Posts

Showing posts from January, 2008

မြန်မြန်ဆုံးဖြတ်မြန်မြန်လုပ်

ထရပ်ကားမောင်းသူတစ်ဦး တောလမ်းအတိုင်း မောင်းနှင်လာစဉ် သမင်တကောင်ကို မနိုင်မနင်းထမ်းလာသော မုဆိုးတစ်ဦးကတားပြီးလမ်း ကြုံလိုက်ချင်ကြောင်းပြောသည်။ ကားသမားလည်းတောလမ်းမှာ အဖော်ရသဖြင့်တင်ခဲ့လေ၏ တောလမ်းအတိုင်း ကားကို ဂရုတစိုက် မောင်း နှင်လာရင်း လမ်းကွေ့တခုကိုအကွေ့တွင် အဖွားအို တဦးနှင့် ထိပ်တိုက်တိုးလေသည်။ ကားသမားက ညာဘက်ကိုရှောင်သည်။ အဖွားအို ကလည်းညာဘက်လိုက်ရှောင်သည်။ ကားသမားက ဘယ်ကို ပြန်စွဲ၏ အဖွားအိုလဲ လန့်၍ ဘယ် ဘက်လိုက်ရှောင်သည်။ ရှောင်ရင်းတိမ်းရင်း နောင်ဆုံးအဖွားအိုကို ပွတ်သီးလေး ကပ်ရှောင်လိုက်နိုင်၏ ။ အထိတ်တ လန့် ဖြစ်နေသော ကားသမားက ကားကိုရပ်၍ သက်ပြင်းချပြီး နောက်ကြည့်မှန်ကို ကြည့်လိုက်ရာ ဒဏ်ရာဒဏ်ချက် ဖြင့် လမ်းပေါ် လဲကြနေ သော အမယ်အို ကြီးအား တွေ့လိုက်ရာ ကားသမားလန့်၍ တုန်တက်သွားလေသည်။ ပြီးမှ ကတုန်ကရင်ဖြင့် မုဆိုးဖက်လှည့်ကြည်ရင်း မယုံကြည်စွာပြောသည်။ ဘယ်လိုဖြစ်သွားတာလဲဗျာ... မုဆိုးက ထရပ်ကားမောင်းသမားအား တပည့်ငယ်တယောက်ကိုကြည့်သလိုပြုံးပြုံးကြီးကြည့်ရင်း........ မောင်ရင် သမ္ဘာနုသေးတယ်ပြောရမယ်..ဟင်း..ဟင်း..မုဆိုးကောင်းမဟုတ်သေးဘူး..ကိုယ်သာတိတိကျကျ မှန်မှန်ကန်ကန် မဆုံးဖြတ်နိုင်ဘဲ မြန်မြန်ဆန်ဆန် မလု

ဘယ်လိုလုပ်ရမလဲ ကျွန်တော်မသိတော့ဘူး

တနေ့နေ့တော့မင်းကို သူချစ်လာမှာပါကွာ စိတ်ဓာတ်မကျပါနဲ့ ဟုတ်ပြီလား ဟာ ကွာ မင်းကလည်း သူချစ်လာတာက ဟုတ်ပါပြီ အခု ငါပြောနေတာက သူ့ကိုဘယ်လို ဖွင့်ပြောရမလဲ ဒါကိုသိချင်တာ အော် ဒါများ ဟန်လေးရယ် နင်လဲ ရည်းစားမထားဘူးတာမှ မဟုတ်တာပဲ နင်မပြောတတ်ဘူးလား ဟာ ပြောတာက လွယ်တယ်ဟ နင်တို့ကလဲ အခုက သူ့ကိုငါက ချစ်တာပဲရှိတာ သူက ငါချစ်တာကို သိမှာတောင် မဟုတ်သေးဘူး။ ပြီးတော့ ငါ့အကြောင်းတော်တော်များများကိုလဲ သူကသိပြီ်းသားလေ ငါဘယ်လိုလုပ်ပြောရဲမှာလဲ ကွ တော်ကြာ ရှင်လူယုတ်မာကြီးဆိုပြီး မုန်းပါမုန်းသွားမှဖြင့် ဟား ဟားဟား ဟန်လေးရာ မင်းကလဲကွာ မင်းပဲအမြဲပြောနေပြီးတော့ One go Two Come ဆို ဘယ်လိုဖြစ်တာလဲ ခုမှ မုန်းမှာဆိုးရတာ နဲ့ ဘာနဲ့။ အေးကွာ ငါသူ့ကိုချစ်တာ ဘယ်လိုကြီးလဲမသိဘူးကွ ဖွင့်ပြောပြီးလို့ ချစ်သူတွေဖြစ်ပြီးပျော်ရမှာထက် တော်ကြာငါပြောလိုက်မှ ခုလို အခင် အမင်လေးပါ ပျက်သွားရင် ဘယ်လို လုပ်ရပါ့မလဲ ဆိုတာကို ပိုတွေးကြောက်နေတယ်ကွာ။ အေးဟယ်နင့်ဒုက္ခကလည်း ထတုန်းကအကောင်း ထိုင်တော့မှ ကျိုးမှန်းသိ ဆိုသလို ဖြစ်နေပြီ ဟာ။ အရူးမ စကားပုံတွေ ပြောင်းပြန်ဖြစ်ကုန်ပြီ တော်ကြပါတော့ကွာ မင်းတို့ကတမျိုး ဘယ်လိုလုပ်ရမလဲဗျာ ကျွန်တော်သူ့ ကိုအရင်က မချစ်ဖူးထင်

