Posts

Showing posts from February 13, 2008

ရိုးမြေကျ

Image
တို့တွေဘ၀ ရိုးမြေကျတဲ့ထိပေါ့................. ချစ်သူ ဒီကဗျာဖတ်ပြီးရင် မင်းမျက်နှာမှာ ရှက်သွေးဖြာပါစေ ကိုယ့်ရင် ရတက်မအေးနိုင်တာ ဒီတသက် မဝေးရဖို့ပဲလေ နွေးထွေးတဲ့နေ့တွေ ကို စိတ်မှာလွမ်းနေရုံလေးနဲ့တော့ အချစ်တွေ ထပ်သစ်လာမယ် မထင်ဘူးလေ ဒါပေမယ့် အနမ်းတွေ ဝေခဲ့တဲ့ နေ့ကိုတော့ မမေ့စေလိုဘူးကွယ် တွေ့နေကြနေရာလေးတွေဟာ မနက်ဖြန်ရဲ့အတိတ်မှာ ကျန်ခဲ့ပေမယ့် ခုလက်ရှိအသိမှာတော့ အဓိကက ကိုယ်အနားကို တသက်စာအတွက် မင်းကိုပဲဖက်တွယ်ထားမယ် တို့တွေဘ၀ ရိုးမြေကျတဲ့ထိပေါ့

အိပ်မက်တခုအကြောင်း

အချိန်။ ။ ညနေ နေ၀င်ရီတရော (သို့) မနက်အာရုံတက်စ အချိန် ဖြစ်နိုင်သည်။ သို့သော် ကျွန်တော့်ဦးနှောက်ကြီး၏ အသိတွင် အရာအား လုံးကို ထင်ရှားစွာ တွေ့မြင်နိုင်၍ ကျွန်တော့်ကို ကျွန်တော်ပင် မြင်ရသည်။ နေရာ။ ။ အိပ်မက်တခု၏ဖြစ်တည်ရာနေရာ ဖြစ်သည်။ ကမ္ဘာ၏တနေရာရာ သို့မဟုတ် ကမ္ဘာ့အပြင်ဘက်တွင်လည်းဖြစ်နိုင်သည်။ သို့သော်လတ်ဆတ်သော လေကို ရှုရှိုက်မိ၏။ ပါဝင်သူများ။ ။ သူစိမ်းမိန်းမတယောက် ၊ သူစိမ်းယောက်ျားတယောက် (ကျွန်တော့်ချစ်သူ၏ ပထမချစ်သူ အဖြစ် ကျွန်တော့်ဦးနှောက်က အလိုလိုသိ၏) ၊ ကျွန်တော် နှင့် ကျွန်တော့်ချစ်သူ။ သူစိမ်းမိန်းခလေးတယောက်လမ်းပေါ်တွင်ပြေးနေ၏ ။ အလွန်လျှင်မြန်စွာပြေးနေ၏ ။ ထိုနောက်သို့ အသည်းအသန်ပြေးလိုက်နေသူ တယောက်မှာကား ကျွန်တော့်ချစ်သူ၏ ပထမချစ်သူ အဖြစ် ကျွန်တော့်ဦးနှောက်က အလိုလိုသိသော သူစိမ်းယောက်ျားတယောက် ဖြစ်သည်။ ၄င်း၏လက်ထဲတွင် ချွန်ထက်သော ထိုးမိလျှင်သေစေနိုင်ခြင်းမရှိ ဟု ကျွန်တော့်ဦးနှောက်က အလိုလို သိသော လက်နက် ဆန်ဆန် အရာတခုကိုကိုင်တွယ်ထားသည်ကို မြင်တွေ့ရသည်။ ၄င်းတို့နှစ်ဦးအနောက်တွင် ကျွန်တော့်၏ ချစ်သူ အပြေးတပိုင်းခြေလှမ်းများဖြင့်လှမ်းလာနေသည်။ ထိုနေရာသို့ နောက်ကျစွာ ကျွန်တော်ရောက်လာခဲ့ေ