Posts

Showing posts from January 18, 2008

တောင်မရောက်မြောက်မရောက်

လွမ်းစမ်းလွမ်းစမ်း ဟေ့ကောင် ဟိုအရင်ကလို လွမ်းစမ်း ခုမှ စိတ်နာသလိုလို မုန်းတီးသလိုလို မလုပ်နဲ့ အရင်ကတော့ `ပစ်ခွာသွားရင်တောင် မေတ္တာထားပါ့မယ်´ ဆို အေးလေ ငါကချစ်တာမှားတာကိုး ချစ်လွန်းရင် ရူးရတတ်တယ် အေးရူးပြီးရင်တော့ မင်း........ နေဦး မင်းဘ၀အတွက် ဘာလုပ်ပြီးပြီလဲ မင်းအမေစိတ်ချမ်းသာအောင် ဘယ်နှခါနေပြီးပြီလဲ မင်းအဖေ မျှော်လင့်တာတွေ ဖြစ်အောင်လုပ်ပြီးပြီလား အေး အဲဒီထဲက တခုလောက် ပြီးရင်တော့ မင်း လူ့ဘ၀မှာနေရတာ တန်ပြီ

အမူးသမားရဲ့ အရူးကဗျာ

ငါ့အလွမ်းတွေမှာ ညတွေတောင်ဖြစ်လို့ပါလား ရင်ထဲက တောအုပ်တွေတောင် မျိုးတုန်းလုနီးနီးဖြစ်ခဲ့ရပြီ မိုးခေါင်နေပြီပေါ့လေ အော် အချစ်သစ်တွေ့တယ်တဲ့လား ငါကတော့ အော်ဟစ်ရယ်မောလို့မင်းရှေ့တော်မှောက်က ပြေးထွက်လာခဲ့တယ် မျက်ရယ်တွေ နဲ့လေ ၀မ်းသာလွန်းလို့ကြတာပါကွယ် ဘာပဲဖြစ်ဖြစ်ပေါ့ ဘယ်ဘ၀မှာမှာ မင်းနဲ့ပြန်မဆုံပါရစေနဲ့လို့ ဘုရားသခင်ဆီမှာ အားရပါးရ ဆုတွေတောင်တောင်းခဲ့သေးရဲ့ အရင်ကပြောခဲ့သလို ငါကချစ်တာမှားတာကိုး ထားပါလေ သူများကိုသွားပြောတော့လဲ အတင်းဖြစ်နေဦးမယ် ကိုယ့်ကိုကိုယ်ပဲပြောတော့မယ် ဟေ့ကောင် ဒီမှာ `မင်းကိုက သောက်သုံးမကျတာကွ´