Posts

Showing posts with the label ESSAY

သိပ်ချစ်ရသောစာကလေးမလေးသို့......

Image
ကျွန်တော့ဘ၀ရဲ့ နူးညံ့သိမ်မွေ့မှု ၊ မျှော်လင့်ချက်၊ပြီးတော့ချစ်ခြင်းမေတ္တာ....... အားလုံးတပြိုင်နက်တည်း ထွန်းကားလာချိန်ရှိ လာလိမ့် မယ်လို့ ကျွန်တော်တစ်ခါမှ မတွေးခဲ့မိဘူး။ အချိန်တိုတို လေးအတွင်းမှာ သံယောဇဉ်ကြီးမားခဲ့ ကြတဲ့ ကျွန်တော်တို့ နှစ်ယောက် ကျွန်တော့်ဘ၀မှာ လုံးဝမျှော်လင့်မထားတဲ့ ဖြစ်ရပ်တစ်ခုပေါ........ ကျွန်တော်တို့နှစ်ယောက်ရဲ့ သံယောဇဉ်ဟာ မိုးတွေရွာနေတဲ့ ဖေဖော်ဝါရီရဲ့ အေးမြတဲ့ ရာသီတစ်ခုအောက်မှာ စတင်ခဲ့တယ် လေ။ တနည်းပြောရရင် မိုးတွေရွာတဲ့ ဆောင်းလေးပေါ့။နောက်သိပ်မကြာခင်မှာပဲ ကျွန်တော်တို့ နှစ်ယောက်က တစ်ယောက် ဘ၀ထဲကို တစ်ယောက် အပြီးတိုင် ၀င်ရောက်ခဲ့ကြတယ်။ အဲဒီ့ ကျွန်တော့်ချစ်သူလေးကို ကျွန်တော်က စာကလေးမလေးလို့ ကင်ပွန်းတပ်ပေးထားခဲ့တယ်။ တစ်နေ့တာရဲ့ ညနေခင်းအချိန်တွေနဲ့ အပတ်စဉ် စနေနေ့ရဲ့ မနက်ခင်းတွေမှာ ကျွန်တော်ဟာ ကျွန်တော့် စာကလေးမလေးနဲ့ အတူကော်ဖီသောက်ဖို့ တာဝန်ကျနေခဲ့တယ်။ နောက်.. ဖြိုးကြီးနဲ့ ဖြူဖြူကျော်သိန်းတို့ရဲ့ "အချစ်" ဆိုတဲ့ သီချင်းတစ်ပုဒ်ကို အတူတူ ဆိုငြီးဖို့... သူသွားချင်တဲ့ ခရီးတစ်ခုကို မဖြစ်မနေ စီစဉ်ပေးဖို့.... သွားရင်းလာရင်း ပြောရင်းဆိုရင်းနဲ့ သူ့ရဲ့ဓားထက်ထက် စကားလုံးေ...

ကျွန်တော့အကြောင်းပေါက်ကရ

Image
ဒီနေရာကနေ စဖတ်ပြီဆိုတာနဲ့ ခင်ဗျားဟာ စပ်စုတတ်သူတစ်ယောက်လို့ ကျွန်တော်က သတ်မှတ်ပြီးသား ဖြစ်သွားပြီ။ အဲဒီမှ တော့ မထူး ပါဘူး အဆုံးထိဆက်ဖတ်မယ်လို့ ခင်ဗျားတွေးပြီး ဆက်ဖတ်ချင်လဲဖတ်ပေါ့။ မဖတ်ချင်တော့လို့ ပိတ်ပစ်လိုက်လဲ ခင် ဗျား နဲနဲတော့ စပ်စု လိုက်တာပဲလေ။ အောက်ကဆက်ရေးမယ့် အကြောင်းက ဘာလဲဆိုတော့ ဘာမှန်းမသိတဲ့ ကောင်တစ်ကောင်လို့ သတ်မှတ်ထားတဲ့ ကျွန် တော့်အကြောင်း လေ။ ကျွန်တော်က ဗိုလ်ချုပ်အောင်ဆန်း တို့ ။ ပြင်သစ် သမ္မတ မီးတရောင်း တို့ မဟုတ်ဘူး ။ အဲ ဒါပေမဲ့ သူတို့လိုပဲ နာရီ မပတ်ဘူး ။ အိပ် ကပ်ထဲမှာ ပိုက်ဆံမရှိတာ ချင်းလဲ တူတယ်။ နောက်ဆိုင် တစ် ဆိုင်ဆိုင်မှာ စားပြီးသွားရင် ဘေးလူက ရှင်းပေးရတာလဲတူတယ်။ သိတယ်မ ဟုတ်လား။ ဟိုကတော့ ခေါင်းဆောင်ကြီးတွေမို့ ကျွန်တော် ကတော့ ပိုက်ဆံကို မကပ်လို့ ။ သြော်.. လမ်းတွေတောင်လွဲကုန်ပြီ ။ကျွန်တော် က သူတို့ လို ထင်ရှားသူမဟုတ်တော့ ကျွန်တော့် အကြောင်းကို သူတို့ လို သမိုင်းစာအုပ်တွေ နိုင်ငံတကာက စာစောင်တွေ မဂဇင်းတွေမှာ ကျယ်ကျယ်ပြန့်ပြန့် မြင်ရမှာ မဟုတ်ဘူး ဒီနေရာမှာ ဖတ်ခွင့် ရတဲ့ အတွက်တော့ ခင်ဗျားတော်တော် ကံကောင်းသွားပြီ။ ဒီလို...

