Posts

Showing posts from March 5, 2008

တနေ့နေ့

ကံရေပြင်ကိုကြည့်ငေး တယောက်နဲ့တယောက် ပိုက်ထွေးရင်းနဲ့ လွမ်းဆွေးရမယ့်အချိန်တွေကို တို့တွေပြင်ဆင်နေကြရတယ် အနမ်းတွေဝေဖြာ ရမ္မက်မပါခဲ့ပေမယ့် တသက်စာအတွက် မလုံလောက်သေးပါကွယ် မဝေးတဲ့တနေ့ တင်းကျပ်စွာထွေးပွေ့ရင်း အတွေးရတက်သက်ပြင်းတွေကို အကြိမ်ကြိမ်ချလို့ မှိန်ပြပြလရောင်မသာတဲ့ ညအမှောင်ကြီးစိုးတာကိုမေ့ တို့တွေရဲ့ တနေ့နေ့.....တနေ့နေ့......//