သတိုးသမီးအလိုရှိသည်။

သတိုးသမီးတဦးအလိုရှိသည်။ တနေ့နေ့တချိန်ချိန်တွင် သုဝဏ အားကစားကွင်းတွင်ကျင်းပမည့် မင်္ဂလာ အခန်းအနားအတွက် လိုအပ်နေသော သတိုးသမီး ရာထူးတနေရာစာအတွက် စိတ်ပါဝင်စားသူများလျှောက်ထားနိုင်သည်။ အသေးစိတ်ကိုအောက်တွင် လေ့လာနိုင်သည်။ အခန်းအနားပုံစံ။ ။ သုဝဏ ဘောလုံးကွင်းအတွင်း စားပွဲဝိုင်းအမြောက်အများချ၍ မုန့်ဟင်းခါး အ၀ကျွေးမည်။ိဖိတ်စာ ။ ။ မြေနီကုန်း၊၈မိုင် ကဲ့သို့သော လမ်းဆုံလမ်းခွများတွင် ဘုတ်ထောင်မည် ခံစားခွင့်။ ။ တသက်စာစိတ်အေးစေရမည်။ အေးအတူပူအမျှနေနိုင်သူကို ဦးစားပေးမည်။ စိတ်ပါဝင်စားသူများသည် ရဲစခန်းထောက်ခံစာ။ အဓိက မိဘခွင့်ပြုချက် ပါရမည်။ ဤကြော်ငြာပါ ပါသည့်နေ့မှ (၇) ရက်အတွင်း myohan006@gmail.com သို့လျှောက်ထားနိုင်ပါသည်။

အုံပုန်းရဲ့ အရဲစွံ့မှု

ဟိုတနေ့က တွေ့လိုက်တယ် မင်းသိပ်လှတယ် ကောင်မလေးရေ ငါ့ရင်ထဲ ကရေလှိုင်းတချို့တောင် ပိုပြီးတော့ ဘောင်ဘင်ခတ်သွားစေတယ် ဟန်ဆောင်နေရတာ ပင်ပန်းလိုက်တာ တခါတခါ ကိုယ့်ကို ကိုယ်တောင် စိတ်မရှည်နိုင်တော့ဘူး မတွေ့ရတဲ့ ရက်တွေ ရက်တွေ များလာခဲ့ ပြီ မင်းနဲ့ဝေးရမယ့် ရက်တွေလဲ တဖြည်းဖြည်းနီးလာခဲ့ပြီ ပြီးပြည့်စုံတဲ့ အချစ် ရချင်ပါပြီကွယ် ဒါပေမဲ့လဲ ဖွင့်ပြောဖို့ အားမရှိသူပါ ဖွင့်ပြောဖို့ကြောက်နေခဲ့သူပါ တိတ်တိတ်လေး ချစ်နေခဲ့သူပါ သူများဦးသွားမှပဲ ချုံးပွဲချ ငိုရတော့မှာပဲ ကိုယ်ကမှမပြောရဲတာကိုး ချစ်သူတွေမဟုတ်ပဲ လွမ်းနေရတာ ဒီတခါ တော်တော်ဆိုးပါလား အမျိုးမျိုးနှိပ်စက်တတ်တဲ့ ဒီအချစ်ဆိုတာကလည်း ငါ့အပြစ်တွေ မှာ ငါ့ ကို မျက်နှာငယ်စေခဲ့ပြီကိုး ယောင်ရမ်းပြီး နံပါတ်တွေကိုနှိပ် တိတ်တိတ်လေး ပြန်ဖိထားခဲ့ မိတဲ့ခလုပ်ကလေးရယ် ရေးလက်စ ဒိုင်ယာရီလေးရယ် ဆိုနေကြသီချင်းတွေရယ် တွေ့ဆုံချိန်မှာ ခုန်နေတဲ့ ရင်ရယ် သူတွေ့နိုင် ။ သူကြားနိုင်။ သူသိနိုင်မယ် ဆိုရင်တော့ ..............

