတမ်းတမိတဲ့“ငါ” တမ်းတခြင်းဒုက္ခဟာနေ့တိုင်းပါလားလို့ တွေးမိသေးဘူးထင်ပါရဲ့။ ။ ကျွန်တော့သူငယ်ချင်းတယောက်ရဲ့ကဗျာပါ။ အားပေးကြပါဦးနော်..

အချစ်အကြောင်းတစေ့တစောင်း

အချစ် အချစ် လူတိုင်းကမေးကြတယ် အချစ်ဆိုတာဘာလဲ။ ကျွန်တော်နားလည်ထားတဲ့အချစ်ဆိုတာကတော ပျော်ရွှင်မှု စိုးရိမ်ကြောင့်ကြမှု လွမ်းဆွတ်မှု နားလည်မှု ကြေကွဲမှု တွေပဲဗျာ ၁။ ပျော်ရွှင်မှု ဟုတ်တယ် ပျော်ရွှင်ခဲ့ရတယ်။ “ဘာကိုမှနားမလည်ခင် အချစ်ဟာပျားရည်လို ချိုမြိန်တယ်” အဲလက်စ် သီချင်းစာသားပဲ ။တကယ်ဘာကိုမှ ရင် မဆိုင်ရသေးချိန်မှာ အချစ်ဟာ ပျော်ရွှင်စရာတွေ အပြည့်နဲ့ပေါ့။ ၂။စိုးရိမ်ကြောင့်ကြမှု ကိုယ်ချစ်တဲ့သူကို ဆုံးရှုံးရမှာ လား ဆိုတဲ့စိုးရိမ်မှု။ တကယ်ကို နှစ်ယောက်စလုံးအတွက် ပူလောင်တယ်။ ဒီအချိန်မှာ သ၀န်တိုမှု ပေါ့ ၃။လွမ်းဆွတ်မှု မတွေ့ရတဲ အချိန်တွေမှာ ခံစားရတဲ့ဝေဒနာလေ။ “သူရောပဲ ကိုယ့်လိုများ ယောင်ရမ်းတမ်းတနေမလား” ဒီလိုလွမ်းခဲ့ရတယ်။ ၄။နားလည်မှု အရေးကြီးတယ် နားလည်မှုရှိမှ ရှေ့ဆက်ချစ်လို့ရနိုင်မှာလေ။နားလည်မှုဆိုတာမရှိတော့ရင်...... ၅။ကြေကွဲမှု ကြေကွဲမှုဆိုတာကတော့ အများနဲ့သက်ဆိုင်မှု ရှိချင်မှရှိမှာပါ။ ချစ်တဲ့သူနဲ့ကွေကွင်းရတဲ့ ဒုက္ခ ပေါ့။ တကယ်ကို ရင်ဆိုင်ရခက်ပါရဲ့။ တချို့ စိတ်အင်အားမပြည့်စုံသူတွေဆို ကိုယ့်အသက်ကိုတောင် ရန်ရှာတတ်ကြတယ်။ ကျွန်တော် Blog စရေးကတည်းက ကိုယ့်ခေါင်းစဉ်ကို ဘယ်သူ့ကိုမှ Tag မလုပ်ခဲ့ဘူးသေးဘူး။ ဒီတခါတော့ Tag ပြီ။ အခ

ယုံတမ်းစကား

ဒီ Post ကိုရေးဖို့အတွက် ဒီနေ့ မနက် Blogger ကိုဝင်တော့ အားပါးကောင်းလိုက်တဲ့ Connection ဗျာ Click တောင်မဆုံးသေးဘူး ရသွားပြီ။ ဒါနဲ့ တော်တော် အဆင်ပြေတယ်ဆိုပြီးရေးလိုက်တာ ရေးကောင်းကောင်းနဲ့ပေါ့။ ရေးနေရင်းနဲ့ ဗိုက်ဆာတော့ အပြင်ထွက် ပြီး မုန့်ထွက်စားတော့ အိပ်ထဲမှာ ပိုက်ဆံ ၅၀၀ ကျပ်နဲ့ပေါ့ Dagon Centre ရောက်သွားတယ် အားပါး ၀ယ်စရာကလဲများတော့ ၀ယ်ရင်းနဲ မနိုင်တော့လို့ မီးလေးကို လှမ်းခေါ်ပြီး ၀ိုင်းသည်ခိုင်းရတယ်လေ။ ဒါနဲ့ပြန်လာတော့ လမ်းမှာ ကိုမွန်ကြီးကိုတွေ့လို့ YKKO မှာကြေးအိုး ၀င်သောက်ကျသေးတယ်။မီးလေးကိုလဲ သနားလို့ပါ။ သူ့ခမျာ ရွက်ထားရတဲ့ အထုပ်ကတော်တော်လေးတာကိုး။ ဒါနဲ့အိမ်ပြန်ရောက်ရော။ အိမ်ရောက်တော့ လဲ မီးတွေလာနေတယ်။ မီးလာတာများအစမ်းလုပ်လို့ ဆိုပြီး လမ်းမှာ စကိတ်ထွက်စီးနေလိုက် တယ်လေ လမ်းကလဲ ကောင်းတော့ စကိတ်စီးရင်း ပဲခူး ရောက်သွားတယ် ညနေလဲဆောင်းနေပြီလေ ဒါနဲ့ မြေအောက်ရထား စီးပြီးအိမ်ပြန်လာလိုက်တယ် 15 မိနစ်ပဲကြာတယ်လေ။ ဒါနဲ့နောက်တနေ့မနက် မန္တလေး သွားဖို့ရထားလက်မှတ် သွားဝယ်တာ တကယ်ပဲ အပိုကြေး မပေးခဲ့ရဘူးဗျ။ ဒါနဲ့ ရထားကြီးစီးပြီးမန္တလေးကို ထွက်ခဲ့တယ် မယုံမရှိနဲ့ နောက်တနေ့မနက် 6း00 မန္တလေးရောက်ရော။ အာပါး မႏ ၱေ