ပျော်စရာရွှင်စရာဘလောဂ့်ကမ္ဘာ

Image
တစ်နေ့တွင် ကျွန်တော်မောင်ရက်ရာဇာသည် ကျွန်တော့်၏ စိတ်ထွက်ပေါက် အိမ်တွင် အေးဆေးစွာအနားယူနေခိုက် Republic ဆိုသော လူတစ်ယောက် အိမ်ပေါ်သို့ တက်လာလေ၏။ထိုအခါ ကျွန်ုပ်က ကျွန်တော်။ ၊ဟာ ဟေ့လူလာဗျာ။ ဘယ်က လှည့်လာတာတုန်း Republic ၊ ၊ခင်ဗျားဆီလာတာ လာရတဲ့အကြောင်းအရင်း က .... ဆို၍ အတင်းပင် အပ်တစ်ချောင်းကို ထုတ်၍ ဆေးမင်ထိုးရန် ကြံစည်လေ၏။ကျွန်ုပ်မှာ မည်သို့မျှ ငြင်းဆန်ပါသော်လည်း မရသောကြောင့်ချော့မော့ ၍ မေသူပိုင်တို့ သူငယ်ချင်းသုံးယောက် ပေါင်း၍ ဖွင့်ထားသော လက်ဖက်ရည်ဆိုင် ဖက်သို့ ဆင်းပြေးရလေ၏။ လက်ဖက်ရည်ဆိုင်သို့ ရောက်သော် ကျွန်တော် ၊ ၊ ညီငယ်တီးရေ ပေါ့စိမ့်တစ်ခွက်... ဟုမှာပြီးနောက် ကျွန်တော် အမောဖြေနေစဉ်တွင် အဖျော်စရာလည်းလုပ် စားပွဲထိုးလဲ ဖြစ်သော အသက် ၂၀ အရွယ်ရှိ Tea တစ်ယောက် က ကျွန်ုပ်အားလက်ဖက်ရည် လာပို့ ပေးလေ၏။ Tea ၊ ၊လ္ဘက်ရည်လာပို့သွားတယ်.... ထို့နောက် အဖျော်ဆရာ Tea နှင့် Opposite Eye တို့ ၏ စကားစစ်ထိုးပွဲကို ဘေးမှ မသိမသာ နားစွင့်၍ နေစဉ်တွင် "ဟော့ဒီက အေးကြည်မ ကြွပ်ကြွပ်ကြော် စားကြအုံးမလား တစ်ရာဖိုး ၃ခု" ဟူသောအသံကို ကြားလိုက်ရလေ၏။ ထိုအခါမှာ မနက်စာမစားရသေး...