ကိုယ်ကောင်းရင်ခေါင်းမရွေ့ပါဘူး

သေလွန်ပြီး၍ ကောင်းကင်ဘုံတွင် စိန့်ပီတာ၏ အစစ်အဆေး ခံရန်စောင့်ဆိုင်းနေကြ သူ သုံးဦးရှိပါသည်။ စိန့်ပီတာက ပထမတဦးကို စတင်စစ်ဆေးပါသည်။ မောင်မင်း လူ့ဘ၀တုန်းက အိမ်ထောင်ရေးဖောက်ပြန်ဖူးလား... ဟုတ်ကဲ့ ဖောက်ပြန်ဖူးပါတယ်.. အေး ဒါဆိုကောင်းကင်ဘုံမှာစီးဖို့လေးဘီးကားလေးပဲရမယ်.. နောက်တယောက်လာစမ်း မင်းရော အိမ်ထောင်ရေးဖောက်ပြန်ဖူးလား ဟုတ်ကဲ့ ဘယ်နှကြိမ်လဲကွ...... နှစ်ကြိမ်ထဲပါ.. အေးဒါဆိုရင်တော့ SE Saloon ပေးရမယ် ရော့သော့ နောက်တယောက် သင်ရော လူ့ဘ၀တုန်းက အိမ်ထောင်ရေးဖောက်ပြန်ဖူးလား ... စိန့်ပီတာခင်ဗျား ကျွန်တော်တခါမှ မဖောက်ပြန်ဖူးပါဘူး ခင်ဗျား.... ဟေ မင်းကတယ်ဟုတ်ပါလား ဒါဆိုရင် မင်းစီးဖို့ ဇိမ်ခံမာစီဒီး ကားသစ်ကြီးယူစေဗျား.. ဟုတ်ပြီလား ဤသို့ဖြင့်ထိုလူသုံးယောက်လဲ မိမိရထိုက်သော ကားကိုယ်စီပေါ်တက်၍ တယောက်ကိုတယောက် နှုတ်ဆက်၍ မာစီဒီး ကားသစ်နှင့် ကို တည်တံ့ က ရှေ့ဆုံးကနေ ၍ ၀င်ကြွားစွာမောင်းထွင်သွားလေ၏ ပထမလူနှင့် ဒုတိယလူတို့က ကားစုတ်ကလေးများနှင့် ကုတ်ကုတ် က လေး လိုက်မောင်းသွားကြလေသည်။ တနေ့ သွားရင်းလာရင်း ထိုသုံးဦး ကောင်းကင်ဘုံ ၏ မီးပွိုင့် တခုတွင်ဘေးချင်းကပ်ျှုံတွေ့ကြလေ၏ ။ ထိုအခါ မာစီဒီးပေါ်မှ ကိုတည်တံ ၏ မျက်နှမှာ င

ကင်းခြေများရဲ့အဖြစ်

ကြမ်းပိုး၊ပင့်ကူ၊ပိုးဟတ် နှင့် ကင်းခြေများ တို့ ပျော်ပွဲစားနေကြသည်။ ကြမ်းပိုးက... ကဲ...တို့ဘော်ဒါတွေ ဆုံတုန်းလေး ဘီယာလေးဘာလေး သောက်ရရင်ကောင်းမှာပေါ့ အေးကွာ..စကားပြောကောင်းသွားတာပေါ့ ကဲ..ဒါဆိုဘယ်သူသွားဝယ်မလဲ..တယောက်ယောက် တာဝန်ယူလိုက်ရင်ကောင်းမယ်နော် ပင့်ကူက စဉ်းစဉ်းစားစား နဲ့ပြောသည်။ လူဆိုတာ ခြေနှစ်ချောင်း..မြင်းကခြေလေးချောင်း..ခြေနှစ်ေိချာင်းထင်ကို ခြေလေးချောင်းက ပိုများလဲများတယ် မြန်လဲမြန်တယ်..ဒီတော့ ငါတို့အထဲမှာခြေအများဆုံး ကင်းခြေများ က သွားဝယ်ပေါ့..ဟုတ်လား ကင်းခြေများက သူ့သူငယ်ချင်းများကို ကြည့်ပြီး.. ကောင်းပြီလေ ဘော်ဘော်တို့ ဆန္ဒရှိရင်လဲ ကိုသွားပါ့မယ်..ဟုတ်ပြီလား.... ဟုဆို၍ ထထွက်သွားလေသည်။ သူငယ်ချင်းများက စားသောက်ရင်း စောင့်နေကြသည်။ နှစ်နာရီခန့်ကြာသည် ကင်းခြေများက ပြန်မလာသေး။သူငယ်ချင်းများကစောင့်ရင်း စားကြသည်မှာ ဗိုက်ကလည်းတင်း စားစရာကလည်း ကုန်သလောက်ရှိနေပြီ။ ပိုးဟပ်က စိတ်ပျက်စွာပြောသည်။ ကင်းခြေများကလည်းကွာ နာမည်နဲ့လိုက်အောင် ဘယ်များသွားခြေများနေပါလိမ့် ဟုတ်ပါ့ကွာ ဒီကောင်ကြီး ခိုင်းလိုက်ရင် ဒီအတိုင်းပဲ ဘ်ာတော့မှာဖြောင့်ဖြောင့်တန်းတန်း မသွားဘူး... ပိုးဟပ်စကားကို ပင့်ကူကထောက်ခံ၏ ။ ကြမ