ဘယ်သူနဲ့တူသလဲ

http://www.myheritage.com/collage ကဲဘာပြောကြဦးမလဲ။ တခုခုတော့ပြောလိုက်ပါ။

ကျွန်တော်နှင့်အကောင်ပလောင်များ

တနေ့သ၌ ကျွန်ုပ်သည် အားအားရှိသည်နှင့် ကျွန်ုပ်ဝါသနာပါသော Blog ရေးသားခြင်းအမှုကို ပြုနေဆဲ အချိန်တွင် ကျွန်ုပ်ဧ။် C Box တွင် စာတကြောင်းတက်လာသည်ကို တွေ့ရသည်။၎င်းစာမှာ “tag ထားတယ်နော်...” ဟူ၍ဖြစ်သည်။Tag ထားပြီဆိုတော့လည်း ဘာအကြောင်းတွေများလဲ ဟုစိတ်က၀င်စားသွားပြန်တော့ အပြေးအလွှား သွားကြည့် လိုက်တော့ အကောင်ပလောင်တွေအကြောင်း ဖြစ်နေပြန်တော့သည်။ကဲအကောင် တွေတော့ဟုတ်ပါပြီ ဘယ်သူကဘာအကောင်ကြောက်သလဲ။ ကျွန်တော်ကကော ဘာအကောင်ကြောက်သလဲ ပြန်စဉ်းစားတော့ ကျွန်တော် ကြောက်တာကတော့ ပင့်ကူ၊ပိုးဟပ် နဲ့ ကြမ်းပိုး ခင်ဗျ။ ပင့်ကူ ကတော့ ငယ်ငယ်ကတည်းက ကြောက်တာပဲ ဘာလို့မှန်းလဲ မသိဘူး သူ့တွေ့ရင်ကို ရင်တွေတဒုန်းဒုန်း တုန် ပြီးကြောက်လာတာ။ ရှက်စရာကြီးနော်။ ပိုးဟပ် ကတော့ ရွံကြောက်ကြောက်တာ။ အိပ်ယာမှာပိုးဟပ်တွေ့ရင်အဲဒီအိပ်ယာမှာအိပ်ရမှာ ကိုယ့်ကို ကို မလုံ ခြုံတော့သလိုပဲ ခံစားရတယ်။ ငါအိပ်နေတုန်း ပါးစပ်တဲဝင်သွားရင်တော့ သွားပြီ၊ဒီကောင်တွေက နေရာတကာ လျှောက်သွားနေတာ အိမ်သာတွေကော၊အိမ်ခေါင်မိုးက ကြပ်ခိုးတွေကြားမှာကော နေတာ တကိုယ်လုံးလဲ ညစ်ပတ်နေကြမှာ ရွံစရာကြီး လို့တွေးမိပြီး အိပ်ရေးပျက်တော့တာပဲ။ ကြမ်းပိုး ။ ။ ဒီကောင်တွေလဲ ပိုဆိုးတာပဲ

ထားဝယ်-ကံပေါက် သွားမှတ်တမ်း

Image
ဒီလအတွင်း ကျွန်တော်လဲ ခရီးသွားရမယ့် ကံဇာတာတွေတက်နေ လားမသိ။ မန္တလေး က ပြန်လာတာမှမကြာ သေးဘူး အလုပ်ကနေ ထားဝယ်သွားရ မယ်ဖြစ်ပါလေရော။ သွားဆိုလဲ သွားတာပေါ့ ဆိုပြီး အိမ်ပြန် အထုပ်ဆွဲ ပြီး လေယာဉ်ပေါ်တက်တော့တာကိုး။ ရန်ကုန်ကနေ ၄၅ မိနစ်လောက်လေယာဉ်စီးပြီးရင်ပဲ ထားဝယ်ကိုရောက်တယ်ဆိုပါတော့။ ထားဝယ်လေဆိပ်ကနေ မြို့ထဲကို ဆိုင်ကယ်လေးနဲ့ သွားတာက ၁၅ မိနစ် ၊ ထားဝယ်မြို့ ကိုရောက်ပြီပေါ့။ ထားဝယ်သူတွေ လိုက်ကြည့်ရင်း နဲ့ ဘယ်အချိန်ရှိပလဲ ကြည့်မိတော့ ၁၂း၀၀ နာရီ ထိုးပြီးနေပြီ။ ဟာမဖြစ်တော့ ဘူးဆိုပြီး ဆိုင်ကယ်တစီးငှားပြီး ထားဝယ်ကံပေါက်ကားဂိတ်ကိုပြေး ၊ ဟိုရောက်တော့ ကားပေါ်တောင်လူအတော် ရောက်နေပြီ။ ကားစထွက်ပါပြီ ကားသမားပုံကြည့်ရတာတော့ အရမ်းမောင်းမယ့်ပုံပဲ ခုထားဝယ်ကမထွက်ရသေးဘူး တော်တော်မောင်းနေတာ ကျွန်တော်လဲ ပင်ပန်းလာတာဆိုတော့တချက်အိပ်ပျော်သွားတယ်။ ၀ုန်းဝုန်းဆိုတဲ့ အသံနဲ့တပြိုင်ထဲ လူက အောက်ြပုတ်ကျတော့ ဟာဘာတွေဖြစ်ကုန်ပြီလဲ ဆိုပြီး ထရပ်ကြည့်ဖို့ ကြိုးစားတော့ ရပ်လို့မရနိုင်ဘူး။ ကြိုးစားပြီးအားစိုက်ထတော့မှ အားပါးပါး လကမ္ဘာပေါ်ရောက်နေပြီလားလို့တောင်ထင်သွားရတယ်။ အင်မတန် မှ ကျယ်ဝန်းနက်ရှိုင်းတဲ့ ချိုင့်ဝှမ်းတွေနဲ့အလှဆင်ထားတဲ့ ထားဝယ်

အောင်မျိုးဟန်ခရီးသွားနေသည်။

ရန်ကုန်ကိုပြန်ရောက်ပြီဆိုတာနဲ့ စိတ်က Internet Connection ရပြီလားဆိုတာပဲ သိချင်နေတော့တာပဲ သူများတွေ နိုင်ခံတွေများမိုက်လိုက်တာဗျာ။ Singapore မှာဆို လေဆိပ်မှာ Internet အလကားသုံးလို့ရတယ် ဆိုပဲ(သူများပြောပြတာနော် မရောက်ဖူးသေးဘူး) ။ဒါနဲ့ လေဆိပ်က ကားသမားကို နီးတဲ့Internet ဆိုင်အရင်မောင်းဗျာ ဆိုပြီး ပြောတော့ လှည့်ကြည့်တယ်။ ဘာထင်လဲတော့မသိဘူး။ ဘယ်လိုထင်ထင်ပေါ့နော်။ ကိုယ်သွားချင်တဲ့နေရာ သူလိုက်ပို့ရမှာပဲဟာကို။ ဒါနဲ့ Blog အိမ်ကိုရောက်တော့ အားပါး ဧည်သည်တွေတော်တော်လာသွားတာပဲ ။ အားနာလိုက်တာ ထားဝယ်က ပါလာတဲ့ မုန့်ကုလားမဲ လေးတောင် မကျွေးလိုက်ရလေချင်း ဆိုပြီး စိတ်မကောင်း ဖြစ်မဆုံးပါဘူးဗျာ။ ဒါနဲ့ ဧည့်သည်တွေ ရဲ့ အိမ်နေတွကို ပြန်သွားတော့ Chaos ပြောမှသိရတာက တော့ ကျွန်တော်တို့ အဖွဲ့ကို မောင်ရင်ငတေခေါင်းဆောင်သတဲ့။ ဒီလူတော့ မလွယ် တော့ဘူးနဲ့ တူတယ်။ ခေါင်းဆောင်ကြီး လွတ်အောင်ပြေးပါတော့ ဟီး။ မီးလေး ကတော့ သူ့အိတ်ထဲက ဟာတွေထုတ်ပြပြီး သူ့Blog က ကန်ဒေါ်လာ 14113.50 တန်ကြောင်း ကြွားသ ဗျို့။ ပြီးတော့ တရားလဲဟောထားသေးရဲ့။ Blogger တွေရန်မဖြစ်ပါနဲ့ Blogger လောကအတွက်........ အလွမ်းအိမ် ရဲ့ Blog မှာတော့ အ၀အပြဲ စားအပြီး အထွက်