ဘာဖြစ်သလဲနာဂစ်ရယ်

အဲဒီနေ့ကပေါ့ ည ၉နာရီလောက်အိပ်ယာထဲဝင်ဖြစ်တယ်လေ။ တလောကလုံးအမှောင်ကျနေတယ်။အိပ်ပျော်သွားလိုက်တာ ဟဲ့အောင်မျိုးဟန် ထထ ဆိုတော့ မှသတိထားမိလိုက်တာ တ၀ုန်းဝုန်း တဒိုင်းဒိုင်းနဲ့ ရွာနေတဲ့ မိုးတွေ မဟုတ်ဘူး တိုက်နေတဲ့လေ တွေ လေတိုက်ချက်က ရက်ရက်စက်စက်ပါလား ဟရို့။တညလုံးမအိပ်ပဲနဲ့ နေရင်းနဲ့ ထိုင်ကြည့်နေလိုက်တာ အလားလား လေထဲ မှာ သွပ်တွေသွပ်တွေ ၀ဲပျံနေလိုက်တာ ဆလောင်းဗန်းတွေရော နောက်တော့ အချိန်ဘယ်လောက်ရှိပြီလဲ သွားကြည့်လိုက်တော့ ၂ နာရီထိုးပြီးပြီ အဲဒါနဲ့ အိမ်ရှေ့ထွက်ထိုင်နေလိုက်တယ် အိပ်လို့လဲ မရတော့ဘူးလေ အဲဒီအချိန်မှာ ၀ုန်းဆိုတဲ့ အသံကြီးက နီးနီးလေးကြားလိုက်ရတော့ ကြည့်လိုက်တယ် ကျွန်တော့အိမ်ဘေးနားက သူငယ်ချင်းတယောက်အိမ်က သွပ်တွေ လန်တက် နေတာ တွေ့လိုက်ရတယ်။နောက် ဘေးအိမ်က ဆလောင်းဗန်းကြီးပြုတ်ကျ အိမ်ရှေ့က သစ်ပင်တွေ တ၀ုန်းဝုန်းလဲ ကုန်ပြီ အနှစ်နှစ်အလလက ရှေ့လူကြီးတွေ စိုက်ထားပျိုးထားတဲ့ အပင်ကြီးတွေ နှစ်ကာလများစွာ အရိပ်ပေးခဲ့တဲ့အပင်ကြီးတွေမရှိတော့ဘူး .. နောက်ဆိုပူလိုက်မယ့်နေလို့စဉ်းစားမိတယ်။ မနက်၅နာရီလောက်ရောက်တော့ ကဲလိုက်တဲ့အောင်မျိုးဟန် အပြင်ရောက်နေပြီ လမ်းလျှောက်တာ လေကတွန်းပို့နေသလိုပဲ နဲနဲ လျှောက်ပြီးရပ်နေလိုက် ဆ...

တသက်မခွဲ ရွှေလက်တွဲလိုသူများအတွက်

Image
ခုကျွန်တော်ရေးမယ့်အကြောင်းအရာတွေက လူပျို လူလွတ်တွေတော့ စိတ်ဝင်စားမယ် မထင်ဘူးဗျ။ အိမ်ထောင်ကျ ပြီးကာစ လူငယ် တွေနဲ့ အိမ်ထောင်သည် တွေပဲ စိတ်ဝင်စားကြမယ် ထင်ပါတယ်။ နောက် ဒီအကြောငိးအရာတွေကို ကျွန်တော်လဲ မကျွမ်း ကျင်ပါဘူး ကျွမ်းကျင် အောင် လေ့လာထားတဲ့ နိုင်ငံတကာ ပညာရှင်တွေ ရဲ့ဆောင်းပါး ပေါင်းချုပ် အနေနဲ့ ဆရာဝန်တင်ရွှေ ရေးထားတဲ့ စာအုပ်ကနေကူးယူဖော်ပြပါတယ်။ ×××××××××××××××××××××××××××××××××××××××××××××××××××××××××××××××××××× အချိုအိမ်ထောင်များသည် နှစ်ပေါင်း ၂၀၊၄၀၊၆၀ တိုင်အောင် ပြဿနာမပေါ်ပဲ လက်တွဲနိုင်ကြသည်။ အချို့ကြတော့ ပေါင်းလို့ မှနှစ်မရသေးမီ မှာပင်ကွဲချင် နေကြပြီ။ ချစ်လို့တသက်လုံးပေါင်းပါမည် လို့ အများရှေ့မှာ ကတိပြုလက်ထပ် ပြီးမှ တချို့ ဘာ ကြောင့်  ပြန်ကွဲနေကြပါလိမ့်။ စိတ်ပညာပါရဂူတဦး၏ အဖြေက- ကိုတင်မောင်နှင့် မလှလှစိန် တို့သည် ငယ်သူငယ်ချင်းများ ဖြစ်ကြသည်။ တက္ကသိုလ် သက်တမ်းတလျှောက်လုံး မောင်နှမနှင့် မခြားတစ်ဦးအပေါ်တစ်ဦးစောင့်ရှောက်ခဲ့ကြသည် ။ စာမေးပွဲတွေပြီးတော့ အိမ်ထောင်ကျသည်။ အိမ်ထောင်သက် ၄ နှစ် ပြည့် ကျော် လာသောအခါ တစ်ဦးအပေါ်တစ်ဦး မကြည့်ချင်လောက်အောင်ဒေါသတွေနှင့် ဖြစ်နေကြလေပြီ။ ထို့ကြောင့်အိမ်ေ...