တောင်မရောက်မြောက်မရောက်

လွမ်းစမ်းလွမ်းစမ်း ဟေ့ကောင် ဟိုအရင်ကလို လွမ်းစမ်း ခုမှ စိတ်နာသလိုလို မုန်းတီးသလိုလို မလုပ်နဲ့ အရင်ကတော့ `ပစ်ခွာသွားရင်တောင် မေတ္တာထားပါ့မယ်´ ဆို အေးလေ ငါကချစ်တာမှားတာကိုး ချစ်လွန်းရင် ရူးရတတ်တယ် အေးရူးပြီးရင်တော့ မင်း........ နေဦး မင်းဘ၀အတွက် ဘာလုပ်ပြီးပြီလဲ မင်းအမေစိတ်ချမ်းသာအောင် ဘယ်နှခါနေပြီးပြီလဲ မင်းအဖေ မျှော်လင့်တာတွေ ဖြစ်အောင်လုပ်ပြီးပြီလား အေး အဲဒီထဲက တခုလောက် ပြီးရင်တော့ မင်း လူ့ဘ၀မှာနေရတာ တန်ပြီ

အမူးသမားရဲ့ အရူးကဗျာ

ငါ့အလွမ်းတွေမှာ ညတွေတောင်ဖြစ်လို့ပါလား ရင်ထဲက တောအုပ်တွေတောင် မျိုးတုန်းလုနီးနီးဖြစ်ခဲ့ရပြီ မိုးခေါင်နေပြီပေါ့လေ အော် အချစ်သစ်တွေ့တယ်တဲ့လား ငါကတော့ အော်ဟစ်ရယ်မောလို့မင်းရှေ့တော်မှောက်က ပြေးထွက်လာခဲ့တယ် မျက်ရယ်တွေ နဲ့လေ ၀မ်းသာလွန်းလို့ကြတာပါကွယ် ဘာပဲဖြစ်ဖြစ်ပေါ့ ဘယ်ဘ၀မှာမှာ မင်းနဲ့ပြန်မဆုံပါရစေနဲ့လို့ ဘုရားသခင်ဆီမှာ အားရပါးရ ဆုတွေတောင်တောင်းခဲ့သေးရဲ့ အရင်ကပြောခဲ့သလို ငါကချစ်တာမှားတာကိုး ထားပါလေ သူများကိုသွားပြောတော့လဲ အတင်းဖြစ်နေဦးမယ် ကိုယ့်ကိုကိုယ်ပဲပြောတော့မယ် ဟေ့ကောင် ဒီမှာ `မင်းကိုက သောက်သုံးမကျတာကွ´