သီတင်းကျွတ်ခရီးသွားမှတ်တမ်း

Image
ဒီ Post ကို ကိုနေလင်းဖတ်မိရင်တော့ မနာလို ဖြစ်ကောင်းဖြစ်မယ် ထင်တယ်။ ဒါပေမဲ့ မတတ်နိုင်ဘူးလေ။ မုဒိတာ ပွားနိုင်မယ် လို့မျှော်လင့်တာပဲ။ (ကိုကြီး စိတ်မဆိုးနဲ့နော်)။ ရိုက်လာတဲ့ ဓာတ်ပုံလေးတွေကို အမှတ်တရ အနေနဲ့ Post အဖြစ် တင်လိုက်ပါတယ်။ ရုပ်ဆိုးတယ်လို့မပြောကြေး ဒါ ပြင်ဦးလွင် က တိုင်းရင်းသားကြေးရွာ မှာရိုက်ထားတာပါဗျ။ မန္တလေး ကျုံးအတုလေးပေါ့။ မလှုပ်နဲ့ ပစ်လိုက်မယ်နော်။

တနေ့စာအလွမ်းများ

ကျွန်တော့်ရဲ့ Blog လေးနဲ့အဆက်အသွယ်ပြတ်သွားတာ(၄) ရက်လောက်တောင်ရှိသွားပြီ။စိတ်ကတော့သတိ ရပါ တယ်။ လူကသာ မွှန်နေတာ (အဲ) မအားတာ။ ကြွားရဦးမယ်။ သီတင်းကျွတ် ကျွန်တော်ပျောက်နေတာက ချစ်သူ လေးရှိတဲ့ မန္တလေး ကိုသွားနေတာပါ။ အဲဒီကအပြန် အဝေးပြေးကား ပေါ်မှာရေးခဲ့တဲ့ကဗျာလေးကို ဖတ် ကြည့်ကြ ပါဦးနော်။ “တနေ့စာအလွမ်းများ” မနက်အာရုဏ်တက် မင်းအပြုံးကိုနမ်း ငါ့အလွမ်းတွေကို ရှိုက်သွင်းခဲ့ပြီ။ နေ့လည်စာအတွေးများထဲ အဝေးကမင်းအနားပဲ ၀ဲလည်ရင်းနဲ့ပေါ့ ညနေခင်း နေမင်းရဲ့အလင်းပျောက်ချိန် တို့ခွဲခဲ့ဖူးတဲ့ ဒီအချိန်တွေကို ကျိန်ဆဲရင်းလွမ်း ညအိပ်ယာဝင် ငါ့ကိုယ်ငါပြန်ဆန်းစစ်တော့ ငါအရမ်းချစ်တဲ့မင်းကြောင့် အလွမ်းနွံမှာနစ်နေဆဲလေ ဒီလိုနဲ့ ညလည်ချိန်တရေးနိုး ယောင်ရမ်းပြီးငါစမ်းမိတော့ သြော် ငါ့ဘေးနား မင်းမရှိသေးပါလား။ ။

အောင်မျီုးဟန် နှင့် ပတ်ဝန်းကျင်

မီးလေးက Tag ထား ပြီ ဆိုတော့ ဘာကိစ္စ များလဲ လို့ စိတ်ဝင်တစားနဲ့ သူ့ Blog ကို အပြေးအလွှား သွားကြည့် လိုက်တော့ ကျွန်တော် သူ့အတွက်တော်တော် စိုးရိမ်သွားတယ်။ ဘာမျာဖြစ်တာပါလိမ့် ဒီလိုခေါင်းစဉ်တပ်ထား တာ မဟုတ်မှလွဲရော ပတ်ဝန်းကျင် နဲ့များ ရန်တွေဘာတွေဖြစ်သလားပေါ့။ ဒါဆိုရင်တော့ မီးလေး ပိတ်မိနေရင် ငါ 199 ကို ဖုန်းဆက်မှပဲ လို့တွေးထားတာ။ ရောက်လဲရောက်ရော သြော် တော်ပါသေးရဲ့ လို့သက်ပျင်းချနိုင်တော့ တယ်။ သူက Tag ထားပြီဆိုတော့ ကျွန်တော်ကလဲ တတ်သည့်ပညာ မနေသာတော့ ဆက်ရေးရ ဦးမှာပေါ့။ ကျွန်တော်တို့ လမ်းထဲမှာညည ဆို ကြားနေကြအသံတစ် သံ အဲဒီအသံက “လူမှားနေတယ်” ညတိုင်းနီးပါး ကြားနေရတော့ ဒီမိန်းမကြီး က ဘာအော်တာလဲပေါ့ ငါကြားတာတော့ လူမှားနေတယ် ပဲကြား တယ်။ ဒါနဲ့ တရက်စောင့်ကြည့်တော့မှ အဲဒီမိန်းမကြီးလက်ထဲ က စံပယ်ပန်းတွေကိုမြင်ပြီးသြော် “စံပယ် ပန်းတွေ“ လို့အော်တာမှန်းသိတော့တယ်။ နောက်တမျိုး က ညပိုင်းလေးပဲ 9း00 လောက်ဆိုကြားရပြီ “ပါတာလေးလဲပူ ပူတာလေးလဲပါ”တဲ့ ဟာဘာကြီးလဲပေါ့နော်။ နေ့တိုင်း9း00လောက်ဆိုကြားရတာ နောက်မှ ပဲပေါက်ဆီ သည်မှန်းသိရတယ်။ အရမ်းမိုက်တဲ့ အသံကတော့ ဘုရင့်နောင်ဈေးထဲက ဆီစစ်တို့၊အင်ဂျင်ဝိုင်စစ်တို့ ရောင်းတဲ့သူပဲ။ သူ

