Posts

Showing posts from January 28, 2008

အုံပုန်းရဲ့ အရဲစွံ့မှု

ဟိုတနေ့က တွေ့လိုက်တယ် မင်းသိပ်လှတယ် ကောင်မလေးရေ ငါ့ရင်ထဲ ကရေလှိုင်းတချို့တောင် ပိုပြီးတော့ ဘောင်ဘင်ခတ်သွားစေတယ် ဟန်ဆောင်နေရတာ ပင်ပန်းလိုက်တာ တခါတခါ ကိုယ့်ကို ကိုယ်တောင် စိတ်မရှည်နိုင်တော့ဘူး မတွေ့ရတဲ့ ရက်တွေ ရက်တွေ များလာခဲ့ ပြီ မင်းနဲ့ဝေးရမယ့် ရက်တွေလဲ တဖြည်းဖြည်းနီးလာခဲ့ပြီ ပြီးပြည့်စုံတဲ့ အချစ် ရချင်ပါပြီကွယ် ဒါပေမဲ့လဲ ဖွင့်ပြောဖို့ အားမရှိသူပါ ဖွင့်ပြောဖို့ကြောက်နေခဲ့သူပါ တိတ်တိတ်လေး ချစ်နေခဲ့သူပါ သူများဦးသွားမှပဲ ချုံးပွဲချ ငိုရတော့မှာပဲ ကိုယ်ကမှမပြောရဲတာကိုး ချစ်သူတွေမဟုတ်ပဲ လွမ်းနေရတာ ဒီတခါ တော်တော်ဆိုးပါလား အမျိုးမျိုးနှိပ်စက်တတ်တဲ့ ဒီအချစ်ဆိုတာကလည်း ငါ့အပြစ်တွေ မှာ ငါ့ ကို မျက်နှာငယ်စေခဲ့ပြီကိုး ယောင်ရမ်းပြီး နံပါတ်တွေကိုနှိပ် တိတ်တိတ်လေး ပြန်ဖိထားခဲ့ မိတဲ့ခလုပ်ကလေးရယ် ရေးလက်စ ဒိုင်ယာရီလေးရယ် ဆိုနေကြသီချင်းတွေရယ် တွေ့ဆုံချိန်မှာ ခုန်နေတဲ့ ရင်ရယ် သူတွေ့နိုင် ။ သူကြားနိုင်။ သူသိနိုင်မယ် ဆိုရင်တော့ ..............