Posts

Showing posts from September 7, 2007

ကြက်ဟင်းခါးသီးဝိုင်

လွမ်းရက်ရှည်ကဗျာတပုဒ်ဆုံးတော့ ငါ့ရင်ထဲကတောတွေတောင် မျိုးတုန်းတော့မယ် သိပ္ပံပညာရှင်တွေကပြောကြတယ် ကမ္ဘာကြီးပူနွေးလာပြီတဲ့ ကျွန်တော်ကလည်း ပြန်ပြောမယ် ငါ့ရင်ဘတ်ကြီးမီးလောင်နေပြီလို့ပေါ့ တိကျတဲ့အဖြေတစ်ခုရခဲပေမဲ့ မီတစ်စမွှေးမိသလိုပါပဲ အချစ်အတွက် အတိုးကလည်း လည်ပင်းနစ်နေပြီ မချစ်ခဲ့ရင်ကောင်းမယ်လို့ အပြစ်ဖွဲ့နေပေမဲ့လည်း ချစ်မိတာကလည်း ငါ့အတွက်သင်္ဂါရမြောက်တဲ့ ကြက်ဟင်းခါးသီးဝိုင်တစ်ခွက်ပါပဲ။

အောင်မျိုးဟန်ဟုခေါ်သည်

ဒီကောင် ရုပ်ကလေးက အသင့်အတင့် စကားပြောက ကောင်းတယ် သရုပ်ပီအောင် ဟန်ဆောင်တတ်တော့ မိန်းခလေးအများစုအတွက် ရတက်ပွေစရာလူ ဖြစ်ခဲ့တယ် ဒီကောင် အသက်နှစ်ဆယ်ကျော်ပြီ ဂေါ်လီလုပ် စိတ်ကစားတုန်း ဒီကောင် စိတ်ကမတည်ငြိမ်နိုင်သေးတော့ လူတကာမေးငေါ့ ပြေပြန်တော့လည်းမလွတ် ဇာတ်လမ်းဆုံးတော့ အများစုကမုန်း အရှုံးတွေပဲ ကျန်ခဲ့တယ်။

ကဗျာဆရာရဲ့အလွမ်း

ကမ္ဘာတခြမ်းက ငါ့ရင်ထဲကအလွမ်းတွေ နင့်အနမ်းတွေမရမချင်း သဲသဲမဲမဲရွာနေလေရဲ့ တခါတလေ ကဗျာတွေရေးမိရင်တောင် နင်ဟန်ဆောင်ကောင်းခဲ့တာတွေ မမေ့သေးဘူး အရူးတယောက်လို ဗူးအပေါက်နဲ့ရေခပ် ကံကြမ္မာကိုယုံပြီး ဆူးကိုမွှေ့ယာလို့ထင် ငါ့အမြင်တော့ ငါ့ရင်ဟာဗလာမဟုတ် ကဗျာတစ်အုပ်စာ ခံစားချက်တွေပြည့်လို့။