သီတင်းကျွတ်တော့မည်

Image
သီတင်းကျွတ်တော့မယ် ဆိုတာနဲ့ ငယ်ငယ်တုန်းက သီတင်းကျွတ်မှာပျော်ခဲ့တာလေးတွေကို သတိရတယ်။ ခုအရွယ်ရောက်တော့လဲ အားကျစရာလေးတွေ ရှိနေပြန်ရော ။ မနေ့ကပဲ ဖိတ်စာလေး (၃) စောင် ရောက် လာ တယ်။ ဟဲဟဲ ဘယ်လောက်တောင်အောင့်ထားကြရ လဲမှမသိတာနော်။ Blogger မောင်နှမတွေထဲ မှာရော ဘယ်သူတွေများအစွံ ထုတ်ကုန်ပြီလဲ ဗျ။ ကျွန်တော်ကတော့ စိုင်းစိုင်းခမ်းလှိုင် သီချင်းကို ပဲ အဓိပါယ်ပြောင်းဆို နေတယ်။ “ပြောစမ်းပါဦးဟေ့ ငါ့အလှည့် ကဘယ်တော့လဲ” ခုသီတင်းကျွတ် အတွက် ကဒ် လေး တကဒ် Planet ကနေ ယူတင်ထားလိုက်တယ်။ Blogger မောင်နှမတွေအားလုံး ဒီသတင်းကျွတ်မှာ စွံနိုင်ကြပါစေ ၊ ပျော်နိုင်ကြပါစေ လို့ ဆုတောင်းပါတယ် ဗျာ။ XXXXXXXXXXXXXXXXXXXXXXXXXXXXXXXXXXXXXXXXXXXXXXXXXXXXXXXXXXXXXX ကျေးဇူးပါခင်ဗျာ ကိုနေလင်းက သူများတွေကို ကြည့်ပြီး မုဒိတာပွားရတာပေါ့ဗျာ..မဟုတ်ဘူးလား ကိုအောင်မျိုးဟန်...လာမှာပေါ့နော့် ကျွန်တော်တို့ အလှည့်လည်း...အင်းဗျာ..သတိရတယ်..သီတင်းကျွတ်အချိန်လေးကို

ရဲဝံစွန့်စား

Image
သူ့ဘ၀ထဲ ၀င်ရောက်ဖို့အတွက် တံခါးကို ဖွဖွတိုးတိုးလေးခေါက်လိုက်တယ် သူလဲမျှော်နေခဲ့သလားမသိ ခေါက်သံဆုံးတာနဲ့ တံခါးပွင့်သွားခဲ့တယ် ဖြတ်သန်းလာရတဲ့ ဆင်းရဲပင်ပန်းခရီးရှည်အဆုံး ကိုယ့်အိမ်ကိုယ့်ယာပြန်ရောက်သလိုမျိုး နွေးထွေးမှုတွေရှိနေတယ် သူ့ဘ၀နဲ့ကျွန်တော့အနာဂတ် ထပ်တူကျနိုင်အောင်ကြိုးစားတယ် တွေ့ရပြန်တယ်အခက်အခဲ မဖြတ်ရဲဖြတ်ရဲဆိုတဲ့ စိုးရွံ့မှုအလျင်းပျောက် ငါတို့နှစ်ယောက် အနာဂတ်ရဲ့ အလင်းအောက်မှာ လက်တွဲမဖြုတ်တမ်း မဆုတ်မနစ် ဒီဒုက္ခ(သို့)သုခ နွံမှာ နစ်ကြစို့ရဲ့။ ။ xxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxx ခုလိုရေးပေးတာကျေးဇူးပါ နေလင်း နှစ်ယောက်သာ ပေါင်းရပါစေ..ဒုက္ခဖြစ်ဖြစ်၊ သုခ ဖြင်ဖြင် ရင်ဆိုင်ရဲတယ်..ကျွန်တော်ကတော့..:D ပီကေ said... တံခါးခေါက်လိုက်တယ်။ တံခါးဖွင့်သံတော့ မကြားရဘူး။ ဒါပေမယ့် အသံတစ်ခုထွက်လာတယ်။ ၀င်ခဲ့လေ တဲ့။ တံခါးတွန်းကြည့်တယ်။ ဖွင့်မရ။ ၀င်ခဲ့ဆိုပြီး တံခါးဖွင့်မပေးသူတစ်ယောက်နဲ့ ကြုံခဲ့ဖူးပါတယ်။
Image
I Scored a 67%! Meet California Singles ဒီနေ့မှပဲ ကိုယ့်ကို ကိုယ် တော်တော် ညံ့ပါလား ဆိုတာသိရတော့တယ် ။ ငယ်ငယ်လေးကတည်း က အဖိုးကျက်ခိုင်းလို့၊ကြိမ်လုံး ကြောက်ကြောက်နဲ့ ကျက်ခဲ့တဲ့ စကားလုံးတွေ ကြက်ပျောက် ငှက်ပျောက် ပျောက်နေတာ သိတော့တယ်။ စဉ်းစားကြည့် ကိုယ်အရမ်း ညံ့တာ ကိုတော့ ဘယ် လူသိခံချင်ပါ့မလဲ။ ဒါပေမဲ့ ကိုယ့်ထက်ညံတဲ့ သူများ ရှိဦးမလားလို့ ရှာကြည့်ချင်တာနဲ့ ဒီ POST ကိုရေးဖြစ် သွားတာ။ ကဲ ဘယ်လိုလဲ ( PROCARE မဟုတ်ပါ ) သတ္တိံရှိရင်စမ်းကြည့်ပါလား။ ကျွန်တော့ထက်တော့ ရမှတ်မနည်းစေနဲ့နော်။

မျှဝေခြင်း

ခုတလော ဘလောက်ဝင်လိုက်ရင် တော်တော်များများ က အသစ်တွေ မတင်နိုင်ကြတာတွေ့ရတော့ Blogger Dashboard ကိုဝင်လို့ မရတာများလား လို့ စိတ်မှာထင် မိတယ်။ကျွန်တော်လဲ အစကအဲဒီလို ဖြစ်တော့ ကျွန်တော့သူငယ်ချင်းတွေလဲ အားမလိုအားမရ ဇြစ်နေ ကြမှာပဲ လို့တွေးမိတယ်။ ခုဝေမျှမယ့် Software လေးကတော့ u တဲ့ ကျွန်တော် ရှာတွေ့ထားတာမဟုတ်ပါဘူး။ ညလေး (အိပ်မက်ဒိုင်ယာရီ) က ကိုချမ်းမြေ့ဦး ရဲ့C Box မှာဝေမျှထားတာကိုတွေ့ ပြီးယူသုံးကြည့် ရင်းအဆင်ပြေလို့ ဒီမှာ တင်ထားတယ်။ လိုအပ်ရင်ယူသာသွား အလကားပေးတာ။ ကျွန်တော်လဲ အလကားရလို့။ အဲဒီကမရရင် ဒီကီု ထပ်သွားကြည့် တနေရာရာ ကတော့ ရမယ်ထင် ပါတယ်။ အားလုံးစိတ်ချမ်းမြေ့စွာနဲ့ POST အသစ်တွေတင်နိုင်ကြပါစေ။
Image
Seasons Graphic Comments ဆောင်းဦးရာသီရောက်တော့ မယ်။ အရင်နေခဲ့ဖူးတဲ့ မြို့လေးမှာဆို ခုချိန်နှင်းတွေ မခို့တရို့ကျနေလောက် ပြီပေါ့။ တခါတခါလဲ လွမ်းမိသား။ နှင်းဖွဲဖွဲလေး ကျနေတဲ့ လမ်းပေါ်မှာ စက်ဘီးကိုယ်စီနဲ့ လျှောက်သွားခဲ့တာတွေ။ အရမ်းအေးတဲ့ ညတွေမှာ ခေါင်ရေသောက်ပြီး သူငယ်ချင်းတွေ အဆောင်ရှေ့မှာ ဂစ်တာသွားတီးခဲ့တာတွေ။ ဒါတွေဟာ ငယ်ဘ၀လေးရဲ့ ရင်ခုန်စရာ အမှတ်တရလေးတွေ ပေါ့။ နှစ်တိုင်းဆောင်းနဲ့ပက်သက် တဲ့အငွေ့အသက် ရတိုင်း လွမ်းနေမှာပါ မြို့လေးရယ်။

