Posts

Showing posts from February 29, 2008

ချစ်နေပါရစေ

ဘ၀ကတိုတိုလေးပါကွာ ငါ့ဘ၀ရဲ့နေညိုချိန်ကလည်း မကြာခင်လာတော့မှာ မင်းဘာကိုတွေးနေတာလဲ ငါဘာကိုတန်ဖိုးထားတာလဲ မင်းမသိခဲ့တာလား မင်းမသိသေးတာလား မင်းမသိချင်ယောင်ဆောင်နေခဲ့တာလား ဘာပဲဖြစ်ဖြစ် ခုငါသောက်နေတဲ့ စီးကရက်တလိပ်မကုန်ခင်မှာတောင် ငါသေသွားနိုင်တာကို မင်းမေ့မထားနဲ့ဦး ငါမသေခင်လေးတော့ မင်းကို ချစ်နေခွင့်ရချင်ပါတယ် တကယ်ပြောတာပါ ငါမသေခင်နောက်ဆုံးအချိန်ထိ မင်းကိုချစ်နေပါရစေ......

ဘာလိုသေးလဲ

ငါ့စိတ်မှာ ငါတို့ရှေ့ရေးကို အမြဲတွေးဖြစ်နေတယ် ငါ့အတွေးမှာ မင်းအကြောင်းတွေအမြဲ နေရာယူတယ် ငါ့ဦးနှောက်က မင်းကိုအမြဲ တန်ဖိုးထားနေတယ် ငါ့နှလုံးသားမှာ မင်းအတွက်အချစ်တွေ အမြဲသစ်သစ်နေတယ် ငါ့ရင်မှာ မင်းဟာဘုရင်မ တပါးလိုနေရာယူထားပြီးရှိနေတယ် ကဲ ဘာလိုသေးလဲ ချစ်သူ မင်းဟာ ငါ့ဘ၀ရဲ့ အကြီးမားဆုံး အချစ်တန်ခိုးရှင် နတ်သမီးပဲ

ရင်ဆိုင်မယ်

ငါတန်ဖိုးထားတဲ့ ချစ်ခြင်းတွေဟာ ငါ့ရင်မှာ အကြောက်တရားမရှိ စိုးရွံ့ခြင်းကင်းမဲ့စွာ တွယ်ငြိတယ် လာပါကွယ် တို့လက်တွေခိုင်ခိုင်မြဲတွဲလို့ ရှေ့ကိုတိုးထွက်ကြမယ်လေ ဟိုးရှေ့မှာ ခပ်ဝါးဝါးမြင်ရတယ် ဒုက္ခလား....သုခလား? သမုဒယများနဲ့ ဖြတ်ကျော်မယ် သံယောဇဉ်တွေချည်နှောင်လို့ နားလည်မှုနဲ့ တို့တွေခရီးဆက်စို့ ဟေ့....လောကဓံရေ့ ငါစိန်ခေါ်ပါရဲ့....................။