Blogger များအတွက်

ဒီနေ့ Internet ဂျာနယ်ဝယ်ဖတ်ဖြစ်တယ် အဲဒီမှာ တစ်ခုသတိထားမိတာက Blog roll ဆိုတဲ့ အပိုင်းလေး အဲဒီမှာ ညီလင်းဆက်ရဲ့ Post တွေထဲ က တခုကိုကောက်နှုတ်ဖော်ပြထားတယ်ဗျ။ ကျွန်တော်ကတော့ အဲဒီအစီအစဉ်ကို ကောင်းတယ်လို့ မြင်တယ်။ Blog တွေကို ခက်ခက်ခဲခဲ ၀င်ဖတ်နေသေးတဲ့ Reader တွေရှိသလို မဖတ်ဖြစ်တဲ့ သူတွေ အတွက် လဲ ဒါလေးတွေဖတ်လို့ရတော့ ကောင်းတာပေါ့ဗျာ။ ကျွန်တော်တို့တတွေ အသက်ဆက်ရှင်နေသေးတယ်ဆိုတာ လဲ တနည်း အသိပေးရာရောက်တာပေါ့။ ခုတော့ ဘယ်နေရာရောက်ရောက် Blog တွေအကြောင်း ပြောသံကြားနေရတယ်။ နောက်တခုသတိထားမိတာက ခုတလော Blogger တွေ Post အတင်နည်းသွားသလိုပဲ Myanmar Blogger တွေကို ပြောတာ နော် 2008 ရောက်လာပြီးနောက်ပိုင်း Newyear ကိုက်နေကြတာလားတော့မသိဘူး တချို့ Blog တွေမှာ ဆို POST အသစ် မတက်တာ အတော်ကြာပြီ ကျွန်တော်အပါအ၀င်ပေါ့လေ။ ဒီလိုပြောလို့ ဆရာကြီးလုပ်တယ်လို့မထင်ကြပါနဲ့ဦး ကျွန်တော်က POST အသစ်လေးတွေဖတ်ချင်လို့ ပြောတာပါ။ ကျွန်တော်လဲ ဒီနေ့ကစပြီး POST မှန်မှန်တင်ဖြစ်မှာပါ။ သူငယ်ချင်းတွေလဲ ပြောက်နေတာအတော်ကြာပြီဆိုတော့ လာကြပါဦးလို့ ပြောချင်ပါတယ်။ Blogger အားလုံးကိုယ်စိတ်နှလုံး ရွှင်ပြုံးနိုင်ကြပါစေလို့ ဆုမွန်ကောင်းတောင်းလိုက်ပါတ

ကျွန်တော့ရဲ့တစ်ခန်းရပ်ဇာတ်လမ်း

ညီမလေး သိပ်ရက်စက်တယ်လို့ မပြောရက်ခဲ့ပါဘူးကွယ် ဒီလိုမျိုးတွေဖြစ်လာလိမ့်မယ်ဆိုတာ အစတည်းက ကြိုတင်မျှော်လင့်ထားပြီးသားပါ ဒါဆိုဘယ်သူမှားခဲ့သလဲ။ ကိုယ်ထင်တယ် မင်းနဲ့ ဆုံတွေ့ခွင့်ပေးခဲ့တဲ့ ကံကြမ္မာရဲ့အမှား နောက် ယုံကြည်မှုတွေထားပြီး ချစ်ခဲ့မိတဲ့ ကိုယ့်ရဲ့အမှားပါပဲ။ ဒီတခေါက်မန္တလေးမြို့ကို လာရတာ စိတ်ထဲမှာလေးလံနေသလိုခံစားရတယ်။ကားပေါ်က ဆင်းဆင်း ချင်းဗိုက်ဖြည့်ဖို့လဘက်ရေဆိုင်ထဲဝင်ကတည်းကံမကောင်းဘူးလေ တကယ် ဘာဆိုဘာမှကိုမရ တောဘူးတဲ့ တကယ်ပါပဲ စိတ်ကိုညစ်ရော အေးလေ ရောင်းကောင်းတဲ့ဆိုင် တွေဆို တော့ လဲ နေပစေပေါ့။မစားဘူး။ စိတ်ကသိပ်မကြည်တော့ဘူး။ စိတ်ညစ်ညစ်နဲ့ ကားလမ်း ကူးတော့မှပဲ စတွေ့တာ ဆိုင်ကယ်တစင်းက အရှိန်တော်တော်များများနဲ့မောင်းလာတာ ရှောင်မရတိမ်းမရနဲ့ တိုက်ပါလေရော တော်တေးတာပေါ့ဗျာ အိတ်ကိုတိုက်မိလို့ ဒါပေမဲ့လဲ လူကတော့လဲတာပါပဲဗျ စိတ်ထဲမှာ တင်းခနဲဖြစ်သွားပြီး ဒေါသများစွာနဲ့အော်မယ်ဟောက်မယ် လုပ်ပြီးကြည့်လိုက်မိတော့ မှ ကောင်မလေးတယောက် ဖြစ်နေတော့ ယောင်္ကျားလေး ပီပီ ကိုယ်က ပဲ ပြန်မေးလိုက်ရတယ် ညီမလေးဘယ်နားနာသွားလဲ မင်းကအရမ်းမောင်းလာတာကိုးကွ ဟာဗျာ ခင်ဗျားကနောက်မကြည့်ပဲ ဖြတ်ကူးပြီးတော့ တိုက်တာပေါ့ဗျ ခုမှသေချာကြည့်မိတယ်