ညနေခင်းစိတ်ဖြေခြင်း

Image
တနေ့တနေ့ အိပ်ယာထချိန်ကနေ ညမိုးချုပ် သွားတဲ့အချိန်အထိ ကိုယ်လုပ်ခဲ့သမျှ ပြန်စဉ်းစား တဲ့အခါ ကောင်းတာနဲ့ မကောင်းတာ ဘယ်အရာကပိုများသလဲ။ ကျွန်တော်ကတော့ မဟုတ်တာ/မကောင်းတာ ပိုများတယ်။ တခါလေ တော့လည်း ကောင်းတဲ့ဟာလေးတွေ စဉ်းစားမိပါတယ်။ ညစဉ် ဒိုင်ယာရီ ရေးရင်တော့ ငါဒီနေ့ မှားခဲ့တာတွေ နောက်နေ့ မမှားအောင် သတိထားရမယ် လို့ ကိုယ်ကို ကို သတိပေး ရ တာပေါ့။ ဒါပေမဲ့ အမှားတွေ လုပ်နေကြလူ မို့လား မသိဘူး လုပ်ပြီးသားအမှား တွေထပ်မလုပ်မိတောင် အမှားအသစ် တွေကထပ်ဖြစ်တာပါပဲ။ သံတူကြောင်းကွဲ အမှားတွေ လို့ကိုယ့်ဘာသာ ကို နာမည်တပ်ထားလိုက်တယ်။ အားလုံးရော စဉ်းစားဘူးကြပါ သလား။ ကိုယ်ဒီအရွယ်အထိ သံတူကြောင်းကွဲ အမှားတွေ ဘယ်လောက်လုပ်ခဲ့ ပြီဆိုတာကိုပေါ့။

ကျွန်တော်လေးစားသော ပုဂ္ဂိုလ် တစ်ဦး ( သို့) ဦးသန့်

Thant, U (1909-1974), Burmese statesman and United Nations secretary general. Born on January 22, 1909, in Pantanaw, Burma (now known as Myanmar), Thant was educated at the University of Rangoon(now known as the University of Yangon), after which he was senior master (1928-1931) and headmaster (1931-1947) of Pantanaw National High School. In 1947, after the Burmese constituent assembly voted for independence from Great Britain, Thant became press director of the interim government. Following the establishment (1948) of Burma's independence,he held the posts of director of broadcasting (1949), secretary in the ministry of information (1949-1953), and secretary to the prime minister (1953-1957). In 1952 he was also a member of the Burmese delegation to the United Nations; he became his country's permanent UN representative in 1957. Following the death of UN Secretary General Dag Hammarskjöld in 1961, Thant was elected to complete Hammarskjöld's term, and was reelected in 1966

ပြန်လာပြီ Blogger ရေ

Image
ကျွန်တော်ဟိုတလောက တော်တော်စိတ်ညစ်ရတယ် Blogger ၀င်မရတာကော ၊ ကိုယ့်အရှုပ်တွေနဲ့ရော ၊ အများကြီးမှ တကယ်အများကြီးပဲ ဗျာ။ စိတ်ညစ်စရာတွေ များလွန်းတော့ လူလဲတော်တော်ပိန် သွားတယ် ပိန်သွားတော့ ရူပါနဲနဲကြတာပေါ့ဗျာ။ ကောင်မလေးတွေတောင် သိပ်မကြိုက်ချင်ကြတော့ဘူး ။ ခုတော့ နဲနဲ စိတ်ချမ်းသာရမည့် အချိန်တွေရောက်လာ ပြီနဲ့တူပါရဲ့ Blogger ထဲကို ပြန်ဝင် လို့ရသွားပြီ။ Post အသစ်တွေ လဲ တင်လို့ရနေပြီ။ နဲနဲစိတ်ချမ်းသာ နေပါပြီ။ တခုပဲမျှော်လင့်ပါတယ် ။ ဒီသီတင်းကျွတ် မှာ ချစ်သူလေးနဲ့ ခဏလောက် ဖြစ်ဖြစ် ပြန်ဆုံတွေ့ခွင့်ရချင်ပါရဲ့။

ဘယ်ကိုသွားမလဲတွေးမရတယ်

Image
ဒီပုံလေးကတော့ ဘလင့် ဆီကနေ ခွင့်ပြုချက် မယူပဲ ခိုးလာ(အဲ) ကူးလာတာပေါ့။ တကယ်ပဲ wordpress မှာ သွားရေးရတော့ မှာလားမသိဘူးနော်။

ဆင်ဖမ်းမယ် ကျားဖမ်းမယ် လေယာဉ်ပြန်ပေး ဆွဲမယ်။

ကြားဖူးကြမှာပါ ။ အရင်က သိပ်အကြွားသန်တဲ့ လူတယောက်ရှိတယ် ။ အမြဲတမ်းစကားပြောရင် လေကြီးလေကြယ်နဲ့ပေါ့။ တရက်သူ့ သူငယ်ချင်းတွေ နဲ့ စွန့်စားခန်းတချို့ အကြောင်းပြောရင်း ငါတောထဲ သွားတုန်းက ပေါ့ဆိုပြီးအစချီပြီး ပြောလိုက်တာ တောထဲမှာ ဆင်ဖမ်းခဲ့တာကော ။ ကျားအရှင်လတ်လတ် ဖမ်းခဲပတာကော။ပြောရင်းနဲ့ မာန်ပါပြီး နိုင်ငံခြားတောင် သွားပြီး လေယာဉ်တောင်ပြန်ပေး ဆွဲခဲ့သေးတယ် ဆိုပဲ။ သူ့မိတ်ဆွေတချို့ကတော့ အဟုတ်ကြီး မှတ်ပြီး ယုံကြတာပေါ့နော်။ သူ့ကိုလဲ နဲနဲ ရှိန်သွားတာပေါ့။ ဒီလိုနဲ့ တရက်သူ့ ကိုအားကိုးတဲ့လူတယောက် က အကူအညီတောင်းချင်လို့ အိမ်ကိုထမင်းစား ဖိတ်တာပေါ့။ သူကလဲ ဟိတ်ဟန်အပြည့်နဲ့ သွားတာပေါ့ ။ အိမ်ပေါက်ဝရောက်တော့ မှ ချိတ်ထားတဲ့ဆိုင်းဘုတ် ကို ကြည့်ပြီး ပြောလိုက်တာက `ဟေ့ ခွေးကြည့်ကြပါဦး ကွ´ တဲ့ ပြောချင်တာကတော့ ကြီးကြီးကျယ်ကျယ် ပြောပြီးမှတော့ ခွေးမကြည့်ခိုင်းနဲ့တော့နော် လို့။

