Posts

Showing posts with the label MY DIARY

ဒီဇင်ဘာရဲ့နောက်ဆုံးည@ ၂၀၀၈ ရဲ့ နောက်ဆုံးည

Image
အရမ်းချစ်စရာကောင်းတဲ့ ကျွန်တော့် ရဲ့ ချစ်သူလေးနဲ့ အတူ ဖြတ်သန်းခဲ့တဲ့ အဲဒီ ဒီဇင်ဘာရဲ့နောက်ဆုံးည လေးပေါ့ဗျာ။ ရင်ခုန်သံတွေ သာကြားရတဲ့ အချိန် နာရီလက်တံလေး နှစ်ချောင်းထပ်သွားတဲ့ အခါမှာ "Happy New Year" လို့ နှစ်ယောက်ပြိုင်တူအော်ခဲ့ကြတယ်လေ။နောက် နှုတ်ခမ်းတွေထက်အနမ်းတွေ ကြွေ ။ အပြင်မှာ နှင်းပွင့်တွေ ဖြာဆင်း အဆင်းလှတဲ့ ဒီဇင်ဘာညလေးပေါ့ဗျာ။ အေးစက်တဲ့ ဆောင်းကို အံတုဖို့ သူ့ကိုယ်ငွေ့နွေးနွေလေးက လုံလောက်နေတယ်။ သြော်ဒီဇင်ဘာရယ် နောက် ၂၀၀၈ ခုနှစ်ကြီးရယ် မင်းတို့ ဟာ ငါ့ အတွက်တော့ အမှတ်တရများစွာနဲ့ ဖြတ်သန်းသွားခဲ့တဲ့ ဘ၀မှတ်တိုင်တစ်ခုပါပဲကွာ။ ၂၀၀၈ ခုနှစ် ဇန်န၀ါရီ ၂၅ သူနဲ့ကျွန်တော်ရဲ့ စတင်ရာနေ့တစ်နေ့ အဖြစ် သတ်မှတ်မယ်လေ။ အဲဒီ Dinner ညလေးပေါ့ ၂၀၀၈ ဖေဖော်ဝါရီလ ၆ ရက် သူ့လက်ဖျားလေးတွေ ကို စတင်ထိတွေ့ခဲ့တယ် ၂၀၀၈ ဧပြီလ ၁၀ ရက် သူ့ကို ကျွန်တော့ရင်ခွင်ထဲမှာထားခြင်းဖြင့် ကျွန်တော့ဘ၀တစ်ခုလုံးရဲ့လုံခြုံရာနေရာတစ်ခုကို ရှာတွေ့ခဲ့ပြီ။ ကျွန်တော်တို့တစ်တွေ ပေါင်းစည်းခဲ့ကြပြီ။ ၂၀၀၈ ဂျူလိုင် ၇ ရက် ပထမဦးဆုံး သူ့ဆီက ရခဲ့တဲ့ လက်ဆောင် ကျွန်တော့်ဘ၀မှာ အလိုချင်ဆုံးနဲ့ အကျေနပ်ဆုံး ၂၀၀၈ ဂျူလိုင် ၃၁ ရက် ကျွန...

အိပ်မက်တခုအကြောင်း

အချိန်။ ။ ညနေ နေ၀င်ရီတရော (သို့) မနက်အာရုံတက်စ အချိန် ဖြစ်နိုင်သည်။ သို့သော် ကျွန်တော့်ဦးနှောက်ကြီး၏ အသိတွင် အရာအား လုံးကို ထင်ရှားစွာ တွေ့မြင်နိုင်၍ ကျွန်တော့်ကို ကျွန်တော်ပင် မြင်ရသည်။ နေရာ။ ။ အိပ်မက်တခု၏ဖြစ်တည်ရာနေရာ ဖြစ်သည်။ ကမ္ဘာ၏တနေရာရာ သို့မဟုတ် ကမ္ဘာ့အပြင်ဘက်တွင်လည်းဖြစ်နိုင်သည်။ သို့သော်လတ်ဆတ်သော လေကို ရှုရှိုက်မိ၏။ ပါဝင်သူများ။ ။ သူစိမ်းမိန်းမတယောက် ၊ သူစိမ်းယောက်ျားတယောက် (ကျွန်တော့်ချစ်သူ၏ ပထမချစ်သူ အဖြစ် ကျွန်တော့်ဦးနှောက်က အလိုလိုသိ၏) ၊ ကျွန်တော် နှင့် ကျွန်တော့်ချစ်သူ။ သူစိမ်းမိန်းခလေးတယောက်လမ်းပေါ်တွင်ပြေးနေ၏ ။ အလွန်လျှင်မြန်စွာပြေးနေ၏ ။ ထိုနောက်သို့ အသည်းအသန်ပြေးလိုက်နေသူ တယောက်မှာကား ကျွန်တော့်ချစ်သူ၏ ပထမချစ်သူ အဖြစ် ကျွန်တော့်ဦးနှောက်က အလိုလိုသိသော သူစိမ်းယောက်ျားတယောက် ဖြစ်သည်။ ၄င်း၏လက်ထဲတွင် ချွန်ထက်သော ထိုးမိလျှင်သေစေနိုင်ခြင်းမရှိ ဟု ကျွန်တော့်ဦးနှောက်က အလိုလို သိသော လက်နက် ဆန်ဆန် အရာတခုကိုကိုင်တွယ်ထားသည်ကို မြင်တွေ့ရသည်။ ၄င်းတို့နှစ်ဦးအနောက်တွင် ကျွန်တော့်၏ ချစ်သူ အပြေးတပိုင်းခြေလှမ်းများဖြင့်လှမ်းလာနေသည်။ ထိုနေရာသို့ နောက်ကျစွာ ကျွန်တော်ရောက်လာခဲ့ေ...

တပါတ်စာမျှော်လင့်ချက်

ဒီနေ့ကသောကြာနေ့လေ ၊ ချစ်သူ Phoneဆက်မည်နေ့ပေါ့။ညနေရုံးဆင်းရင်တော့ဘယ်မှမ၀င်ပဲ အိမ်တမ်းပြန်မှပဲ၊ဒီလိုနဲ့ရုံးဆင်းတော့ဖယ်ရီပေါ်တက် ၊ "လူကလဲမှဆုံနိုင်ဘူး၊ကြာလိုက်ကြတာ၊ဒီနေ့မှ အလုပ်တွေများနေကြလားမသိဘူးနော်" ဒီလိုနဲ့ အိမ်ရောက်တော့ 7း00 ထိုးပြီ။ချစ်သူက 7း00 ကျော်ရင် ဆက်မှာဆိုတော့မှီပါတယ်။ စောင့်နေလိုက်တာ ငိုက်သလိုလိုဖြစ်သွားတော့မှနာရီထ ကြည့်မိတယ် 9း00 တောင်ထိုးပြီးပါပေါ့လား ဒါဆိုသွားပြီ။ဒီတပါတ်အတွက် ငါမျှော်လင့်ချက်တွေရေထဲမျောသွားပြန်ပြီပေါ့။