မင်္ဂလာပါအားလုံး

ကျွန်တော်တို့ရဲ့ပို့သသောမေတ္တာကြောင့်Internetပြန်ကောင်းသွားပြီဟု မျော်လင့်ရပါသည်။နောက်များမကြာမီpostအသစ်များတင်တော့မည်ဖြစ် ကြောင်းအသိပေးအပ်ပါသည်.

ချစ်မိတာအမှား

အချစ်ဆိုတာ ငါ့ဘ၀ရဲ့အစိတ်အပိုင်းတစ်ခုလို့ ငါကိုယ်တိုင်ကြွေးကြော်ခဲ့တာ အသစ်တွေလဲခဏခဏဖြစ် မချစ်ချင်တော့ဘူးလို့လဲ အသံကုန်ဟစ်ခဲ့ ခုတော့ နှလုံးသားက အချစ်ကိုတွေ့ အသစ်ဖြစ်စရာလဲကုန်သွားခဲ့ပြီ နောင်ဆိုဟောင်းသွားပြီး ပြောင်းမသွားအောင် အမြဲ RENEW ဖြစ်နေမဲ့ ငါ့ရဲ့အချစ်သခင်မလေးရေ သစ္စာစကားလို့ပြောရင် ငါနဲ့မတန်ပါဘူး ငါ့မေတ္တာတရားပါ မင်းပစ်ခွာမသွားပါနဲ့ ငါကချစ်တာအမှားပါပဲ ငါကချစ်တာအမှားပါပဲ။ ။
Image
ဘ၀တသက် တစ်ချက်မမေ့ မပြတ်အစဉ် တသက်ရင်မှာ ခိုင်မြဲမြံစွာ ချစ်တော့မည်ဟု စိတ်မှာဆုံးဖြတ်ထားပါပြီလေ ချစ်သူရေ............ နွေးထွေးစိုအိ နူးညံချိုသာ ချစ်သူ့နှုတ်ခမ်းလွှာမှ ချိုသာချစ်စကား ကြားရများစေ ချစ်သူ့နှုတ်ခမ်းများ မုန်းတဲ့စကား ဆွံအတိတ်ဆိတ် ဝေးကွာလွင့်စေ ကိုယ့်ချစ်သူရေ။ ။

ကျွန်တော့အဖေဗျ

ရထားတစ်စင်းပေါ်တွင်လူငယ်တစ်ယောက်ရထားလက်မှတ်မပါပဲ တခြားသူဧ။် ထိုင်ခုံတွင်ဝင်ထိုင်နေသောကြောင့် ရထားတွဲထိန်းက ၀င်ဖြေရှင်းပေးနေသည်။ တွဲထိန်း “ဟေ့ကောင်လေး ရထားစီးရင်လက်မှတ်ဝယ်စီးရတယ်ကွ” လူငယ် “လက်မှတ်ဝယ်မစီးရင်ဘာဖြစ်မလဲဗျ” တွဲထိန်း “ဟ မင်းနှယ် မင်းကိုဒဏ်ရိုက် လိမ့်မယ်ကွ” လူငယ် “ဘယ်သူက ဒဏ်ရိုက်မှာလဲ” တွဲထိန်း “လက်မှတ်စစ်ကပေါ့ကွ” လူငယ် “အဲဒီလက်မှတ်စစ်က ကျွန်တော့အဖေဗျ”

သင်ကောဘယ်လိုမြင်သလဲ

Image
ဟိုတစ်ရက်က ပြင်ပြင်းရှိတာနဲ့ ရွှေမန်းရုပ်ရှင်ရုံ မှာတင်ထားတဲ့ အိမ်မက်စေညွှန်းရာ DVD သွားကြည့်ဖြစ်လိုက်တယ်။ခံစာချက်ချင်း တိုက်ဆိုင်တာ ထင်တယ်။ အဲဒီ့DVD ကြည့်ပြီးရင်ထဲမှာလွမ်းသလိုလိုဖြစ်လာတယ်။ အဲဒီဇာတ်လမ်းထဲမှာအဓိကပြောထားတာကို ကျွန်တော်က ဒီလိုထင်တယ် “ကိုယ့်ကောင်မလေး ကတစ်ရက်ပဲအသက်ရှင်ရတော့မယ်ဆိုရင် ဘာလုပ်ပေးမလဲ ” ဒီဇာတ်လမ်းထဲမှာတော့ ကောင်လေးက သူ့ကောင်မလေး နဲ့ သူ့ရဲ့ဖြစ်ချင်တာတွေကို Romatic ဖြစ်အောင် ရိုက်ပြသွားတယ်ဗျ။ အဲဒီဇာတ်လမ်းလေးကြည်ပြီးတော့ လွမ်းသလိုလို အဝေးရောက်နေတဲ့ ကျွန်တော့ချစ်သူလေးဆီပဲ ပြန်ပြေးချင်သလိုလို ခံစားရတယ်ဗျာ။ ဒါပေမဲ့ အဆုံးသတ် ကလေးကို ကြတော့ သနားစရာ အဖြစ်မြင်မိတယ်။ ဟုတ်တယ် အချစ်စစ်ဆိုရင်တော့ ရင်ထဲကအချစ်က ဘယ်တော့မှသေမှာမဟုတ်တာ သေချာတယ်။ (ဒီPOSTအတွက်ကြော်ငြာခမရပါဘူးခင်ဗျာ)

အချစ်သစ်ပင်

ငါ့နှလုံးသားဥယျာဉ်မှာ အချစ်သစ်ပင်ကို ပြန်လည်ရှင်သန်စေခဲ့သူဟာမင်းပါ လမင်းလောက်မထွန်လင်းပေမဲ့ ငါ့ဥယျာဉ်အတွက်တော့ မင်းဟာတောက်ပါ့တဲ့ကြယ်ပွင့်လေးပါ ဒီကြယ်စင်ကပေးတဲ့အလင်းကို ငါတက်မက်ခဲ့တယ် ပြီးတော့ကြယ်စင်လေးကို ငါမြတ်နိုးတယ် ကြယ်စင်လေးအတွက်ရယ်ရွယ်ပြီး ငါ့သစ်ပင်လေးမှာ အကြင်နာအသီးအပွင့်တွေ ဝေဆာအောင်ကြိုးစားနေရင်းနဲ့ ငါ့ဥယျာဉ်ထဲကကြယ်စင်လေး ပျောက်ကွယ်သွားတော့ အလွမ်းပန်းတွေသာ ပွင့်နေခဲ့တာ ခုချိန်ထိပဲ ကြယ်စင်လေးရေ အချိန်တွေတွေပြောင်းသွားပေမဲ့ ငါ့ဥယျာဉ်ထဲက ငါ့သစ်ပင်လေးဟာ သစ္စာရှိစွာဆက်လက် ရှင်သန်နေဆဲပဲဆိုတာ ကြယ်စင်လေးသိမယ်ဆိုရင် (သို့မဟုတ်) လေညှင်းလေးတွေသာပြောပြတတ်မယ်ဆိုရင်

ကျွန်တော့ရဲ့ထွက်ပေါက်

အသဲကွဲဖူးကြပါသလား ကွဲဖူးမှပဲဖြေပါ အသဲကွဲရင်သွေးထွက်ပါသလား ကွဲဖူးတဲ့သူတော့သိကြမှာပါ ဟုတ်ကဲ့ အသဲကွဲရင်သွေးထွက်ပါတယ် အဖြူရောင်သွေးပေါ့ မျက်ဝန်းကနေတစိမ့်စိမ့်စီးကြလာလေ့ရှိပါတယ် ရင်ထဲမှာလည်းမီးတောက်နေပြီး အရာရာတိုင်းဟာလဲအကျည်းတန်လို့ လောကကြီးမှာအထီးကျန်နေတတ်ပါတယ် အဲဒီအချိန်မှာတချို့ကအရက်သောက်တတ်ကြတယ် အကောင်းဆုံးအကြံတစ်ခုပေးချင်ပါတယ် အသဲကွဲရင်BLOG ဆောက်လိုက်ပါ အဲဒါကျွန်တော့ရဲထွက်ပေါက်ပါ၊

အတိတ်ဘ၀ဆိုတာတကယ်ရှိပါတယ်။

Image
The Soldier -- You may have spent your past life defending the rights of others and your country ကျွန်တော် ကိုမျက်လုံး ရဲ့Blog ကိုသွားလည်တော့အဲဒီမှာ မှန်တချပ်ကိုတွေ့တယ်။သိတယ်မဟုတ်လား ကျွန်တော်လည်းစပ်စပ်စုစု ကြည့်လိုက်တော့ အတိတ်ဘ၀ကိုကြည့်တဲ့မှန်ဖြစ်နေတယ်လေ။ ကျွန်တော့အတိတ်ဘ၀ကတော့ စစ်သားဆိုပဲ။ ခင်ဗျားအတိတ်ဘ၀ကကောဘယ်လိုဖြစ်မယ်ထင်သလဲ။ ဒီမှာမှန်တစ်ချပ်ရှိတယ်။ စိတ်ဝင်စားရင်တော့ ကြည့်ကြည့်လိုက်ပါ။

ကြက်ဟင်းခါးသီးဝိုင်

လွမ်းရက်ရှည်ကဗျာတပုဒ်ဆုံးတော့ ငါ့ရင်ထဲကတောတွေတောင် မျိုးတုန်းတော့မယ် သိပ္ပံပညာရှင်တွေကပြောကြတယ် ကမ္ဘာကြီးပူနွေးလာပြီတဲ့ ကျွန်တော်ကလည်း ပြန်ပြောမယ် ငါ့ရင်ဘတ်ကြီးမီးလောင်နေပြီလို့ပေါ့ တိကျတဲ့အဖြေတစ်ခုရခဲပေမဲ့ မီတစ်စမွှေးမိသလိုပါပဲ အချစ်အတွက် အတိုးကလည်း လည်ပင်းနစ်နေပြီ မချစ်ခဲ့ရင်ကောင်းမယ်လို့ အပြစ်ဖွဲ့နေပေမဲ့လည်း ချစ်မိတာကလည်း ငါ့အတွက်သင်္ဂါရမြောက်တဲ့ ကြက်ဟင်းခါးသီးဝိုင်တစ်ခွက်ပါပဲ။

အောင်မျိုးဟန်ဟုခေါ်သည်

ဒီကောင် ရုပ်ကလေးက အသင့်အတင့် စကားပြောက ကောင်းတယ် သရုပ်ပီအောင် ဟန်ဆောင်တတ်တော့ မိန်းခလေးအများစုအတွက် ရတက်ပွေစရာလူ ဖြစ်ခဲ့တယ် ဒီကောင် အသက်နှစ်ဆယ်ကျော်ပြီ ဂေါ်လီလုပ် စိတ်ကစားတုန်း ဒီကောင် စိတ်ကမတည်ငြိမ်နိုင်သေးတော့ လူတကာမေးငေါ့ ပြေပြန်တော့လည်းမလွတ် ဇာတ်လမ်းဆုံးတော့ အများစုကမုန်း အရှုံးတွေပဲ ကျန်ခဲ့တယ်။

ကဗျာဆရာရဲ့အလွမ်း

ကမ္ဘာတခြမ်းက ငါ့ရင်ထဲကအလွမ်းတွေ နင့်အနမ်းတွေမရမချင်း သဲသဲမဲမဲရွာနေလေရဲ့ တခါတလေ ကဗျာတွေရေးမိရင်တောင် နင်ဟန်ဆောင်ကောင်းခဲ့တာတွေ မမေ့သေးဘူး အရူးတယောက်လို ဗူးအပေါက်နဲ့ရေခပ် ကံကြမ္မာကိုယုံပြီး ဆူးကိုမွှေ့ယာလို့ထင် ငါ့အမြင်တော့ ငါ့ရင်ဟာဗလာမဟုတ် ကဗျာတစ်အုပ်စာ ခံစားချက်တွေပြည့်လို့။

”နွား”

Image
ကျွန်တော့သူငယ်ချင်းမွေးနေ့လက်ဆောင်ပေးတဲ့ကဗျာပေါ့ တကောင်က သူ့ကိုလွမ်းနေရတယ် တကောင်ကို သူက လွမ်းနေရတယ် ပြီးတော့ အလွမ်းတပိုင်းတစနဲ့ တကောင်ကောင်ကိုချစ်ဖို့ကြိုးစားနေပြန်တယ် ဆုံးမပြန်ရင်လည်း Rapတွေရွတ်ပြနေဦးမယ် တော်သေးတာပေါ့ အရှုပ်ထုပ်တွေကြားမှာ အလုပ်လေးအဖက်နဲ့ စိတ်ရင်းကောင်းလေးရှိနေသေးလို့ ဘယ်လိုပဲဖြစ်ဖြစ် ထိန်းရခက်တဲ့ ဒီ..လူ့ငနွားလေးအတွက် ချည်တိုင်ကောင်းကောင်းလေးတော့ ရှာပေးဦးမှ---------------။

ရည်းစားစကားစပြောမည့်သူများအတွက်

စကားလုံးအရိုင်းတွေနဲ့ ဖွဲ့တည်တဲ့ကဗျာတစ်ပုဒ် ISOလက်မှတ်ရမထားပါဘူး ပန်းတွေနဲ့မတင်စားဘူး ချစ်သူ မင်းအလှကိုသူတို့မမှီဘူး ကိုယ့်အချစ်ကိုလဲ မနှိုင်းပြနိုင်ဘူး..ချစ်သူ ဘယ်အရာမှယှဉ်မရလို့ လိုရင်းကိုပြောမယ် မင်းကိုချစ်တယ်

မျှော်လင့်ရင်းရူး

တို့နှစ်ယောက်ချစ်ခြင်း ဝေးသွားကြပေမဲ့ ယုံကြည်ပါတယ် မချစ်လို့ဝေးရတာမှမဟုတ် အခြေအနေကြောင့် တို့နှစ်ယောက်ဝေးရပေမဲ့ ဘယ်တော့မှမမေ့ဘူးဆိုတာ ယုံကြည်ထားပါ ကြေကွဲမှုမျက်ရည်မကျချင်လို့ အလွမ်းမိုးတွေမရွာပါနဲ့လို့ မတားချင်ပါဘူး ကံကြမ္မာရက်စက်သမျှ ကြည်ဖြူစွာခွင့်လွှတ် သံယောဇဉ်တွေနှဲ့ဆက်ချစ်လို့ အလွမ်းသံစဉ်ကြားထဲ လွမ်းမောဖွယ်အတိတ်နဲ့အတူ ထာဝရမျှော်လင့်နေဦးမယ် အလွမ်းတွေနောက် အချစ်တွေပြန်ရောက်ဦးမယ်

ချည်တိုင်

တဖက်သက်ဆန်သလို အလွမ်းဇာတ်လည်းပါရဲ့ နေစဉ်နေ့တိုင်းကြုံခဲ့သမျှ ညနေတာရင်ဖွင့်စရာက ချစ်သူရဲ့ရုပ်သေတစ်ခုသာ ရှုပ်နေသမျှ ရင်ထဲက အစဉ်အမြဲတမ်းတစရာက ဝေးတစ်နေရာက အတွေးသခင်မလေးပေါ့ ညစဉ်တိုင်းလဲအိပ်မက် စိတ်ပျက်စရာကောင်းလောက်အောင် အလွမ်းကလဲနှိပ်စက်လို့ အိပ်ပျက်ညတွေဆို တကိုယ်ရေဘ၀ထဲ ဘယ်လိုနေရမလဲ အချိန်တန်ရင် ငှက်တွေတောင်အိပ်တန်းပြန်တာပဲ ခုတော့ငါ့ရင်ထဲကအလွမ်းတွေ ဘယ်ဆီမှန်းဆလို့ ပြန်စရာချည်တိုင်ကိုပဲတောင့်တလို့

တပါတ်စာမျှော်လင့်ချက်

ဒီနေ့ကသောကြာနေ့လေ ၊ ချစ်သူ Phoneဆက်မည်နေ့ပေါ့။ညနေရုံးဆင်းရင်တော့ဘယ်မှမ၀င်ပဲ အိမ်တမ်းပြန်မှပဲ၊ဒီလိုနဲ့ရုံးဆင်းတော့ဖယ်ရီပေါ်တက် ၊ "လူကလဲမှဆုံနိုင်ဘူး၊ကြာလိုက်ကြတာ၊ဒီနေ့မှ အလုပ်တွေများနေကြလားမသိဘူးနော်" ဒီလိုနဲ့ အိမ်ရောက်တော့ 7း00 ထိုးပြီ။ချစ်သူက 7း00 ကျော်ရင် ဆက်မှာဆိုတော့မှီပါတယ်။ စောင့်နေလိုက်တာ ငိုက်သလိုလိုဖြစ်သွားတော့မှနာရီထ ကြည့်မိတယ် 9း00 တောင်ထိုးပြီးပါပေါ့လား ဒါဆိုသွားပြီ။ဒီတပါတ်အတွက် ငါမျှော်လင့်ချက်တွေရေထဲမျောသွားပြန်ပြီပေါ့။

ချစ်သူပေါ့

သူပေါ့ ကျွန်တော့အတွေးထဲ အမြဲနေရာယူထားတယ်လေ သူပေါ့ အလုပ်ပင်ပန်းလို့ပြန်လာတိုင်း အပြုံးလေးနဲ့စောင့်နေတတ်တာ သူပေါ့ဗျာ တစ်ခါတစ်ခါလဲ ကျွန်တော့မျှော်လင့်ချက်တွေကို ရိုက်ချိုးတတ်တာ သူပေါ့ဗျာ လက်တွေ့ဆန်တဲ့ကျွန်တော့ကို စိတ်ကူးယဉ်တတ်စေတာ သူပေါ့ဗျာ ခဏခဏချစ်ဖူးတဲ့ ကျွန်တော့ကို ကျွန်တော်မကြုံဖူးတဲ့ အချစ်တွေရှာတွေ့စေတာ သူပေါ့ဗျာ ................................ သူပေါ့ဗျာ ................................။

The Most I Afraid

ချစ်သူရေ ငါ့စိတ်တွေကတော့ ငှက်တကောင်လို အတောင်ကောင်ပေါက်လို့ မင်းရှိရာကိုရောက်နေတယ်။ အတိတ်ဆိုတဲ့ တို့ဆုံခဲ့တဲ့ခဏများကို လွမ်းရင်းမှန်းဆ ငါအရမ်းတမ်းတနေမိတာက ရခဲ့တဲ့မင်းရဲ့အနမ်းလေးပါ။ ခုတော့ချစ်သူ မင်းနဲ့ငါဟာ အလှမ်းဝေးကွာ ငါ့ရဲ့အသည်းတခြမ်းတောင် လွမ်းလွန်းလို့အရမ်းပဲရောင် အမှောင်ထဲမှာထိုင်မိတိုင်း ငါဘေးနားဆိုင်သူမရှိတာကို ငါလွမ်းတာဆိုင်သူမသိ ငိုင်ငူမိရင်း ပူနေမိတယ် "မင်းမေ့သွားမှာကိုလေ"
Image
တကယ်တော့ ကျွန်တော်ဆိုတဲကောင်က သိပ်ကောင်းတဲ့ကောင်တော့မဟုတ်ဘူးဗျ ။ လူတကာကတော့ ထင်မှာပဲ အောင်မျိုးဟန် ကလူကောင်းလေးပါလို့လေ။ ဟီး ပြောရရင်တော့ကိုယ့်ပေါင်ကိုလှန်ထောင်းရသလိုပါပဲ။ ကျွန်တော်က ရည်းစားများတယ်။ပွေတယ်။
Image
This is My Beloved and A Poem for Her. I Love her. AungMyoHan.